Jul 29, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဆေးတက္ကသိုလ်-မန္တလေး၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီး အတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့်် ဆေးကုသမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆွေးနွေးမှာကြားသည်။
Jul 29, 2022
(၂၃)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံ + ၃ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက် အစည်းအဝေးကို ဇူလိုင် ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် မလေးရှားနိုင်ငံ ကူချင်မြို့၌ ကျင်းပသည်။
Jul 29, 2022
၁။ မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်း မရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဝင်ရောက်မှုအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေး စခန်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ ဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Jul 29, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jul 29, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ လူထုအခြေပြုဗဟိုဌာန (Community Center)သို့ ရောက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Jul 29, 2022
မြေဩဇာကော်မတီ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 29, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာ မျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၈)ကို ယနေ့မွန်းလွဲပိုင်းက “အဆင့်မြင့်အရာရှိကြီး များ၏ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ စီမံခန့်ခွဲမှု သင်တန်းများမှ လေ့လာသိရှိမှုများ” ခေါင်းစဉ် ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမတွင် ကျင်းပသည်။
Jul 29, 2022
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဘက်စုံထူးချွန် ဆုရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်း တိုင်း/စစ်ဌာနချုပ်တို့၌ ကျင်းပ ကြရာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jul 29, 2022
ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် မရှိမဖြစ် လိုအပ်သောအချက်မှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ အထူးသဖြင့် မြို့ပြများ၌ လူမှုဘဝနေထိုင်မှုနှင့် လုပ်ငန်းကိုင်ငန်းအကျိုးစီးပွားများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အရေးကြီးရာ ယင်းကိုနိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုးဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
Jul 29, 2022
မြန်မာနိုင်ငံသည် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းများကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည့် အလျောက် ဒီရေတောပိုင်ဆိုင်မှု အနေဖြင့်လည်း ကမ္ဘာ့အဆင့်တွင် သတ္တမ၊ အာရှအဆင့်တွင် တတိယ အများဆုံးနိုင်ငံ ဖြစ်သည်။ ဒီရေတောများသည် အဖိုးတန်သဘာဝ သယံဇာတများ ဖြစ်သည်ကို သတိမပြုမိသူများက အများစုဖြစ်ရာ မိမိတို့နိုင်ငံတွင် ပိုင်ဆိုင်ထားသည့် ဒီရေတောများကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပျက်စီးဆုံးရှုံးသွားသည့် ဒီရေတောများကို ပြန်လည် စိုက်ပျိုးပြုစုပျိုးထောင် ခြင်းများအား အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။