Skip to main content

ကသာခရိုင် မိုးစပါး ကာလတူ ၆ ရာခိုင်နှုန်းကျော် ပိုမိုစိုက်ပျိုးနိုင်

ကသာခရိုင်တွင် ၂၀၂၂-ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၁၇၃၆၀၈) ဧကရှိပြီး ဇူလိုင်လ (၁၄) ရက်နေ့ထိ မြေပြင်စိုက်ပျိုးပြီးစီးမှု (၂၇၃၁၀)ဧကရှိသည့်အတွက် ခရိုင်လျာထားချက်အပေါ် (၁၆)ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးကြောင်းနှင့် ယခင်နှစ်ကာလတူတွင် (၇)ရာခိုင်နှုန်းကျော် ရှိသည့် အတွက်ယခုနှစ် ကာလတူအချိန်တွင် (၆)ရာခိုင်နှုန်းကျော်ထိ ပိုမိုစိုက်ပျိုးပြီးစီးကြောင်း သိရပါသည်။

၂၀၂၂-ခုနှစ် မေလမှစပြီး မိုးရွာသွန်းမှုများသောကြောင့် လယ်မြေများစိုက်ပျိုးရေ အလုံအလောက်ရသည့်အတွက် တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည် ကိုတွေ့ရသည်။ ယခုအတိုင်း အရှိန်အဟုန်မပြတ် စိုက်ပျိုးနိုင်ပါက ဩဂုတ်လဒုတိယပတ်ခန့်တွင် ထွန်တုံးပိတ်နိုင်ကြောင်း တောင်သူများထံမှ သိရသည်။

ကသာခရိုင်တွင်း မြို့နယ်များ၏ ၂၀၂၂-ခုနှစ် မိုးစပါးလျာထားဧကအပေါ် စိုက်ပျိုးပြီးစီးမှုအနေဖြင့် ကသာမြို့နယ် လျာထား (၃၈၅၀၀)ဧကတွင် စိုက်ပြီး (၆၃၄၉)ဧက၊ ထီးချိုင့်မြို့နယ် လျာထား (၄၀၂၇၁)ဧကတွင် စိုက်ပြီး(၇၂၃၀)ဧက၊ အင်းတော်မြို့နယ် လျာထား(၅၅၉၈၀)ဧကတွင် စိုက်ပြီး (၇၆၃၅)ဧကနှင့် ဗန်းမောက်မြို့နယ် လျာထား(၃၈၈၅၇)ဧကတွင် စိုက်ပြီး (၆၀၉၆)ဧကဖြစ်ကြောင်း ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရပါသည်။

DOCA(စစ်ကိုင်း)