ဧရာ၀တီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ တောင်သူများစိုက်ပျိုးချိန် အခက်အခဲမရှိစိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သောစိုက်ပျိုးစရိတ် သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၆)ရက်နေ့မှ စတင်ထုတ်ချေးပေးလျှက် ရှိရာ စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို (၁) ဧကလျှင် ကျပ်(၁၅၀၀၀၀)နှုန်းဖြင့် (၁)ဧကမှ (၁၀)ဧကအထိ အများဆုံး ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင်လ(၁၁)ရက်နေ့အထိ ဧရာ၀တီတိုင်းဒေသကြီးအတွင်း (၂၆)မြို့နယ်မှ တောင်သူ(၅၂၄၅၉)ဦး စိုက်ဧက (၃၅၆၆၁၉) ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် (၅၃၄၉၂.၈၅) ကျပ်သန်း ထုတ်ချေးပေးပြီး ကျန်ချေးငွေများကိုလည်း ဆက်လက်ထုတ်ချေးပေး သွားမှာဖြစ်ကြောင်း အဆိုပါဘဏ်မှသိရသည်။
DOCA(ဧရာဝတီ)