Skip to main content

ရာသီစာ မျှစ်ပေါင်းရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ

တမူးမြို့မှထွက်ရှိသည့် တမူးမျှစ်ပေါင်းသည် လူကြိုက်များပြီး ခရီးသွားပြည်သူများ ဝယ် ယူ စားသုံးလျက်ရှိပြီး နာမည်အလွန်ရသော ရာသီစာ မျှစ်ပေါင်းတစ်မျိုးဖြစ်ပါသည်။ ကုန်ကြမ်း အနေဖြင့် အိန္ဒိယနိုင်ငံ၊ မွလ်ဆန်ရွာမှထွက်ရှိသော ဝါးပါးမျှစ်ကို ဝယ်ယူရပါသည်။ မျှစ်စိမ်းတစ် ချောင်းဝယ်ယူဈေးအနေဖြင့် တစ်ချောင်းလျင် (၂၀၀)ကျပ်ဖြင့် ဝယ်ယူရပါသည်။

တမူးမျှစ်ပေါင်း ပြုလုပ်မည်ဆိုပါက မျှစ်စိမ်းများကို အရင်းဖယ်၍ အခေါင်းထွင်းကာ အရင် ပြုတ်ပြီးနောက် ဆား၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပုဇွန်ခြောက်နှင့် ငါးပိ၊ ငရုတ်ကြမ်းမှုန့် များများကို သင့်တင့်ရုံမျှ ထည့်ပြီး ပေါင်းကြရပါသည်။ ရရှိလာသည့် မျှစ်ပေါင်း(၁) ချောင်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချရပါသည်။

တမူးမျှစ်ပေါင်းသည် ဇူလိုင်လမှစတင်၍ အောက်တိုဘာလအထိ ရာသီစာ အစားအစာ တစ်မျိုးဖြစ်ပြီး၊ ကလေး၊ တမူးနယ်တစ်ဝိုက်တွင် ဘုက္ကန်မျှစ်ပေါင်းဟာ နာမည်ကျော်ကြားလျက် ရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေးဝမြို့နှင့် ကလေးမြို့များသို့  ဖြန့်ဖြူးရောင်းချလျက်ရှိပါ သည်။ တမူးမြို့သို့သွားလာကြသော ခရီးသွားများအနေဖြင့် ဒေသထွက်အစားအစာအဖြစ် အမြတ်တနိုး ဝယ်ယူစားသောက်လျှက်ရှိကြပြီး ယခုအချိန်တွင် မျှစ်ထွက်ပေါ်ချိန်ဖြစ်၍ ဒေသခံ ရောင်းချသူများအနေဖြင့် ပုံမှန်ဝင်ငွေရရှိသော ရာသီစာတစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)