Skip to main content

Jul 31, 2022

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက် အကြမ်းဖက်သတ်ဖြတ်မှု အန္တရာယ်မှ တိမ်းရှောင်လာကြသူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက် အကြမ်းဖက်သတ်ဖြတ်မှုအန္တရာယ်မှ တိမ်းရှောင်လာကြသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2022

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီး သီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2022

ဘဏ်များသို့ AML/CFT ဆိုင်ရာ Onsite ကြီးကြပ်စစ်ဆေးရာမှ တွေ့ရှိရသည့် အားနည်းချက် များ၊ Feedback Meeting နှင့် လူအများအပြား သေကျေစေသော လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး(WMD)ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန် ဘဏ်ခွဲ)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2022

၂၀၁၉ - ၂၀၂၀ နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ စစ်မှုထမ်းဟောင်း မိသားစု ဝင် သား/ သမီး ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2022

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်အတွင်း ကုမ္ပဏီ လေးခု၊ ယာဉ်စီးရေ ခြောက်စီးဖြင့် နှာခေါင်းစည်း(Mask) ၄၂ ဒသမ ၁၃ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2022

ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းလာအောင် ပြည်သူများက ပါဝင်ဖော်ဆောင်ကြရမည်ဖြစ်သည်။ အင်အားနည်းပါးချို့တဲ့နေသောအခါ၌ အခြားတစ်ပါး၏အကူအညီကိုယူအပ်ပြီး အတိုင်းအတာတစ်ခုတွင် မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးကြရမည် ဖြစ်သည်။ မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးရာ၌ စည်းလုံးညီညွတ်မှုသည် မရှိမဖြစ်လိုအပ်ပြီး စည်းလုံးညီညွတ်မှုမရှိပါက မိမိတို့ကံကြမ္မာကို မည်သည့်အခါမျှ ဖန်တီး၍ရမည်မဟုတ်ဘဲ အကွဲကွဲအပြဲပြဲဖြင့် အဆိုးသံသရာတွင် လည်နေရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်