Sep 10, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Ulan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ နျူကလီးယား ဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာဌာနနှင့် ရထားစက်ခေါင်း ပြင်ဆင်ရေးအလုပ်ရုံတို့သို့ သွားရောက်ကြည့်ရှု လေ့လာသည်။
Sep 10, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် ခေတ္တတည်းခိုလျက်ရှိသည့် Ulan-Ude မြို့၊ Mergen Bator ဟိုတယ် Tengeri ညီလာခံခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Sep 10, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 10, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
Sep 10, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များအား ယနေ့ နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)၌ တွေ့ဆုံသည်။
Sep 10, 2022
မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းပြုစုရေးဦးစီးကော်မတီ၊ အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ ပူးပေါင်းအစည်းအဝေး (၃၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာလ္လာဝတီလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ကျင်းပသည်။
Sep 10, 2022
လူထုအခြေပြုဗဟိုဌာန (Community Centre) ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက် အကွက်အမှတ်(၁)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Sep 10, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းနှင့် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းတို့ထံ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။
Sep 10, 2022
ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ၊ လက်လီလက္ကား အခွန်လွတ်ဈေးကို စက်တင်ဘာလ (၁၀)ရက် စနေနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်၊ မြို့မဈေးတွင် ဖွင့်လှစ်ထားပြီးဖြစ်ရာ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အသားနှင့် ကြက်ဥ အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ အရောင်းဆိုင်ခန်းများ၊ အိမ်နောက်ဖေး ဈေးဆိုင်တည်လိုသူများအတွက် မျိုးစေ့ပျိုးပင် အရောင်းဆိုင်များတွင် ဝယ်ယူကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရှိရသည်။
Sep 10, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ဈေးကွက်မြှင့်တင်ရေးတွက် နိုင်ငံတကာနှင့် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပါဝင်၍ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ခရီးစဉ်ဒေသများကို မြှင့်တင်ကြော်ငြာခြင်းလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပသော (၁၆)ကြိမ်မြောက် ဟိုချီမင်း နိုင်ငံတကာ ခရီးသွားပြပွဲနှင့် အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်သည်။