Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတဟောင်း H.E. Mr. Mikhail Gorbachev ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

ရန်ကုန်    စက်တင်ဘာ   

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတဟောင်း H.E. Mr. Mikhail Gor-bachev သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်ခဲ့သည့်အတွက်   နိုင်ငံခြားရေးဝန်ကြီးဌာန   မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဖြိုးဝင်းသည်  ယနေ့နံနက် ၁၁  နာရီတွင်  ရန်ကုန်မြို့  ဒဂုံမြို့နယ်  အမှတ် (၃၈) စကားဝါလမ်းရှိ  မြန်မာနိုင်ငံဆိုင်ရာ  ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံး၌   ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ လက်မှတ် ရေးထိုးသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏   သမ္မတဟောင်း     H.E. Mr. Mikhail Gorbachev သည် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ  ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ပထမဦးဆုံးသမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ယခုကွယ်လွန် ချိန်တွင် အသက် ၉၂  နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်