နေပြည်တော် ဖေဖော်ဝါရီ ၁၅
ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဝါဆိုဦးကျောင်းတိုက်နှင့် မြဝတီမြို့နယ်ရှိ ကိုးနဝင်းကျောင်း ဇောတိရတနာ စာသင်တိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ လေးကျွန်းမြေအုဋ် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ သာသနာ့ဝေပုလ္လ ကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရှိအောင်မြေဘုံစံကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်