Skip to main content

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ်စက်ချို့ယွင်း၍ ပျက်ကျမှုဖြစ်ပွား

နေပြည်တော် ဖော်ဖော်ဝါရီ ၁၆

တပ်မတော် (လေ)တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းလျက် ရှိသည့် တိုက်ခိုက်ရေး လေယာဉ် ၁ စီးသည် ယနေ့နံနက်ပိုင်းတွင် လေ့ကျင့်ရေးဧရိယာ၌ လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် လေ့ကျင့်ရေးဧရိယာ၌ ပုံမှန်လေ့ကျင့်ပျံသန်းမှုများ ဆောင်ရွက်စဉ် ယနေ့နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် ဆက်သွယ်မှုပြတ်တောက်ခဲ့ သဖြင့် တပ်မတော်(လေ)မှ လေယာဉ်၁စီးဖြင့်လိုက်လံရှာဖွေခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတော ကျေးရွာ၏ အရှေ့ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း၌ စက်ချို့ယွင်းကာပျက်ကျခဲ့သည့် အဆိုပါ လေယာဉ်ကိုတွေ့ရှိခဲ့ပြီး လေယာဉ်မှူးဖြစ်သူ ဗိုလ်ကြီး ဟိန်းထက်အောင်မှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလေယာဉ်ပျက်ကျမှုဖြစ်ပွားသည့်နေရာသို့သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။