Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာနက မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကိုဗစ်-၁၉ စင်တာများသို့ ထောက်ပံ့လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီး‌ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ပဲ အမယ်ငါးမျိုးအား ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းခြင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားပြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်း များသည် မိုင်းပန်မြို့နယ်၊ နောင်လုံကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ပဲ အမယ်ငါးမျိုးကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

သတင်းစဉ်