Skip to main content
Aug 31, 2020
အပင်ဗီဇမျိုးစုံမျိုးကွဲများ အရေးပါပုံ ကျွန်ုပ်တို့နေ့စဉ် အသက်ရှင်နေထိုင်နိုင်ရေးအတွက် အပင်မျိုးစိတ်ပေါင်း ၈၀၀၀၀ ခန့်ကို နည်းမျိုးစုံဖြင့် ယနေ့ကမ္ဘာမှာ လူသားတို့ နေ့စဉ်သုံးစွဲနေကြ သည်။(အစားအစာ၊ အမျှင်ထွက် ပစ္စည်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဆေးဝါးများ) ၎င်းတို့ထဲတွင် စားသုံးနိုင်သည့် မျိုးစိတ် ပေါင်း ၁၀၀၀၀ ခန့် ရှိပါသည်။ ဤကဲ့သို့မတူကွဲပြားသော အဖိုးတန် အပင်မျိုးဗီဇ အရင်းအမြစ် များ သည် ယခုစိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသော ကျွန်ုပ်တို့ ကမ္ဘာကြီးအတွက် စားနပ်ရိက္ခာ လုံလောက်မှုရရှိစေရန်အခြေခံပင်ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ တိုးတက်လာသည်မှာ ၂၀၅၀ ပြည့်နှစ်တွင် သန်းထောင်ပေါင်း (၉ ဒသမ ၂) အထိ တိုးတက်လာမည်ဟု ခန့်မှန်းထား သည့်အတွက် တိုးတက်လာသော လူဦးရေအားလုံး အာဟာရဖြည့်ပေးနိုင်ရန်မှာ ကျွန်ုပ်တို့သည် လယ်ယာ စိုက်ပျိုးထုတ်လုပ်မှုကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်ပေးရမည် ဖြစ်ပါသည်။ ယခုအခါ ယင်းအပင်ဗီဇအရင်းအမြစ်များအား လျော့နည်းပပျောက်စေရန် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ရေမြေအရင်းအမြစ်များ ဆုတ်ယုတ်လာမှု၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာမှု စသည်တို့က ခြိမ်းခြောက်လျက်ရှိပါသည်။
Aug 31, 2020
ယမန်နေ့မှအဆက် မင်းသားကြီးမြင့်စိုး ။ ။ မေရီမြနဲ့တွဲရမယ်ဆိုတော့ ဆရာဦးချစ်ဖေက စရိုက် ရိုက်ချင်း ကျွန်တော့်ကို Love Scene အရင်ရိုက်တာ။ ကြည်စိုးထွန်း ။ ။ ဪ ဒီကောင်လေးတော့ လုပ်တတ်မှာပဲ ဆိုပြီးတော့ ။
Aug 30, 2020
ဒီတစ်ပတ် စကားဝိုင်းမှာပြောမယ့် မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချော လူလှမင်းသားတွေထဲက ကံအားလျော်စွာ ကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို မင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန် နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံး ရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာ ဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။
Aug 30, 2020
နှစ်ပေါင်းတစ်ရာကျော်အတွင်း တစ်ကြိမ် တစ်ခါမျှ ပြန်လည်တူးဖော်ခဲ့ခြင်း မရှိသဖြင့် ချိန်းချောင်း (မုက္ခမူချောင်း) တစ်လျှောက်တွင် ရေလမ်းကြောင်းများ ပြောင်းလဲလာခဲ့သည်။ ချောင်း၏ ရေစီးလမ်း ကြောင်းသည်လည်း ကျဉ်းမြောင်းလာပြီး ချောင်းပေါင်မှ ရေလျှံကာ ချောင်းရိုး တစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများ ရေလွှမ်းပျက်စီးမှုများ ကြုံတွေ့လာရသည်။
Aug 29, 2020
နိုင်ငံအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒီမိုကရေစီစနစ် တိုးတက်ထွန်းကားလာစေရန် ဆောင်ရွက်ဖို့ဆိုသည်မှာ လွယ်ကူလှသည့်အလုပ်မဟုတ်ပါ။ ပြုပြင်ပြောင်းလဲမှု များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်မှသာ မိမိတို့သွားလိုသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ် ပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်း များသာမက ပြည်သူအားလုံး ကိုယ်စီကိုယ်စီ အသိစိတ်ဓာတ် ပြည့်ဝစွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်လှပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product-GDP) မြင့်မားလာစေရေး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အခွန်အကောက် ကောက်ခံရရှိငွေ မြင့်မားတိုးတက်လာစေရေး ဆောင်ရွက်ရန်မှာ လည်း အရေးကြီးပါသည်။
Aug 28, 2020
ကိုဗစ် -၁၉ ဟု အမည်သညာတပ်ခဲ့ကြသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကမ္ဘာတစ်လွှားက နိုင်ငံသူ နိုင်ငံသားများ ရင်ဆိုင်နေကြရသည်။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှင့်အတူ သတင်း အမှား၊ သတင်းအတု၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများသည်လည်း တစ်ဟုန်ထိုးပျံ့နှံ့လျက်ရှိသည်။
Aug 28, 2020
အဋ္ဌမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာများကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်တို့က ညီလာခံအဖွင့် အမှာစကားများ ပြောကြားခဲ့သည်။
Aug 27, 2020
လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်း ၉၂၈ လမ်း စုစုပေါင်းလမ်းမိုင်အရှည် ၂၆၂၀၈ မိုင်အား နှစ်စဉ်ရရှိသည့် ရန်ပုံငွေများ ဖြင့် လမ်းအဆင့် မြှင့်တင်ခြင်း၊ လမ်းဖောက် လုပ်ခြင်းလုပ်ငန်းများကို လမ်းဦးစီး ဌာနအနေ ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
Aug 27, 2020
မော်လမြိုင်မြို့မှ သတင်းစာများ ဗြိတိသျှတို့ စိုးမိုးမှုအောက်တွင် မော်လမြိုင်၌ အခြေချလာသော စက်မှုလုပ်ငန်းများထဲတွင် စာပုံနှိပ်စက် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ စာပုံ နှိပ်စက်ကို ၁၃ဝ ပြည့်နှစ်ခန့်တွင် ခရစ်ယာန်သာသနာပြု များက စတင်တည်ထောင်ခဲ့ကြသည်။ ခရစ်ယာန် သာသနာပြုရေးအတွက် ခရစ်ယာန်ကျမ်းစာများကို ပုံနှိပ် ထုတ်ဝေနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ အမေရိကန် သာသနာပြုဆရာကြီး Rev. C.Bennett ယူဆောင်လာကာ စတင်တည်ထောင်ခဲ့သော Free School Press မှာ ပထမဦးဆုံးသော စာပုံနှိပ်စက် ဖြစ်မည် ဟု ယူဆရသည်။ ဘင်းနက်သည် အစိုးရအခမဲ့ကျောင်းတွင် ကျောင်းအုပ်အဖြစ် လုပ်ကိုင်ရင်း ကျောင်းအုပ် အလုပ်နှင့်အတူ သာသနာပြု အလုပ်၊ ပုံနှိပ်စက် အလုပ်တို့ကို ပူးတွဲလုပ်ကိုင်ခဲ့သည်။ ဘင်းနက်၏စက်သည် သစ်သားလက်ကိုင် လက်လှည့် ပုံနှိပ်စက်များသာဖြစ်သည်။ ၁၈၃၂ ခုနှစ်တွင် အမေရိကန်မှ မစ္စတာဘော်လီ တီး ကတ္တားက ပုံနှိပ်စက်တစ်လုံးနှင့်အတူ ရောက်ရှိလာခဲ့ ပြန်သည်။ မစ္စတာကတ္တားယူ ဆောင်လာခဲ့သော ပုံနှိပ် စက်မှာ အမေရိကန် ခရစ်ယာန်အဖွဲ့က သာသနာပြု လုပ်ငန်းအတွက် လက်ဆောင် ပေးလိုက်သော စက်ဖြစ်ပြီး သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော Power Machine ဖြစ်သည်။
Aug 26, 2020
ဧရာ၀တီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့သည် ပုသိမ်ခရိုင်အတွင်းတည်ရှိပြီး ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ ရုံးစိုက်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ များသွားလာရေး၊ နေထိုင်ရေး အဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း၊ ပုသိမ်မြို့၏ တိုးတက်လာမှု မြန်ဆန်လာသည်နှင့် ပုသိမ်မြစ်၏အနောက်ဘက်ခြမ်းတွင် မြို့ပြအိမ်ရာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း ရည်ရွယ်ချက်များဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ က ပုသိမ်တံတားတည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။