Skip to main content
Aug 14, 2020
မြင်းခြံစိုက်ပျိုးရေးသုတေသနခြံမှ မြေဆီ၊ မြေသြဇာ တိုးတက်စေသော ပဲမျိုးရင်းဝင် မြေပြန့်ချယ်ရီကို စိုက်ကြောင်းများကြား မြေဖုံးအုပ်ပေးခြင်း သုတေသနလုပ်ငန်း လုပ်ကိုင်လျက်ရှိ မြင်းခြံ ဩဂုတ် ၁၄ ကျော်စွာ
Aug 14, 2020
အရေးပေါ်အခြေအနေများနှင့် ကြီးမားကျယ်ပြန့်သော သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာရ၏။ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ ထိခိုက်ပျက်စီးကြရ၏။ မှတ်တမ်းများအရ လွန်ခဲ့သည့်ဆယ်စုနှစ်က ကြီးမားသော သဘာဝဘေးကျရောက်မှု ၄၀၀၀ ကျော်ဖြစ်ပွားခဲ့ရာ လူဦးရေ ၁ ဒသမ ၁ သန်းကျော် အသက်ဆုံးရှုံးခဲ့ရ၏။ လူဦးရေသန်းပေါင်း ၂၂၀ ကျော်မှာလည်း နှစ်စဉ် ဘေးဒုက္ခနှင့် ကြုံတွေ့နေရ၏။ လူဦးရေ ၁ ဒသမ ၅ ဘီလီယံတို့သည် စစ်မက်ဖြစ်ပွားမှုများ၊ ကြီးမားကျယ်ပြန့်သော အကြမ်းဖက်မှုများကြောင့် ထိလွယ် ရှလွယ်သည့် နိုင်ငံများအတွင်း နေထိုင်လျက်ရှိကြသည်။
Aug 14, 2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ယနေ့ဆို လျှင် ၈၆ ရက်သာလိုပါတော့သည်။ နိုင်ငံရေးပါတီများက ပါတီစည်းရုံးရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင် ရွက်နေကြသည်။ နောက်မကြာမီ လွှတ်တော်ကိုယ်စားလှယ် လောင်းများ အတည်ပြုကြေညာပြီးနောက် မဲဆွယ်စည်းရုံး ရေးလုပ်ငန်းများ ဆောင်ရွက်ကြရပါမည်။ မဲဆန္ဒရှင်ပြည်သူ များကလည်း မိမိတို့နှစ်သက်ရာပါတီအနိုင်ရရှိရေး ရေးကြ ပြောကြ၊ ဟောပြောကြ စည်းရုံးကြပါမည်။
Aug 14, 2020
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများဖွံ့ဖြိုးလာမှု
Aug 12, 2020
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ (၁၂၈) ကြိမ်မြောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဥပဒေအထူးပြုဘာသာရပ်နဲ့ ကျွန်မအတွက် ဒုတိယမြောက်ဘွဲ့ကို ရယူခဲ့ပါတယ်။ အလှအပတွေ၊ ရာဇဝင်တွေနဲ့ ခမ်းနားကျော်ကြားလှတဲ့ ဒီတက္ကသိုလ်ကြီးကပေးတဲ့ဘွဲ့ကို လက်ဝယ်ပိုင်ပိုင်ရရှိတဲ့အတွက် အလွန်ကျေနပ်ပါတယ်။ ဒီဂုဏ်ရှိန်မြင့်တဲ့တက္ကသိုလ်ကြီးက ချီးမြှင့်တဲ့ဘွဲ့ကို အလွန်လိုချင်မိတဲ့ ကျွန်မရဲ့ဆန္ဒပြည့်ဝသွားပြီ ဖြစ်တဲ့အတွက်လည်း အလွန်ပျော်ရွှင်ပါတယ်။
Aug 11, 2020
၂၀၁၇ ခုနှစ် နိုဝင်ဘာလ၂၁ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် “ကမ္ဘာသိကျော်ကြားခဲ့သော မြန်မာ့ဂုဏ်ဆောင် အရိုးခွဲစိတ်ကုဆရာဝန်ကြီး” ဆောင်းပါးကို ဖတ်ရှုရ၍ စာရေးဆရာ တင်မောင်အေး(ကန့်ဘလူ)နှင့် ဆောင်းပါးကို ဖော်ပြပေးသော ကြေးမုံသတင်းစာ စာတည်း အဖွဲ့ တို့ကို ကျေးဇူးတင်ပါသည်။
Aug 10, 2020
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူငါးရာကျပ်တန် ပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်က ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ရုပ်ပုံပါငွေစက္ကူ တစ်ထောင်တန် ပုံစံသစ်ကိုလည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်က ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူထုတ်ဝေ သုံးစွဲမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
Aug 10, 2020
ယနေ့မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ခရီးရောက်ချိန်တွင် မြန်မာ့ရုပ်ရှင်ကား ရိုက်ကူးတင်ပြပုံနှင့် ဇာတ်ကား အရည်အသွေး၊ အဆင့်အတန်းတို့ ပြောင်းလဲတိုးတက် မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ခရီးအလွန်တွင် မြန်မာ့ရုပ်ရှင် လောကကြီးအနေဖြင့် များစွာ ကြိုးပမ်းကြရဦးမည် ဖြစ်သည်။
Aug 09, 2020
ဂွေးကုန်း-ဝက်ချုပ်-နတ်မောက် ကတ္တရာလမ်းပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် သွားလာသူများ စည်ကားနေသည်။ ဂွေးကုန်းရွာသည် နတ်မောက်မြို့၊ ရေနံချောင်းမြို့တို့နှင့် မဝေးသော်လည်း ယခင်က မြေသားလမ်းဖြစ်သည့်အတွက် ခရီးမတွင်ပေ။ မြေသားလမ်းသာ ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာနှင့် ဝက်ချုပ်ကျေးရွာ အနီးနားတစ်ဝိုက်ရှိ ကျေးလက်နေပြည်သူများသည် ဒေသလူမှုစီးပွားအတွက် အခက်အခဲများ ရှိခဲ့ကြသည်။
Aug 08, 2020
နိဒါန်း “ဆရာ” “ဗျာ” “ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ” “ရှေ့နေနှင့် အမိတက္ကသိုလ်ပါတဲ့” “ဘာကိုဆိုလိုပါသလဲဆရာ” “ကျွန်တော်တို့ခေတ်က အမိတက္ကသိုလ်အကြောင်း သတိတရရေးချင်တာပါဗျာ။ ပြီးတော့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရေးတဲ့ အမိတက္ကသိုလ်၏ရင်ခွင်မှာ စာအုပ်အကြောင်းလည်း ထပ်ဆင့်တင်ပြချင်လို့ပါ” “စိတ်ဝင်စားပါတယ်ဆရာ” “ ဒါဖြင့်……. ဖတ်ကြည့်ကြစို့- ”