ဒီအချိန်ကာလမှာ ဘာပဲဖြစ်ဖြစ် အိမ်မှာနေပေးခြင်းက ရောဂါကိုတိုက်ဖျက်ပေးရာ ရောက်တယ် ဆိုတာကို အဓိက Key Message အနေနဲ့ ဒီနေရာက ပေးချင်ပါတယ်(ဒေါက်တာသန်းနိုင်စိုး)
နေပြည်တော် ဇူလိုင် ၁၆
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကု သနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြားရက်များ ဖြစ်တဲ့ ဇူလိုင်လ ၂၀ ရက်နှင့် ၂၂ ရက်တို့ကို အများပြည်သူအလုပ် ပိတ်ရက်များအဖြစ် သတ်မှတ်ပြီး ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်နှင့်စပ်လျဉ်းပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ယခုလို ရှင်းလင်းပြောကြားခဲ့သည်။
“လူတစ်ဦးနဲ့ တစ်ဦး ကူးလူးဆက်ဆံမှုတွေကနေတစ်ဆင့် ကိုဗစ်၁၉ ရောဂါကအဆင့်ဆင့် ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့်လူတွေက ကိုယ့်အိမ်ထဲမှာ သီးခြားနေထိုင်ကြမယ်ဆိုရင် ရောဂါဖြစ်ပွားမှု ကွင်းဆက်တွေကို ဖြတ်တောက်နိုင်မယ်။ ရောဂါဖြစ်ပွားခဲ့မယ်ဆိုရင် လည်း ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဖြစ်ပွားတဲ့မိသားစုတစ်စုကို စနစ်တကျ ပြုစုစောင့် ရှောက် နိုင်မယ်။ ရောဂါဆက်တိုက်ကူးစက် ဖြစ်ပွားနေမှုကို ဦးချိုးနိုင်မယ်။ ဒါကအလွန်ထိရောက် တဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။
Stay at Home ကြေညာခြင်းဖြစ်
“နိုင်ငံတကာမှာလည်း ဒီလုပ်ငန်းစဉ်ကို လုပ်ကြပါတယ်။ Stay at Home တို့ Lockdown တို့စသဖြင့် လုပ်ကြပါတယ်၊ လူဆိုတာ လူမှုပတ်ဝန်းကျင် အသိုက်အဝန်းမှာ နေထိုင်ရပြီး စားဝတ်နေရေးနဲ့ လုပ်ငန်းကိစ္စတွေအတွက် အပြင်ထွက်ရတာတွေရှိတယ်။ ဒီလိုကိစ္စတွေ ရှိတဲ့အတွက် Lockdown လိုလုံးဝပိတ်ပင်ထားတာမျိုးကို ကြာကြာထားဖို့ ခက်ပါတယ်။ ကျွန်တော်တို့ အခုဆောင်ရွက်တာက stay at Home ဖြစ်ပါတယ်၊ တတိယလှိုင်းဖြစ်ပွားပြီး အရှိန်အဟုန် ရနေချိန်နဲ့ ဒီဘက်ကရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကလည်း ဒီရောဂါကိုအမြန်ဆုံးထိန်းချုပ်ပေး နိုင်မယ့်စေတနာနဲ့ ကြား ရက်၂ ရက်ကိုဆက်ပိတ်လိုက်တဲ့သဘောပါ။ ဒါကြောင့် အားလုံးရုံးပိတ်ရက် ၉ ရက် ရသွားပါတယ်။ အဲဒီ ၉ ရက်မှာ တတ်နိုင်သမျှ အိမ်မှာနေဖို့ stay at Home ကြေညာခြင်း ဖြစ်ပါတယ်။ Lockdown လုံးဝ မဟုတ်ပါဘူး။”
" ဒါဆိုရင် Stay at Home နဲ့ Lockdown ဘာကွာလဲလို့ မေးလို့ရပါတယ်။ Stay at Home နဲ့ Lockdown ကွာတာက နိုင်ငံတကာ မှာ Lockdown ကို လုပ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိပါတယ်။ ပထမလှိုင်းတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂူဟန်မြို့မှာ Lockdown လုပ်ခဲ့တာတွေ ရှိပါတယ်။ အဲဒီမှာ Lockdown အထဲမှာရှိတဲ့သူတွေ ဘယ်မှမထွက် နိုင်အောင် လုံခြုံရေးတွေနဲ့ လုပ်ခဲ့ပါတယ်။ အပြင်ထွက်ချင်ရင် စာရွက် စာတမ်းနဲ့တင်ပြပြီး အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့ အစည်းတွေရဲ့ ခွင့်ပြုချက်ရမှ လူနာတင်ယာဉ်နဲ့ ထွက်ရတာမျိုးဖြစ်ပါတယ်။ ။
“ဒါ့အပြင် အိမ်တွေကိုပိတ်ထားပြီး အစားအသောက်ဆိုရင် အပြင် ကနေ ထောက်ပံ့ပေးပါတယ်။ အထဲမှာနေတဲ့သူတွေက ကူညီထောက်ပံ့ ပေးတာမျိုးမရတဲ့အခါ အလွန်စိုးရိမ်စရာကောင်းတဲ့ အနေအထားမျိုး ဖြစ်လာတာပါ။ ဒီလောက်ပြင်းထန်တဲ့အနေအထားမျိုးကို လုပ်ခဲ့တဲ့ နိုင်ငံတွေလည်း လုပ်ခဲ့ပါတယ်။ ဒီ Lockdown ရဲ့ အားနည်းချက်က ကြာကြာမခံနိုင်ဘူး၊ ကြာကြာလုပ်ဖို့ခဲယဉ်းတယ်။ အဲဒီလို Lockdown လုပ်ထားလို့ရတဲ့အချိန်တိုအတွင်းမှာ ရောဂါကို အရင်ဆုံး ဦးကျိုးအောင် ချိုးရပါတယ်။ ဒါကိုတချို့နိုင်ငံတွေမှာ အောင်မြင်တယ်။ တချို့ နိုင်ငံတွေ မှာ မအောင်မြင်ဘူး။ မအောင်မြင်တဲ့အတွက် ချက်ချင်းပြန်လျှော့ပေးလိုက်ရတာ မျိုးတွေရှိပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေ ရင်ဆိုင်ရတဲ့ အခါမှာ Lockdown ကို တစ်ခါမှ မလုပ်ခဲ့ပါဘူး။ Stay at Home ပဲ လုပ်ခဲ့ပါတယ်။ Stay at Home ရဲ့ အဓိကသဘောက မိဘပြည်သူတွေ ကိုယ့်အိမ်မှာပဲ ကိုယ်နေပေးပါ။ ကိုယ့်အိမ်မှာ ကိုယ်နေခြင်းအားဖြင့် ဘာအကျိုး ကျေးဇူးရမလဲဆိုတော့ အိမ်မှာနေတဲ့အခါ အိမ်မှာလည်း ပိုးရှိတဲ့သူမရှိဘူးဆိုရင် ဒီမိသားစု အတွက် အန္တရာယ်ကင်းသွားပါတယ်။ ( ကိုယ့်အိမ်မှာကိုယ် အစုလိုက်နေတဲ့အခါ တစ်မိသားစုနဲ့ တစ်မိသားစု ကူးလူးဆက်ဆံမှုမရှိတဲ့အတွက် ရောဂါဖြစ်ပွားမှုကွင်းဆက်တွေ ပြတ်တောက် သွားပါတယ်။ နောက်ဆုံးအဆင့် ရောဂါဖြစ်တဲ့အိမ်ကို အမြန်ဆုံး Contact tracing လုပ်တာတို့၊ ကွာရင်တင်းလုပ်တာတို့၊ဆေးကုပေးတာတို့ လုပ်လိုက်တဲ့အခါ အဲဒီအိမ်မှာပဲရောဂါကူးစက်မှုက ရပ်တန့်သွားတဲ့အတွက် အဲဒီဒေသကြီးတစ်ခုလုံးက ရောဂါပိုးကင်းစင် သွားပါတယ်။ အကျိုး ကျေးဇူး အလွန်ရှိပါတယ်။
အကောင်းဆုံးရောဂါကာကွယ် ထိန်းချုပ်ခြင်း ၊ “အဓိကအနေနဲ့ မိမိအိမ်မှာနေထိုင်ခြင်းဖြင့် ကိုယ့် အတွက်၊ ကိုယ်နဲ့ အတူ နေတဲ့ မိသားစုအတွက်လည်း လုံခြုံသလို ရောဂါတိုက်ဖျက် ထိန်းချုပ်ရေး ဖြစ်စဉ်ကြီးတစ်ခုလုံးကို ထိထိရောက်ရောက် ကူညီပေး လိုက်သလို ဖြစ်သွားပါမယ်။ ဒါကြောင့် ရောဂါဖြစ်ပွားမှုနှုန်းတက်နေတဲ့ ဒီအချိန်မှာ မိမိအိမ်မှာနေခြင်းဟာ အကောင်းဆုံးရောဂါကာကွယ် ထိန်းချုပ်ခြင်းဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်၊ ဒီနေရာက နေလည်း မေတ္တာရပ်ခံပါတယ်။ ဒီအချိန်မှာ တတ်နိုင်သမျှ အိမ်မှာနေပေးပါ။ ခုနလို အကျိုး ကျေးဇူးတွေရပြီး ဒီရောဂါကာကွယ်ထိန်းချုပ်ရေးမှာ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ တာဝန်ကျေမှာဖြစ်ပါတယ်။ ။
“Stay at Homeရဲ့ ထူးခြားချက်က Lockdown လို ဝိတ်ချလိုက်တာ တွေမရှိဘူး။ Lockdown မှာ ညမထွက်ရတာတွေ အပါအဝင် အပြင် ထွက်ဖို့ တော်တော်ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် Stay at Home မှာတော့ တကယ်မရှိမဖြစ်တဲ့ အခြေခံလုပ်ငန်းတွေကို ဖွင့်ပေးထားပါတယ်။ “အများပြည်သူရုံးပိတ်ရက်ရက်ရှည်အဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၁ နဲ့ ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထ ိကြေညာပြီးတော့ ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ဆက်လက်ပြီး ကြေညာတဲ့ အထဲမှာ အဓိကပြောတာက ကိုယ့်အိမ်မှာနေဖို့ ဖြစ်ပါတယ်။ တာဝန်နဲ့နာရေးကိစ္စတွေနဲ့ ခရီးသွားလာခြင်းကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းတွေ၊ တာဝန်ရှိအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်နဲ့ ခရီးသွား လာခွင့်ပြုပါတယ်။ နောက်တစ်ခုစားဝတ်နေရေး၊ စက်သုံးဆီ၊သောက်သုံး ရေသန့်၊ သားငါးနဲ့ အခြေခံစားသောက်ကုန်ရောင်းတဲ့ဆိုင်တွေ ဆန်၊ ဆီ၊ ငရုတ်သီး၊ ကြက်သွန်တွေကို ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ပါ တယ်။”
“ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေ ရောင်းချတဲ့ဆိုင်တွေကို လည်း လုံးဝမပိတ်ပါဘူး။ ကောလာဟလထွက်နေတာတွေလည်း ရှိပါတယ်။ ဒါကိုဝန်ကြီးဌာနအနေနဲ့ ရှင်းလင်းတင်ပြပြီး ဖြစ်ပါတယ်။ လုံးဝပိတ်တာမဟုတ်ပါဘူး။ နောက်ပြီး စားသောက်ဆိုင်တွေကို ဆိုင်ထိုင် မဟုတ်ဘဲ ပါဆယ်စနစ်နဲ့ရောင်းချရမှာ ဖြစ်ပါတယ်။
ပါးစပ်နှာခေါင်းစည်းကို မဖြစ်မနေတပ်ဖို့ “ကျန်းမာရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး အစိုးရဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေ၊ ပုဂ္ဂလိကဆေးခန်းတွေ အခြားကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေနဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့လုပ်ငန်းတွေကို ဖွင့်ပေးထားပါတယ်။ မဖြစ်မနေ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ စားဝတ်နေရေးကြောင့်ဖြစ်ဖြစ် အိမ်ကနေ မဖြစ်မနေ ထွက်ခွာရမယ်ဆိုရင်လည်း ပါးစပ်နှာခေါင်းစည်းကို မဖြစ် မနေတပ်ဖို့၊ အခြားလူတွေနဲ့ ခပ်ခွာခွာနေဖို့၊ လက်ဆေးဖို့၊ လေဝင်
လေထွက် မကောင်းတဲ့အခန်းတွေရှောင်ဖို့လိုပါတယ်၊ ကျွန်တော်တို့ လည်း အမြဲတမ်းပြော နေပါတယ်။”
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မဖြစ်မနေဈေးထွက်ဝယ်တဲ့ အခါမှာ အိမ်အပြန် အိမ်ကိုပိုပါလာတာမျိုး ဘယ်သူမှ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ အိမ်က မိသားစုဝင်တွေကို ကူးစက်နိုင်ပါတယ်။ ကိုယ်က မဖြစ်မနေ ဈေးထွက်တာ၊ ဆေးခန်းသွားတာတွေ လုပ်မယ် ဆိုရင် ကာကွယ်ရေးနည်းလမ်းတွေကို အပြည့်အဝလိုက်နာဖို့ လိုပါတယ်။ ဒါမှ သာလျှင် ကိုယ့်အိမ်ကို ပိုးပါမလာမှာ ဖြစ်ပါတယ်။ ။
“နောက်တစ်ခုက လိုအပ်လို့ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ Social Distancing ခပ်ခွာခွာနေတာတွေ၊ အပြင်ထွက်ရင်လုပ်ဆောင်ရမှာတွေ ပြန်ဝင်တဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်း တွေကို စွန့်ပစ်တာကအစ စနစ်တကျလုပ်ဆောင်ဖို့၊ ကိုယ်လက် သန့်စင်မှုမရှိဘဲ အိမ်သားတွေနဲ့ နီးနီးကပ်ကပ်မနေဖို့ ဒါတွေကို လုပ်ဆောင်ဖို့လိုပါတယ်။
ဝိုင်းဝန်းကူညီတိုက်ဖျက်
"Stay at Home မှာက ဖြေလျော့ပေးထားတာတွေအများကြီးပါ။ အရင်တုန်းကလည်း stay at Home မြို့နယ်တွေ ကြေညာတာရှိပါ တယ်။ အဲဒီမှာလည်း ဖြေလျှော့ပေးထားတာတွေ အများကြီးရှိပါတယ်။ အဲဒီတုန်းက ရုံးတွေ၊ လုပ်ငန်းတွေသွားဖို့ကို ဖြေလျှော့ပေးတာတွေပါ ပါတယ်။ သို့သော်လည်း အခုလိုမျိုး ရုံးတွေ၊ အလုပ်တွေပါ ပိတ်တဲ့ အချိန်မှာက ကိုဗစ် - ၁၉ ရောဂါ ဆက်တိုက်ကူးစက်နေတာတွေကို ဖြတ်တောက်ဖို့ အကောင်းဆုံးအခွင့်အရေးရတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာလိုက်တယ်။ ရက်ကလည်းရှည်တော့ ဒီကာလမှာ ရုံးဆိုလည်း မဖြစ်မနေသွားရ မယ့် လူလောက်ပဲသွားမယ်။ ကျန်တဲ့လူတွေအကုန်လုံးက အိမ်မှာနေရ မယ်။ ကျန်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ အကုန်လုံးလည်း အဓိက အခြေခံ မရှိမဖြစ် လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေ ပိတ်ထားတာ ဆိုတော့ ဒီအချိန်ကာလမှာ ဘာပဲဖြစ်ဖြစ် အိမ်မှာနေပေး ခြင်းကရောဂါကိုတိုက်ဖျက်ပေးရာ ရောက်တယ်ဆိုတာကို အဓိက Key Messageအနေနဲ့ ဒီနေရာက ပေးချင်ပါတယ်။ ကျွန်တော်တို့အားလုံးက ပူးပေါင်းပါဝင်တိုက်ဖျက်ပေးကြရင် အခုရောဂါက အရှိန်အဟုန်နဲ့တက် နေတာ လျော့ကျသွားမှာဖြစ်ပါတယ်။ ဒါကြောင့် stay at Home နေထိုင်ခြင်းဖြင့် ရောဂါကို ဝိုင်းဝန်းကူညီတိုက်ဖျက်ပေးကြဖို့ပြောကြား လိုပါတယ်။
“အချုပ်အားဖြင့် ပြောရရင် stay at Home နေထိုင်ခြင်းက မိမိကိုယ်တိုင်၊ မိမိရဲ့ မိသားစု၊ နေထိုင်ရာရပ်ရွာဒေသနဲ့ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံသားကောင်း တစ်ယောက်ဖြစ် ပါတယ်။ တတ်နိုင် သလောက်ကူပေးပါ။ ဝိုင်းဝန်းကူညီပေးကြဖို့ ဒီနေရာကနေ တင်ပြ လိုပါတယ်။”
ထက်လျှံ