Skip to main content

ကမ္ဘာမြေတစ်ဆုံးတွေ့အောင်ရှာမယ်

တောက်မခံမရပ်နိုင်အောင် ဖြစ်လွန်းလို့ တောက်ခေါက်မိပါတယ်။ မင်္ဂလာရှိတဲ့ နံနက်ခင်းမှာ စိတ်မချမ်းသာ စရာ အနိဋ္ဌာရုံ မြင်ကွင်းကို တွေ့လိုက်ရလို့ ရက်စက် ယုတ်မာတဲ့သူတို့တွေကို ခံပြင်းဒေါသဖြစ်မိပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်မြို့ အောင်ချမ်းသာ ရပ်ကွက် ဈေးအဝင်လမ်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် ပြည်သူတွေကို ပညာပေး ဟောပြောတာတွေ၊ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းတွေ လိုက်လံ ဝေငှတာတွေ လုပ်ပေးနေတဲ့တာဝန်သိတဲ့ ပြည်သူတွေကို အကြမ်းဖက် သမားတွေက ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။

ခံပြင်းဒေါသထွက်

ဇူလိုင်လ ၁၄ ရက်နေ့ နံနက်က ဖြစ်ခဲ့တဲ့ အဆိုပါဖြစ်စဉ် ဗီဒီယိုဖိုင်တစ်ခု နေ့လယ်ပိုင်းမှာ လူမှုကွန်ရက် စာမျက်တွေပေါ် တက်လာတာကို တွေ့လိုက်ရပါတယ်။ မြစ်ငယ်မြို့က လူစည်ကားတဲ့ ဈေးအဝင်လမ်းမှာ ဒေါ်ချိုချိုသက်နဲ့ ပြည်သူခုနှစ်ဦးက ရပ်သူရပ်သား တွေကို ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးတာတွေ၊ ရောဂါကာကွယ်ရေး အထောက်အကူ ပစ္စည်းတွေ ဝေငှနေတုန်းမှာ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတဲ့ ဗီဒီယိုကို တွေ့လိုက်ရပါတယ်။

အကြမ်းဖက်သမားတွေဟာ ဒေါ်ချိုချိုသက်ကို ဦးတည်ပြီး သေနတ်ကိုးချက် ပစ်ခတ်ခဲ့ရာမှာ ဒေါ်ချိုချိုသက် ဦးခေါင်းကို သေနတ်မှန်ပြီး နေရာမှာပဲ လဲကျသေဆုံး သွားတာ တွေ့လိုက်ရပါတယ်။ သေနတ်ထိမှန် ဒဏ်ရာရတဲ့ အမျိုးသားသုံးဦး လဲကျသွားတာ၊ အရပ်သူအရပ်သားတွေ အထိတ်တလန့် ထွက်ပြေးကြတဲ့ တကယ့်ဖြစ်ရပ် မြင်ကွင်းကို တွေ့လိုက်ကြရတဲ့ ကျွန်တော် အပါအဝင် ပြည်သူ တွေ ခံပြင်းဒေါသထွက်ခဲ့ကြပါတယ်။

ယခုအခါမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုဟာ တစ်နိုင်ငံလုံးဖြစ်ပွားမှု မြင့်မားနေတာ ကြောင့် ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့ စိုးရိမ်စရာအဖုံဖုံတွေနဲ့အတူ ရောဂါကူးစက် ခံရသူတွေနဲ့ မိသားစုတွေဟာလည်း ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေ့နေကြပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မြို့ရွာတွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တာဝန်သိ အရပ်သူအရပ်သားတွေက ပြည်သူတွေ ကပ်ရောဂါဘေးဆိုးကြီးမှ ကာကွယ်တားဆီး ကင်းဝေးစေဖို့အတွက် အသိပညာပေး လုပ်ငန်းတွေ အထောက်အပံ့ပေးတဲ့ လုပ်ငန်းတွေ ဝိုင်းဝန်းဆောင်ရွက်နေကြတာကို နေ့စဉ် မြင်တွေ့နေရပါတယ်။

ပြည်သူတွေ ရောဂါမကူးဖို့ ပါးစပ်နဲ့ နှာခေါင်း အကာအကွယ်တပ်ဖို့ Mask တွေ၊ လက်ကို ဆေးကြော သန့်စင်နိုင်ဖို့လက်သန့်ဆေးရည် Hand Spray ၊ Hand Gel ၊ ဆပ်ပြာရည်၊ အရက်ပြန်တွေ စတဲ့ အထောက်အပံ့ပစ္စည်းတွေ လိုက်လံဝေငှ ပေးနေကြတဲ့ မြင်ကွင်းတွေကို နေ့စဉ်တွေ့မြင် နေရပါတယ်။ ပြည်သူတွေ ကူးစက်မြန်ကပ်ရောဂါဘေး၊ ဆိုးကြီးမှ ကာကွယ် တားဆီး ကင်းဝေးစေဖို့အတွက် စေတနာရှေ့ထား ကူညီဆောင်ရွက်ပေးနေသူတဲ့သူတွေ၊ လှူဒါန်းကူညီနေတဲ့သူတွေ အားလုံးတို့ကို ကျေးဇူးတင်မိပါတယ်။ ပြည်သူတွေ ကျန်းမာရေးကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးနေတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။

နိုင်ငံရေးပယောဂ

ယနေ့ကာလမှာ နိုင်ငံရေးကို အကြောင်းပြုလို့  ပေါ်ပေါက်လာတဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကို အမှုမထားနိုင်ဘဲ ဘဝရပ်တည်ရှင်သန်ရေးအတွက် ပြည်သူတွေ စွန့်စွန့်စားစား ရုန်းကန်လှုပ်ရှား နေကြရပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ရောဂါ ဘေးဆိုးကြီး ဖြစ်နေပေမယ့်လည်း ပြည်သူတွေဟာ အန္တရာယ်ကြားမှာပဲ သတိထားပြီး ရုန်းကန် လှုပ်ရှားနေကြရပါတယ်။ ပြည်သူတွေဘေးအန္တရာယ် အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက် ကူညီပေးနိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တာဝန်သိ ပြည်သူတွေဟာ စွန့်စွန့်စားစား ကူညီဆောင်ရွက်ပေးနေကြပါတယ်။ ပြည်သူတွေအနေနဲ့ စိတ်အေးချမ်းသာစွာနဲ့ သွားလာလှုပ်ရှား လုပ်ကိုင်နေချင်ကြပါတယ်။ ဒီအချိန်မှာ မြစ်ငယ်မြို့ က စိတ်မချမ်းသာစရာ အဖြစ်အပျက်ဟာ ပြည်သူတွေအနေနဲ့ စိတ်မချမ်းသာစွာနဲ့ စိတ်ပျက် လက်ပျက်ဖြစ်ရပါတယ်။

ဒီလုပ်ရပ်ဟာ ရက်စက်ယုတ်မာမှု ကမ်းကုန်ပြီလို့ဆိုရမှာ ဖြစ်ပါတယ်။ အကြမ်းဖက် သမားတွေဟာ စာသင်ကျောင်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ၊ အများပြည်သူ နေရာတွေကို မီးရှို့၊ ဗုံးခွဲဖျက်ဆီးခဲ့ကြတဲ့အပြင် ဒလန်လို့ စွပ်စွဲခံရသူတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ် ခဲ့ကြပါတယ်။ ယုတ်မာညစ်ထေးတဲ့ နိုင်ငံရေး ပယောဂလို့ ဆိုရမှာ ဖြစ်ပါတယ်။

မကြာမီပြိုလဲမည်

ယခုဖြစ်ရပ်ကတော့ ကပ်ရောဂါဘေးဆိုးကြီး ကျရောက်နေချိန်မှာ ပြည်သူတွေ ရောဂါဘေး ကင်းဝေးရေးအတွက် ကူညီဆောက်ရွက်ပေးနေတဲ့ တာဝန်သိ ပြည်သူတွေကို တမင်ရွေးချယ်လို့ ရက်ရက်စက်စက် အသိဉာဏ်မဲ့တဲ့ ပြည်သူလူထု ပျက်စီးရေး မိုက်မဲမှုကြီးပဲဖြစ်ပါတယ်။ အများပြည်သူအတွက် ကောင်းကျိုးပြုနေစဉ်မှာ သေဆုံးရတာဖြစ်လို့ မြတ်ပါတယ်။

ပြည်သူလူထုကို ကူညီထောက်ပံ့ပေးနေတဲ့ တာဝန်သိပြည်သူတွေကို ရက်ရက်စက်စက် ယုတ်ယုတ်မာမာ လူသတ်လက်နက်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့၊ အသိဉာဏ်မဲ့တဲ့။ သူရဲဘောကြောင်တဲ့ PDF သူရဲကောင်းကြီးတွေ၊ ရဲရင့်ပြောင်မြောက် လှတဲ့ CRPH သူရဲကောင်းကြီးတွေ၊ ရဲစွမ်းထက်မြက်လှတဲ့ NUG သူရဲကောင်းကြီးတွေနဲ့ ပြည်တွင်းက အသိဉာဏ်မဲ့တဲ့ တဇောက်ကန်း မိုက်ရူးရဲလူမိုက်တွေရဲ့ လုပ်ရပ်နဲ့ လားရာတွေဟာ ပြည်သူ လူထုကြားမှာ ထင်ရှားသည်ထက် ထင်ရှားလာပါတယ်။ ပေါ်လွင်သည်ထက် ပေါ်လွင်လာပြီ ဖြစ်ပါတယ်။

အပြစ်မဲ့ပြည်သူတွေအပေါ် ဤသို့ဤပုံ အကြံ ပက်စက်ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ယုတ်မာပက်စက်မှုတွေဟာ ကမ်းကုန်လာခဲ့ပြီဖြစ်ပါတယ်။ CRPHNUGPDF နဲ့ လက်ဝေခံ အကြမ်းဖက်သမားတွေအပေါ် ပြည်သူတွေရဲ့ ပြစ်တင်ရှုတ်ချ ဝေဖန်သံတွေ ကြားနေရပါ တယ်။

ကမ္ဘာ့မှတ်တမ်းဝင်

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကျရောက်နေ တာကြောင့် ပြည်သူလူထု စိုးရိမ်ထိတ်လန့် ပူပန သောကရောက်နေတဲ့အချိန်မှာ အပြစ်မဲ့ပြည်သူတွေ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်စေတဲ့ အကြမ်းဖက် ရက်စက် ယုတ်မာမှုတွေဟာ အံ့မခန်းရက်စက်ယုတ်မာမှုကြီး အဖြစ် မှတ်တမ်းဝင်သွားပါပြီ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကမ္ဘာ့အရက်စက်ဆုံး လူမဆန်စွာ ရက်စက်ယုတ်မာမှုကို ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေ သိဖို့ လိုပါတယ်။

အိုင်အက်စ်စစ်သွေးကြွတွေထက် သာလွန်တဲ့  လူမဆန်တဲ့ ရက်စက်ယုတ်မာမှုကို ကမ္ဘာ့မှတ်တမ်း ဝင်ဖို့ ဘယ်မီဒီယာတွေဆော်သြကြမှာလဲ။ CRPHI NUG PDF အကြမ်းဖက်အဖွဲ့ တွေကို ဝန်းရံနေတဲ့ အကြမ်းဖက်အားပေးတဲ့ DVBMizzimaIrrawaddyKhit ThitMyanmar NowVOA BBCRFA ပြည်ပအထောက်ပံ့ခံ သတင်းဌာနတွေကတော့ ထုံးစံအတိုင်း အများကောင်းကျိုးပြုလုပ်နေတဲ့ အမျိုးသမီး တစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို ဒလန်မို့လို့ သတ်တယ်လို့ ဆိုပြီး ပုံဖော် ဖော်ပြကြမှာ သေချာပါတယ်။

ဘယ်လိုပင်ပုံဖော်ကြပါစေ။ အကြမ်းဖက်လမ်းစဉ်နဲ့ တိုင်းပြည်အလုံးစုံပျက်စီးရေး ဖန်တီးနေတဲ့ CRPHNUGPDF တို့ဟာ ပြည်သူ့ချဉ်ဖတ်ဖြစ်လာပြီး ပြေးစရာမြေ မရှိဖြစ်လာတော့မှာ သေချာပါတယ်။ CRPHNUGPDF အကြမ်းဖက်သမား လူဆိုးလူမိုက်တွေကို ကျွန်တော်တို့ ပြည်သူတွေကိုယ်တိုင် မြေလှန်ရှာပြီး အမြစ်ပါမကျန် ချေမှုန်းပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ CRPHNUG PDF အကြမ်းဖက်သမားတွေ ကျဆုံးပြီးရင်း ကျဆုံးပြီး ပြုတ်ပြုတ်ပြုန်းသွားမည်မှာ သေချာနေပါတယ်။ အကြမ်းဖက်သမား CRPH , NUG , PDF တွေကို ကမ္ဘာမြေတစ်ဆုံး တွေ့အောင်ရှာပြီး ချေမှုန်းပစ်မယ် လို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်။

မိုးဦးဝေ