Skip to main content
Mar 04, 2020

စတုတ္ထအကြိမ်မြောက် -Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-I) တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စမတ်စီးတီးနှင့် ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ပြု ပြောဆိုသွားသည်ကို သတိပြုမိသည်-

Mar 04, 2020

မြန်မာအဘိဓာန်တွင် ကလေးဆိုသည်မှာ ကလေး-န/ ကလေး/ ခလေး၁၊ အသေးအငယ်။ အသေးအဖွဲ။ ၂၊ သားငယ်သမီးငယ်ဟူ၍လည်းကောင်း၊ ကလေးသူငယ်ဆိုသည်မှာ ငယ်ရွယ် သောသူဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ထို့အပြင် ကလေးသူငယ် ဥပဒေပုဒ်မ ၂ (က) တွင် ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသော သူကိုလည်းကောင်း၊ ၂ (ခ) တွင် လူငယ်ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသူကိုလည်းကောင်း ဆိုသည်ဟု ပြဋ္ဌာန်းထားသည်။

Mar 03, 2020

“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီးတွေ့ဆုံစကားဝိုင်းကို အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာ ဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီးကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေး ခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။

(ယမန်နေ့မှ အဆက်)

Mar 03, 2020

နိုင်ငံ့ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) ၏ ၃၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှ ရရှိသော်လည်း တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ၊ မွေးမြူရေးဆိုင်ရာ အသိပညာအားနည်းခြင်းကြောင့် တောင်သူလယ်သမားအများစု၏ တိရစ္ဆာန်မွေးမြူရေး (အထူးသဖြင့် - ကျွဲ၊ နွား၊ ဝက်) နှင့်ပတ်သက်သော အကျိုးခံစားခွင့် အလွန်နည်းပါးလှပြီး ၎င်းတို့၏ လူမှုစီးပွားဘဝသည် တိုးတက်သင့် သလောက် တိုးတက်မှုမရရှိခဲ့ပေ။

Mar 03, 2020

နိုင်ငံတော်၏စီးပွားရေးကို အသက်သွေးကြောသဖွယ် အထောက်အကူပြုလျက်ရှိသည့် လယ်ယာကဏ္ဍ၌ အသက်မွေးဝမ်း ကျောင်း ပြုကြသော တောင်သူလယ်သမားများ အများစုနေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးဇူးရှင်တောင်သူလယ်သမားများအား ဂုဏ်ပြုသည့်အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ အဆိုပါ တောင်သူလယ်သမားနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူလယ်သမားများအား တွေ့ဆုံမေးမြန်းထားသည်များကို စုစည်းရေးသား ဖော်ပြလိုက်ရပါသည်-

Mar 01, 2020

ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်လျက်ရှိရာ ပြည်သူ့ဘဝမြင့်မား တိုးတက်စေရန် ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းများ များစွာပေါ်ထွက်လာသည့်အထဲတွင် လူထုဗဟိုပြုစီမံကိန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဦးဆောင်၍ အကောင်အထည်ဖော်သည့် အလေ့အကျင့်မျိုး ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့ဘဏ်၏ ကနဦးစတင်ကူညီမှုနှင့် လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ယခုနှစ်တွင် ဆဋ္ဌမမြောက်နှစ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

Mar 01, 2020

 “တိုင်းပြည်အကျိုးပြုဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက် အမျိုးသမီး တွေ့ဆုံစကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီး ကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြ သည်များကို ဖော်ပြအပ်ပါသည်။

ယမန်နေ့မှအဆက်

Feb 28, 2020

လုပ်ငန်းတစ်ခုအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုလျှင် လုပ်ငန်းအစီအစဉ် တွေ ချမှတ်ရသည်။ စီမံချက်တွေ ရေးဆွဲရသည်။ ကြီးမားလှသော လုပ်ငန်း ကြီးများကို ဆောက်ရွက်ရသည့်အခါမှာတော့ သာမန်စီမံချက်များ ရေးဆွဲ ချမှတ်ရုံလောက်နှင့် မပြည့်စုံနိုင်။ စီမံကိန်းများ ရေးဆွဲရသည်။ ၂၀၂၀ ပြည့်နှစ် အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးသည် တစ်နိုင်ငံလုံးအတိုင်း အတာနှင့် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအားလုံးတွင် ကျင်းပသွား မည်။ ကြီးမားလှသော လုပ်ငန်းစဉ်ကြီးဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဟာဗျူဟာစီမံကိန်းကို ရေးဆွဲချမှတ်ထားရှိ သည်။ အနှစ်ချုပ်မျှဝေပါရစေ။

Feb 27, 2020

လူထုအခြေပြုဗဟိုဌာန(Community Centre)များကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး MRTV-4 အစီအစဉ်တင်ဆက်သူ ငြိမ်းချမ်းကိုကို၊ မခင်ရတနာဦး၊ MRTV-4 သရုပ်ဆောင် ဖြိုးရာဇာနိုင်နှင့် ဝိုင်းရွှေရည်တို့က ပါဝင်ဆွေးနွေးခဲ့သည်။

Feb 27, 2020

ကားထိန်းချုပ်မှုကိစ္စဟာ တိုင်းပြည်တိုးတက်ပြောင်းလဲ ရေးမှာ ၈၀ ရာခိုင်နှုန်းလောက် အရေးကြီးတယ်လို့ မြင်ပါ တယ်။

ယာဉ်ပိတ်ဆို့မှုကြောင့် လုပ်ချင်တဲ့အလုပ်တွေမပြီး၊ ရုံးချိန်နောက်ကျ၊ အစည်းအဝေးချိန် နှောင့်နှေး၊ သယ်ယူ ပို့ဆောင်ရေး အချိန်မမီခြင်းတို့ဟာ ကုန်ထုတ်လုပ်မှု နှောင့်နှေးစေတဲ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေ နိုင်တဲ့ အချက်တွေဖြစ်ပါတယ်။