Oct 03, 2020

အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Oct 03, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့ က အောက်တိုဘာ ၁ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါ သည် -
Oct 03, 2020

သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောကတို့၏ အတက်၊ အကျ၊ အနိမ့်၊ အမြင့်၊ ပျက်စီးမှု၊ တည်ဆောက်မှု တို့ကို ဖန်တီးနေသူ၊ ဖန်တီးနိုင်သူမှာ လောက၏ ခေါင်းဆောင်လူသားပင် ဖြစ်သည်။ လူသည် အတွေ့ အကြုံကို အခြေခံ၍ ဘဝကို မြှင့်တင်သည်။ တည်ဆောက်သည်။ ကြံဆောင်အားထုတ်သည်။ လက်၊ နှလုံးသား၊ ဦးနှောက်တို့ဖြင့် ဖန်တီးသည်။ တီထွင်သည်။
Oct 02, 2020
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဝင်ပေါက် လစ်လပ်ရာထူးနေရာများကို စနစ်တကျစိစစ်ရွေးချယ်ပေးခြင်း၊ ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန် ချက်များ ချမှတ် နိုင်ရေးတို့အတွက် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း နိုင်ငံတော်အစိုးရအား အထောက်အကူပြုရန် အတွက် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်လျက် ရှိပါသည်။
Oct 02, 2020

စီးပွားရေးရှုထောင့်ကပြောရရင် ကိုဗစ်နဲ့ပတ်သက်လို့ အဆိုးဆုံးနေ့ကတော့ ဧပြီလ ၁၀ ရက်နေ့ပါ။ နိုင်ငံ အတော်များများမှာ လော့ခ်ဒေါင်းချတာ အပြင်းထန်ဆုံးဖြစ်ပြီး လူတွေအိမ်ထဲမှာပဲ နေကြရ၊ ဘာမှ လုပ်မရ။ အဲဒီနေ့မှာ ခါတိုင်းထက် ကမ္ဘာ့ဂျီဒီပီ ၂၀ ရာခိုင်နှုန်းကျဆင်းတယ်။ အဲဒီနောက်ပိုင်းမှာ အစိုးရတွေက လော့ခ်ဒေါင်းတွေ ပြန်ဖွင့်ပေးလာကြတယ်။ စီးပွားရေးပြန်ပြီး ဦးမော့စ ပြုလာကြတယ်။ ဒုတိယ သုံးလ ပတ်နဲ့စာရင် ဒီနှစ် တတိယပတ်မှာ ကမ္ဘာ့ဂျီဒီပီခုနစ်ရာခိုင်နှုန်း တက်မယ်လို့ သုတေသီတွေက မှန်းဆကြ တယ်။
Oct 02, 2020

မြန်မာနိုင်ငံ၌ တံတားများကို မြန်မာဘုရင်များ လက်ထက်ကတည်းက တည်ဆောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အထောက်အထားများအဖြစ် ခရစ်သက္ကရာဇ် ၁၄၄၄ ခုနှစ် ကုန်းဘောင်မင်းခေတ်က အရှည်ပေ ၃၉၀၀ ရှိသော စစ်ကိုင်းအင်းဝတံတားကြီးဖြစ်သည်။
Oct 02, 2020

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါက တစ်ကျော့ပြန် ကျယ်ပြန့်စွာ ဖြစ်ပွားနေပြီ ဖြစ်ပါသည်။ လူတိုင်း လိုက်နာဆောင်ရွက်ရမည့် ရောဂါကာကွယ်တားဆီးရေး အလုပ်များဖြစ်သည့် လက်ဆေးခြင်း၊ နှာခေါင်း စည်းတပ်ခြင်း၊ ခပ်ခွာခွာနေကြခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ မလိုအပ်ဘဲအပြင်မထွက်ခြင်း၊ ခရီးမသွားခြင်း၊ မိမိအိမ်မှာသာနေခြင်း၊ အိမ်မှသာ အလုပ်လုပ်ခြင်း၊ စာသင်ခြင်း စသည်တို့ကို တိကျစွာလိုက်နာ ဆောင်ရွက် ကြရပါမည်။ ။
Sep 25, 2020

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားစေရေးအတွက် အဓိကအချက်သည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဖြစ်သည်နှင့်အညီ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများ ယုံကြည်စိတ်ချရသည့် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား၊ ပြည့်ဝစွာသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ သာတူညီမျှဖြစ်စေရန် ဖြည့်ဆည်းဆောင်ရွက်မှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက်ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 25, 2020

နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည်။ ယင်းနေ့တွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကြီး ( United Nations World Tourism Organization UNWTO) က ချမှတ်ပေးသော ဆောင်ပုဒ်များနှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားများကို အဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပလေ့ရှိကြသည်။
Sep 24, 2020

အနံ့ပျောက်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးက အကုန်ကောင်းနေပေမယ့် အနံ့ပျောက်တာ တစ်ခုတည်း ဆိုပြီး ပေါ့ပေါ့နေနိုင်ပါတယ်။ အဲဒီလိုမျိုး မနေသင့်ပါဘူး။ အနံ့ပျောက်ပြီဆိုတာနဲ့ ဆေးရုံ/ ဆေးခန်းကိုသွားပြီး သီးခြားခွဲပြီး နေထိုင်သင့်ပါတယ်။
( ပါမောက္ခဒေါက်တာဇော်ဝေစိုး)
နေပြည်တော် စက်တင်ဘာ ၂၃