Skip to main content
Sep 22, 2020
ကိုဗစ်- ၁၉ ကာလ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့နိုင်ငံ အတော်များများရဲ့ ရွေးကောက်ပွဲကာလနဲ့ တိုက်ဆိုင် နေပါတယ်။
Sep 21, 2020
ကိုဗစ်-၁၉ ကာလ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့နိုင်ငံ အတော်များများရဲ့ ရွေးကောက်ပွဲကာလနဲ့ တိုက်ဆိုင်နေပါတယ်။
Sep 21, 2020
ပတ္တမြား ကမ္ဗလာခင်းထားသည့်နှယ် စိန်ပန်းနီနီတို့ မြေမှာပြန့်ကျဲသည့် မိုးဦးကျအချိန်သို့ ရောက်လာတိုင်း မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် အထကကို လွမ်းဆွတ်မိပါသည်။ တူညီဝတ်စုံ ဖြူစိမ်းလေးများဖြင့် နံနက်လင်းတော့ ကျောင်းလာ၊ ညနေခင်းမှာ ကျောင်းဆင်းခဲ့ရသည့် အတိတ်ပုံရိပ်တို့သည် အချိန်နှင့်အမျှ တဖြည်းဖြည်း လွင့်ဝေးသွားသည့် ငယ်ဘဝအိပ်မက်များဖြစ်ကြ၏။
Sep 21, 2020
အခုအချိန်မှာ ကိုဗစ်- ၁၉ ရောဂါကြီးရဲ့ဒဏ်ကို အလူးအလဲ ခံနေရတယ်။ တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်တဲ့ လူနာပေါင်းသန်း ၃၀ ကျော်ရှိပြီး ဒီရောဂါနဲ့ သေဆုံးသွားသူ အရေ အတွက်ဟာ စုစုပေါင်း ၁ သန်းနီးပါးရှိပြီဖြစ်တယ်။ မြန်မာပြည်မှာ စောစောက အခြေအနေတွေ ကောင်းခဲ့ပေမယ့် အခုတော့ မထင်မှတ်ဘဲ ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း ဟာ တရိပ်ရိပ်တက်လာတာ တွေ့ရတယ်။ ရန်ကုန်ရဲ့ အခြေအနေဟာ ဆိုးရွားလျက်ရှိပြီး မြို့နယ်အားလုံးမှာ အသွားအလာအကန့်အသတ်တွေ၊ တားမြစ်မှုတွေကို ဆောင်ရွက်ခဲ့တယ်။ သင်္ကြန်အပြီး ဩဂုတ်လအထိ ရောဂါကို ထိန်းနိုင်ခဲ့ပေမယ့် အခုတော့အခြေအနေတွေက စိုးရိမ်စရာ၊ စိတ်ပူစရာတွေ ဖြစ်နေတာ။
Sep 21, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့ စက်တင်ဘာ ၁၈ ရက်က ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
Sep 21, 2020
တနင်္သာရီတိုင်းဒေသကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၆၇၃၅ ဒသမ ၅၆ စတုရန်းမိုင် ဧရိယာရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် မြို့နယ် ၁၀ မြို့နယ် ဖြင့်ဖွဲ့စည်းထားသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁၄ သိန်းကျော် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်း ကျောင်း ပြုကြပါသည်။ တနင်္သာရီပင်လယ်ကမ်းရိုးတန်းအရှည် မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) ကျော်ရှည်လျားပြီး ကျွန်းငယ်ပေါင်း ၈၄၀ ကျော်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုများသည် အရှေ့တောင်အာရှနှင့် အာရှတိုက်တွင် နာမည်ကျော်ကြားပါသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း လှပသည့် ပင်လယ်၊ ရှည်လျားသည့်ကမ်းခြေနှင့် အေးချမ်းသာယာသော ကျွန်းစုများနှင့် တန်ခိုးကြီးစေတီပုထိုးများ ရှိသောကြောင့် ပြည်တွင်းပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လေ့လာ အပန်းဖြေ သွားလာလည်ပတ်ကြသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။
Sep 20, 2020
ဩဂုတ်လကုန်လောက်က ရခိုင်ပြည်နယ်တွင် လျင်မြန်စွာ ပျံ့နှံ့ကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် မိတ်ဆွေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီးအား တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ကျွန်တော်တို့ ခင်ဗျားတို့ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေဟာ ကိုဗစ်ရောဂါ ရဲ့ ပစ်မှတ်ဖြစ်နေကြောင်း၊ လူအများကြား တရားရုံးသို့ သွားနေရသူဖြစ်၍ အထူးသတိထားသင့်ကြောင်း၊ ရောဂါ ကူးစက်မှုမှာ အလွန်လျင်မြန်နေကြောင်း၊ ရောဂါကူးစက် ခံရပြီဆိုလျှင် မိမိသာမက မိသားစုအပါအဝင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ စားဝတ်နေရေးပါ ထိခိုက်နိုင်သဖြင့် အထူးသတိထားသင့်ကြောင်းပြောရာ ၎င်းက အားရပါးရ ရယ်ပြီး ခင်ဗျားအားပေးစကားပြောတာ ကျေးဇူးတင်ပါ တယ်ဗျာ။ ဒါပေမဲ့ ခင်ဗျားပြောတာက ရောဂါကူးစက်ခံရ မှာကို ကြောက်တာထက် စိုးရိမ်စိတ်က ပိုများနေတယ်။ စိုးရိမ်စိတ်များရင် ဒုက္ခရောက်တတ်တယ်။ ကျွန်တော်က တော့ မကြောက်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား စဉ်းစားကြည့်လေ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ယှဉ်ကြည့်ဗျာ၊ အဲဒီ နိုင်ငံတွေရဲ့ ကူးစက်ပျံ့နှံ့မှုတွေ၊ သေဆုံးမှုတွေကြည့်ရင် ကျွန်တော်တို့ နိုင်ငံမှာဖြစ်ပွားပါတယ်ဆိုတဲ့ အခြေအနေ ဟာ မဆိုးရွားဘူးလို့ ပြောလို့ရပါတယ်။
Sep 17, 2020
မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ဝင်ရောက် လာခဲ့သည်။ ကိုဗစ် - ၁၉ ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာသည့် အချိန်မှစပြီး နိုင်ငံတော် အစိုးရ အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
Sep 17, 2020
ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် လုပ်ငန်းဆောင်တာများကို ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် လိုက်ပါပြောင်းလဲခြင်းက လုပ်ငန်းများ အရှိန်အဟုန်မပျက် ရပ်တည်နိုင်ရန်အတွက် သော့ချက်ဖြစ်သည်။ စိန်ရတုနှစ်ကြိုဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အွန်လိုင်း မီဒီယာဖြင့်လည်း ပရိသတ်များအတွက် တင်ဆက်ပေးလျက်ရှိသည်။
Sep 16, 2020
သင်တို့၏ ပုံပြောနိုင်သည့်စွမ်းရည် တိုးတက်ဖြစ်ပေါ်လာစေရန် လေ့ကျင့်ပါ ကျွန်ုပ်တို့ဟာ ဟောလိဝုဒ်လို့ပြောဆိုကြတဲ့အခါ ရုပ်ရှင်ဇာတ်ကားတွေက တင်ဆက်တဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့၊ ပြဇာတ်ဆန်တဲ့၊ ရယ်မောဖွယ်ရာကောင်းတဲ့ ဇာတ်လမ်းတွေကို ဦးစွာ အမှတ်ရလေ့ရှိကြပါတယ်။