Jun 17, 2026
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jun 17, 2026
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီး ပြည်သူများမှ ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ပေါ်ထွက်လာခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလက်ထက်တွင် တရုတ်နိုင်ငံသို့ သွားရောက်သည့် နိုင်ငံတော်အဆင့် အဆင့်မြင့်ခရီးစဉ်တွင် နှစ်နိုင်ငံသမ္မတ နှစ်ဦးတွေ့ဆုံမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား စီမံကိန်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်နိုင်မည့်အပြင် စီမံကိန်းအသစ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။ ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ပေါက်လာသည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသည် နိုင်ငံတော်ကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာအောင် ပိတ်ဆို့ဟန့်တားမှုအမျိုးမျိုးကြားက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jun 17, 2026
မြစ်ကြောင်းထိန်းသိမ်းရေးအကြောင်း ပြောမည်ဆိုလျှင် ဥရောပ၏မြစ်များဖြစ်သည့် ရိုင်းမြစ် (Rhine River) နှင့် ဒနူးဘ်မြစ် (Danube) တို့၏ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် မိမိတို့နိုင်ငံအတွက် စံနမူနာယူဖွယ်ရာများဖြစ်သည်။
Jun 17, 2026
မဝေးသေးသည့် အတိတ်ဟုဆိုရမည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး ( Shanghai Cooperation Organisation- SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတို့က ကမ္ဘာ့သတင်းမီဒီယာများထက်မှာ အထင်ကရဖြစ်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေး နောက်ခံကားအနေဖြင့် ဧကဝင်ရိုးကမ္ဘာမှ ဗဟုဝင်ရိုးကမ္ဘာသို့ ပြောင်းလဲလာသည့် ကမ္ဘာ့အခင်းအကျင်းအသစ်တွင် အဆိုပါထိပ်သီးအစည်းအဝေးနှင့် စစ်ရေးပြအခမ်းအနားတို့က ထူးခြားလေးနက်သည့် အနက်အဓိပ္ပာယ်ဆောင်နေသည်ကို နိုင်ငံတကာကလည်း သိရှိနားလည်ခဲ့ကြသည်။
Jun 15, 2026
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 15, 2026
အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် (YBS) ၁၃၃ ဂိတ်သို့ ခရီးသည်ယာဉ်တစ်စီး ဆိုက်ရောက်လာသည်နှင့် ကားပေါ်မှခရီးသည် အချို့ဆင်းလာကြသည်။ ထိုခရီးသည်များကြားတွင် တစ်ဦးကိုတစ်ဦး ဖေးမကူတွဲကာဆင်းလာသည့် အမျိုးသမီးနှစ်ဦး။
Jun 15, 2026
လူဦးရေအချိုးအစားအားဖြင့် လူငယ်ထုအများဆုံးရှိသည့် အိန္ဒိယနိုင်ငံအတွက် လူငယ်များ၏စွမ်းရည်ဖွံ့ဖြိုးရေးသည် နိုင်ငံတော်၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ လူငယ်ရေးရာနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်ရေးရာမူဝါဒများအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသော အစီအစဉ်တစ်ခုမှာ လူငယ်နှင့်ဆယ်ကျော်သက်များ ဖွံ့ဖြိုးရေးအမျိုးသားအစီအစဉ် (National Program for Youth and Adolescent Development-NPYAD) ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ရေတိုနှင့်ရေရှည်ရည်မှန်းချက်များ ထားရှိကာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၅ နှစ်စီမံကိန်းများဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။
Jun 15, 2026
ဧရာဝတီမြစ်ဝှမ်းအတွင်း အနိမ့်တမံများတည်ဆောက်၍ ရေချိုအရင်းအမြစ်များ ပင်လယ်အတွင်းသို့ စီးဝင်စေခြင်းဖြင့် ဆုံးရှုံးလျက်ရှိသော ရေချိုများကို ထိန်းသိမ်းထားနိုင်ခြင်း၊ နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဧရာဝတီမြစ်ရေ၏ အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူ၍ အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ ရေကြောင်းသွားလာရေးအတွက် လုံလောက်သော ရေစူးအနက်ရရှိနိုင်ခြင်း၊ မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲမှုကိုလျှော့ချ၍ စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များကို လုံလောက်စွာထောက်ပံ့နိုင်ခြင်း၊ မြစ်ရေကို ၁၂ လ ရာသီပတ်လုံး ထိန်းညှိလွှတ်ပေးနိုင်သဖြင့် မြစ်ကြောင်းတစ်လျှောက် ခြောက်သွေ့သောရာသီများတွင်လည်း စိမ်းစိုလာနိုင်ပြီး ရာသီဥတုမျှတလာနိုင်ခြင်း၊ ရေကြီးရေလျှံမှုနှင့် ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ခြင်း၊ ရေကြောင်းခရီးသွားလာမှုနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ လူမှုစီးပွားကနှင့် မြစ်ဝှမ်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
Jun 14, 2026
ပိုမိုဘေးကင်းသော လူမှုပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် နေအိမ်စနစ်၊ စွမ်းအင်ချွေတာမှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတို့ကို စနစ်တကျရရှိခံစားရမည့် AI စနစ်ပါမြို့ပြများ ကမ္ဘာကြီးတွင် ပေါ်ပေါက်လာတော့မည်။ ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုထားသည့် ဂျပန်နိုင်ငံရှိ Woven City သည် ကမ္ဘာ့ပထမဆုံး AI မြို့ပြတစ်ခုဖြစ်လာပြီဖြစ်သည်။
Jun 14, 2026
သတိပြုမိသည့်အချက်မှာ Jile Temple သည် ဘာသာရေးအခန်းကဏ္ဍတစ်ခုသာမက ယဉ်ကျေးမှုနှင့် ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုအဖြစ်လည်း တည်ရှိနေခြင်းဖြစ်သည်။ ဆောင်းရာသီကာလတွင် နှင်းဖုံးလွှမ်းနေသည့်အလှအပနှင့် ရိုးရာဗုဒ္ဓဘာသာဗိသုကာပုံစံတို့ ပေါင်းစပ်သွားသဖြင့် အထူးသဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် မြင်ကွင်းတစ်ခုဖြစ်ကြောင်း တာဝန်ခံဆရာတော်က ရှင်းလင်းပြောကြားသည်။
