Oct 09, 2025
ယဉ်ကျေးမှုဟူသည် လူသားတစ်ဦး သို့မဟုတ် မျိုးနွယ်စုတစ်စု စတင်မွေးဖွားသည်မှ သေဆုံးသည်အထိ ကြုံတွေ့ဖြတ်သန်းရသောအရာဖြစ်သည်။ ယနေ့ခေတ်တွင် နည်းပညာကျေးဇူးကြောင့် အမျိုးမျိုးသော ယဉ်ကျေးမှုများသည် လွတ်လပ်ပွင့်လင်းစွာ စီးဆင်းနေကြသည်။ အမျိုးမျိုးသောယဉ်ကျေးမှုများတွင် တိုးတက်ဆင့်ပွားအတုယူရမည့်အရာများရှိသလို ဆန့်ကျင်ဘက်ဖြစ်နေသည့် အရာများလည်းရှိသည်။ ထို့ကြောင့်မျိုးဆက်သစ်လူငယ်များ အတုယူလမ်းမှားမလိုက်မိစေရန်အတွက် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားအောင်ဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။
Oct 09, 2025
ပြီးခဲ့တဲ့လက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးပြည်နယ်နန်နင်းမြို့မှာ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ကျင်းပခဲ့ပါတယ်။ ပြပွဲကာလအတွင်း တရုတ်နိုင်ငံကို မီဒီယာဖလှယ်မှုအစီအစဉ်နဲ့ ရောက်ရှိနေကြတဲ့ နိုင်ငံအသီးသီးက သတင်းထောက်တွေဟာ လေ့လာသတင်းယူခွင့်ရရှိခဲ့သလို ကွမ်ရှီးပြည်နယ်အတွင်းက ထင်ရှားတဲ့ နန်နင်းမြို့၊ လျူကျိုးနဲ့ ကွေ့လင်မြို့တွေကို သွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်။ အဲဒီမြို့တွေမှာ သဘာဝအလှတရား၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။
Oct 09, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Oct 09, 2025
မြန်မာ့ငြိမ်းချမ်းရေး အထင်ကရမှတ်တိုင်တစ်ခု Nationwide Ceasefire Agreement ဖြင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး NCA ငြိမ်းချမ်းရေးခရီးက အောက်တိုဘာလ ၁၅ ရက်နေ့တွင် (၁၀)နှစ် ရှိသွားပါပြီ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သမိုင်းဝင်စာချုပ်ကြီး၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ကူညီအားပေးခဲ့သူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အသိသက်သေပုဂ္ဂိုလ်များ သက်ရှိထင်ရှားရှိဆဲဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေရသူများရှိသလို ဖျက်ဆီးနေကြသူများလည်း ရှိနေသည်။
Oct 08, 2025
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်၌ ခေတ္တရပ်နားစဉ် နိုင်ငံတော်အကြီးအကဲနှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich တို့ လေဆိပ်ဧည့်ခန်းမဆောင်၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည့်သတင်းကို ဖတ်ရှုလိုက်ရပါသည်။ နိုင်ငံတကာခရီးစဉ်များအတွင်း နှစ်နိုင်ငံ အပြုသဘောဆောင် ဆွေးနွေးဆောင်ရွက်ကြသည်များက နိုင်ငံ့အကျိုးစီးပွားအတွက် အလေးထားဆောင်ရွက်ကြရသည့် လုပ်ဆောင်ချက်များ ဖြစ်ပါသည်။
Oct 06, 2025
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုသည်မှာ ရွေးကောက်ပွဲများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းနှင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိစေရေး၊ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ ပွင့်လင်းမြင်သာစွာမဲပေးရေး၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်နိုင်ရေး၊ လွတ်လပ်၍ တရားမျှတသော မဲဆွယ်စည်းရုံးရေးနှင့် သာတူညီမျှ အခွင့်အရေးများ ဆောင်ရွက်ခွင့်ရရှိရေး၊ လုံခြုံရေး၊ အကြမ်းဖက်မှုနှင့် ခြယ်လှယ်မှုများ မရှိစေရေး၊ အငြင်းပွားမှုကို ဖြေရှင်းရေး၊ ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့က သမာသမတ်ကျအောင် ဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
Oct 05, 2025
ကျွန်မတို့အိမ်ရှင်မတွေအဖို့ နံနက်မိုးသောက် အလင်းရောက်ရင် ဈေးခြင်းတောင်းဆွဲပြီး ဈေးဝယ်ထွက်ရတဲ့ကိစ္စက နိစ္စဓူဝအလုပ်တစ်ခုလို့ဆိုရမယ်။ ပြီးတော့ ဈေးဆိုတာကလည်း စောစောအဝယ်ထွက်မှ။ ဈေးပေါင်ကျိုးချိန်ရောက်မှ ဈေးရောက်ရင်တော့ သူများမကြိုက်လို့ ချန်ရစ်ထားခဲ့တဲ့ ရွေးကျန်တွေပဲရမယ်။
Oct 05, 2025
နိုင်ငံတစ်နိုင်ငံ၌ သဘာဝသယံဇာတများ၊ လူ့စွမ်းအားအရင်းအမြစ်များ မည်မျှပင်ပြည့်စုံသည်ဖြစ်စေ မိမိတို့၏ယဉ်ကျေးမှုကို အမြတ်တနိုးတန်ဖိုးထားကြသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အမြတ်တနိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ မြန်မာ၊ ရိုးရာ၊ ယဉ်ကျေးမှုဆိုသည့် ဝေါဟာရများ၏ အဓိပ္ပာယ်သည် လေးနက်ကျယ်ပြန့်သည်။
Oct 03, 2025
စွမ်းပြည့်
Oct 03, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
