Skip to main content
Nov 27, 2024
ဆောင်းပါး
ညက ညဉ့်နက်မှ အိပ်ရာဝင်ခဲ့သဖြင့် နံနက်အိပ်ရာထချိန်တွင် ၇ နာရီကျော် နေပြီ ။ မျက်နှာသစ်၊ မနက်စာထမင်းစားပြီးချိန်တွင် နာရီကိုကြည့်လိုက်တော့ ၇ နာရီ ၄၅ မိနစ်။ အိမ်ပြတင်းပေါက်နားတွင် ရပ်လျက် ကောင်းကင်ကို ကြည့်လိုက်တော့ မိုးတိမ်ညိုညိုမည်းမည်းတွေက အုံ့ဆိုင်းလျက်၊ မိုးစက်မှုန်မှုန်မွှားမွှားလေးတွေ ကျဆင်းလျက်ရှိနေသည်။
Nov 27, 2024
ဆောင်းပါး
အနောက်တိုင်းစီးပွားရေးပညာရပ် (ဘောဂဗေဒ) သည် ၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနမှတစ်ဆင့် မြန်မာ့မြေပေါ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာ ၁၉၆၄ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော ပို၍နယ်ပယ်စုံသည့် စီးပွားရေးပညာရပ်များ သင်ကြားပို့ချနိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ်လက်အောက်မှ လူမှုရေးသိပ္ပံမဟာဌာနကြီးကို စီးပွားရေးပညာရပ်ပေါင်းစုံ သင်ကြားပို့ချပေးနိုင်မည့် စီးပွားရေးတက္ကသိုလ် (ရန်ကုန်) အဖြစ် ထူထောင်ဖွင့်လှစ်ခဲ့ကြသည်။
Nov 26, 2024
ကလေးများသည် အနာဂတ်တွင် တိုင်းပြည်၏တာဝန်ကို ပခုံးလွှဲပြောင်းတာဝန်ယူကြရမည့် အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည်။ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အားပုံဖော်ရာတွင် အလွန်အရေးကြီးသောကြောင့် ကလေးငယ်များသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သော လူသားအရင်းအမြစ်များဖြစ်ပါသည်။ ကလေးသူငယ်များ၏ လက်ရှိအခြေအနေသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်၊ စီးပွားရေး၊ လူမှုရေး၊ ရုပ်ဝတ္ထု/စိတ်ပိုင်းဆိုင်ရာ အတက်၊ အကျ အနိမ့်၊ အမြင့်ကို ညွှန်းဆိုနိုင်သောကြောင့် ကလေးများကို ကောင်းမွန်စွာပြုစုပျိုးထောင်ရန် အလွန်အရေးကြီးပါသည်။ ကလေးများသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်ကို အားလုံးလက်ခံထားသကဲ့သို့ တိုင်းပြည်တစ်ခု၏ ပစ္စုပ္ပန်အကျိုးသည် လူကြီးများလက်ထဲတွင်ရှိပြီး အနာဂတ်အကျိုးသည် ကလေးများ၏ လက်တွင်ရှိသည်သာ ဖြစ်သည်။
Nov 26, 2024
နတ်တော်လရာသီသည် မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များတွင် နတ်ပွဲများဖြင့် နတ်တို့ကို ပူဇော်ပသရသော နတ်ပျော်လအဖြစ် ရှေးအခါက သတ်မှတ်ဖော်ပြခဲ့သော်လည်း ရှေးမြန်မာမင်းများ လက်ထက်ကပင် ရတု၊ ရကန်၊ ပျို့၊ ကဗျာ၊ ဝတ္ထု၊ မေတ္တာစာ၊ ဆုံးမစာ၊ နီတိစသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုစာပေ အမွေပေးဝေခဲ့ကြသော ရဟန်းစာဆို၊ လူပညာရှိစာဆိုရှင်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့ကြရာမှ စာဆိုတော်လရာသီအဖြစ်ပို၍ ပေါ်လွင်ထင်ရှားလာခဲ့ပေသည်။
Nov 26, 2024
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး
အကြမ်းဖက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရာ၌ အမျိုးသမီး(gender)အပေါ် အခြေခံပြီး လူတစ်ယောက်ပေါ်တွင် အနိုင့်အထက်ပြုကျင့်ခြင်း သို့မဟုတ် အကြမ်းဖက်သည့် လုပ်ရပ်များဖြစ်ခြင်းဟု ဆိုထားပါသည်။
Nov 26, 2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် ကျောင်းသားများ၏ စာဖတ်ခြင်းအလေ့အထ
တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် အခြေခံပညာ ကျောင်းများကိုအခြေခံ၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။
Nov 26, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Nov 25, 2024
ဆောင်းပါး
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မကြာမီကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်သည် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသားအဆင့် အားကစားပွဲတော်ကြီးဖြစ်သည်။
Nov 25, 2024
ဆောင်းပါး
မြန်မာနိုင်ငံစိုက်ပျိုးရေးပညာ တက္ကသိုလ်ကောလိပ်အဆင့် သင်ကြားပေးနေမှုမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နှစ် (၁၀၀) ပြည့်ပါတော့မည်။ ရာပြည့်အခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။
Nov 25, 2024
၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၁၀၄)နှစ်မြောက် အမျိုးသားနေ့အခါသမယပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် သမိုင်းဝင်နေ့ထူးနေ့မြတ်များရှိကြသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့ဆိုသော နေ့ထူးနေ့မြတ်များရှိသည်။ ထိုသမိုင်းဝင်နေ့များအနက် နယ်ချဲ့ကိုလိုနီတို့၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့သည့်နေ့သည် အမျိုးသားနေ့ပင်ဖြစ်သည်။ စင်စစ်အားဖြင့် အမျိုးသားနေ့သည် တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်တမျှအရေးပါသည့် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်နိုးကြားတက်ကြွလာစေခဲ့သည့် နေ့တစ်နေ့လည်းဖြစ်သည်။