Skip to main content
Jan 21, 2023
ဆောင်းပါး
ကမ္ဘာပေါ်မှာ စစ်မဖြစ်တဲ့နေ့ရယ်လို့မရှိဘူးလို့ ငြိမ်းချမ်းရေးလိုလားသူတွေက ထောက်ပြလေ့ရှိတယ်။ ဒါပေမယ့် စစ်လိုလားသူ စစ်ဝါဒီတွေ၊ စစ်ပွဲတွေကတစ်ဆင့် တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ပြီး အကျိုးအမြတ်ကြီးကြီး ရရှိခံစားနေကြသူတွေကြောင့် စစ်ဆန့်ကျင်သူတွေ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားသူပြည်သူတွေရဲ့ အသံကထင်တိုင်းမပေါက်ခဲ့ပါဘူး။
Jan 20, 2023
၀၁
မြန်မာ- ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတု အခါသမယတွင် မြန်မာ့ဘောလုံးလောကတစ်ခေတ်ဆန်းသစ်လာစေရန် နည်းပေးလမ်းပြ ပံ့ပိုးကူညီပေးခဲ့ပါသော တစ်ချိန်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဆိုဗီယက် (ရုရှား) နည်းပြဆရာများဖြစ်ကြသည့် ဘိုဇင်ကော့ဗ်နှင့် ဇိုနင်တို့ကို ကျွန်ုပ်တို့ မေ့ပျောက်၍ မရစကောင်းပေ။
Jan 20, 2023
သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းခြင်းကို အနည်းဆုံး မဲဆန္ဒရှင်များ၏ ထောက်ခံလက်မှတ် စုစုပေါင်း ၁၀၀၀၀၀ ဖြင့် ဘီလာရုစ်နိုင်ငံသားများက တင်သွင်းရမည်။ အမည်စာရင်း တင်သွင်းမှုသည် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၈၀ မှစတင်ပြီး ရွေးကောက်ပွဲမတိုင်မီရက် ၅၀ တွင် ပြီးဆုံးသည်။ ဘီလာရုစ်သမ္မတနိုင်ငံ ဥပဒေပြုချက်များနှင့်အညီ ရာဇဝတ်မှု မှတ်တမ်းကြောင့် ပြည်နယ်အဖွဲ့အစည်းများနှင့် အခြားပြည်နယ်အဖွဲ့အစည်းများရှိ ရာထူး နေရာများတွင် ထမ်းဆောင်ခွင့်မရှိသော နိုင်ငံသားများသည် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်းများအဖြစ် အမည်စာရင်းတင်သွင်းခွင့် မပြုပါ။
Jan 19, 2023
1

မြန်မာ - ရုရှား ယဉ်ကျေးမှုနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှု

“ကမ္ဘာ့အထွတ်အထိပ်သို့  ရောက်လိုလျှင် ပညာရေးကို မြှင့်တင်ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိပေ”

Jan 18, 2023
“ကမ္ဘာ့အထွတ်အထိပ်သို့ရောက်လိုလျှင် ပညာရေးကို မြှင့်တင်ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိပေ”
Jan 17, 2023
လောကဓမ္မတာအရ အဟောင်းအသစ်ဖြစ်စဉ်တရားတွင် အဟောင်းအဟောင်းတို့ ချုပ်ငြိမ်းရာတွင် အသစ်အသစ်များ အစားထိုးဝင်ရောက်လာတတ်ပေသည်။ အဟောင်းကိုပစ် အသစ်ကိုရှာကြခြင်း၊ အသစ်စက်စက်ကိုမှ တပ်မက်ခြင်းဆန္ဒသည် လူသားတို့မကင်းနိုင်အောင် ရှိကြရပေသည်။ သို့ရာတွင် အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့တလည်လည်ဟူသော စကားလည်းရှိသည်။ ဟောင်းသာဟောင်း၏ ကောင်းသောအရာများရှိသကဲ့သို့ သစ်သာသစ်၍ မဖြစ်သောအရာများရှိကြောင်း ဆရာတိုက်စိုး၏ စာကိုးစကားကိုး စာအုပ်ထဲက အမှတ်အသားကလည်း အသုံးချစရာဖြစ်ရပါ၏။
Jan 16, 2023
နိုင်ငံတော်သည် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအား များမြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေ တိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍အာဟာရ ပြည့်ဝသည့် စားနပ်ရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေ အကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး ပံ့ပိုးကူညီပေးလျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖြစ်သည့် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှု သုတေသန၊ နည်းပညာသုတေသန၊ ပညာရေး သုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် မြေနှင့် ရေ အရင်းအမြစ်များကို အကျိုးရှိရှိ သုံးစွဲသွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီ နည်းစနစ်များဖြင့် ပေါင်းစပ်၍ လယ်ယာ၊ သားငါး ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
Jan 16, 2023
၀၁
ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းသိပ္ပံ (တွံတေး)ကျောင်းဖွင့်ပွဲနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းဖွင့်ပွဲကို ၁၂- ၁၂- ၂၀၂၂ ရက်က ကျင်းပခဲ့ပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Jan 15, 2023
ဆောင်းပါး
စပါး၊ ပဲ၊ ပြောင်း၊ နေကြာစသည်ဖြင့် စိုက်ပျိုးသီးနှံမျိုးစုံ ရာသီပတ်လုံးစိုက်ပျိုးနိုင်အောင် ညောင်ဦးခရိုင်အတွင်း မြစ်ရေတင်စီမံကိန်းငါးခုကို အကောင်အထည်ဖော်ထားပြီးဖြစ်သည်။ မိုးနည်းရပ်ဝန်းဒေသဖြစ်သော်လည်း စိုက်ခင်းများတွင် ရာသီပတ်လုံးစိုက်ပျိုးနိုင်အောင် မြစ်ရေတင်များ တည်ဆောက်ထားရှိမှုကြောင့် စိုက်ပျိုးရေရရှိနေသဖြင့်တောင်သူများက သီးနှံအထွက်တိုးရေး ကြိုးပမ်းအားထုတ်လျက်ရှိသည်။
Jan 15, 2023
လန်ချန်းမြစ်(ခေါ် )မဲခေါင်မြစ်သည် တရုတ်နိုင်ငံမှ စတင်မြစ်ဖျားခံလာကာ အရှေ့တောင်အာရှ ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်လျားဆုံးမြစ်ကြီးဖြစ်သည်။ မဲခေါင်မြစ်သည် မိုင် ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတိုက်တွင်လည်း တတိယမြောက်အရှည်လျားဆုံးဖြစ်သည်။ စတင်မြစ်ဖျားခံရာတရုတ်နိုင်ငံတွင် လန်ချန်းဟုခေါ်တွင်ပြီးဖြတ်သန်းစီးဆင်းရာ နိုင်ငံများတစ်လျှောက်တွင် မဲခေါင်ဟုအမည်သညာတွင်သောကြောင့် အမည်နှစ်မျိုးနှင့်မြစ်တစ်စင်းဖြစ်ပေသည်။