Dec 01, 2022

လူသားတို့သည် မိမိတို့၏ ကာယ၊ ဉာဏစွမ်းအားများပေါ်မူတည်၍ စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားကြရသည်။ ထိုသို့ ရုန်းကန်ကြရာတွင် ပစ္စည်းဥစ္စာပြည့်စုံ၍ စားဝတ်နေရေးတွင် မည်မျှပင် အဆင့်အတန်းမီမီ ကောင်းမွန်ပြည့်စုံစွာ နေထိုင်နိုင်သော်ငြားလည်း ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းနေပါက အများနည်းတူ မစွမ်းဆောင်နိုင်တော့သဖြင့် ပင်ကိုစွမ်းဆောင်နိုင်သည့် အင်အားများ ယုတ်လျော့အားနည်းသည့် အခြေအနေနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။
Nov 30, 2022

မြန်မာနိုင်ငံတွင် ပြည်ပကို ငွေလွှဲလုပ်ငန်းလုပ်ကိုင်ခွင့် ဘဏ်လုပ်ငန်းလိုင်စင်ကို နိုင်ငံပိုင် ဘဏ်သုံးခု၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခု၊ နိုင်ငံ ခြားဘဏ်များ၏ ဘဏ်ခွဲ ၁၃ ခု စုစုပေါင်း ၃၅ ခုအား လုပ်ကိုင်ခွင့်ပြုထားသော်လည်း ပြည်တွင်းဘဏ် ၁၉ ခုအနက် ၁၃ ခုသာ အမှန်တကယ် လုပ်ကိုင် လျက်ရှိသည်။ ဘဏ်များအနေဖြင့် ငွေလွှဲခြင်းဆိုင် ရာလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ခေတ်နှင့်လိုက်လျော ညီထွေမရှိတော့သည့် လုပ်ထုံးလုပ်နည်းများ ဆက်လက်ကျင့်သုံးနေခြင်းက တရားမဝင်ငွေလွှဲခြင်းကို တွန်းအားပေးရာရောက်စေသည်။
Nov 30, 2022

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နယ်ချဲ့တို့လက်အောက်သို့ ကျရောက်စဉ်ကပင် သွေးခွဲအုပ်ချုပ် ခံခဲ့ရသည့်အတွက် လွတ်လပ်ရေးရပြီး နောက်ပိုင်းပေါ်ပေါက်လာခဲ့သည့် ပြည်တွင်း သောင်းကျန်းမှုဒဏ်ကို တိုင်းရင်းသားပြည်သူအားလုံး တွေ့ကြုံခဲ့ရပါသည်။ အဆိုပါ ကိုလိုနီအမွေဆိုးကြီးကြောင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုများနှောင့်နှေးခဲ့ရကာ တစ်ချိန်က ဖွံ့ဖြိုးမှုမရှိခဲ့သည့် အိမ်နီးချင်း နိုင်ငံများနောက်သို့ပင် ရောက်ရှိခဲ့ရပါသည်။
Nov 30, 2022

မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အတူ တွေ့မြင်နေရသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ ဖြစ်ပါသည်။
Nov 29, 2022

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နယ်ချဲ့တို့လက်အောက်သို့ ကျရောက်စဉ်ကပင် သွေးခွဲအုပ်ချုပ်ခံခဲ့ရသည့်အတွက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုဒဏ်ကို တိုင်းရင်းသား ပြည်သူအားလုံး တွေ့ကြုံခဲ့ရပါသည်။ အဆိုပါ ကိုလိုနီအမွေဆိုးကြီးကြောင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုများ နှောင့်နှေးခဲ့ရကာ တစ်ချိန်က ဖွံ့ဖြိုးမှုမရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံများ နောက်သို့ပင် ရောက်ရှိခဲ့ရပါသည်။
Nov 28, 2022

မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် မြန်မာ့ရေမြေသဘာဝအလှများက ချစ်စရာကောင်းလှ သည်။ ကမ္ဘာတစ်လွှား နိုင်ငံခြားသားခရီးသွားများ၏ နှလုံးသားကို ရိုးသားပွင့်လင်းစွာ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။ မြန်မာ့အပြုံး သူတို့နှလုံးသား ထဲ စွဲထင်သွားခြင်းသာဖြစ်သည်။
Nov 28, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ “လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မယ့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရေးနဲ့ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေနဲ့ ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး” မူဝါဒနဲ့အညီ ပြည်သူလူထုအတွင်း ထိရောက်တဲ့ လူမှုရေးပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဝန်ဆောင်မှုတွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။
Nov 28, 2022

“စာမတတ်လို့ စာကိုသင်၊ စာကိုသင်မှ မိုက်မှန်းသိ” ဆိုသည့် ဆရာကြီးမင်းသုဝဏ်တို့လက်ထက်က အမှတ်အသားသည် ခေတ်မတိမ် နည်းမှီရဆဲဖြစ်လေသည်။ စာမတတ်ခဲ့သဖြင့် စာသင်တတ်မြောက် စာဖတ်နိုင်သည့်အခါ တစ်ချိန်က မိုက်မှားခဲ့သည်တို့ကို နောင်တရကြောင်း ရိုးရှင်းစွာ ဆိုပေသည်။ တစ်ချိန်က ကိုလိုနီစနစ်ကြောင့် မြန်မာများ စာမတတ်ခဲ့ရသည်ကို အတော်ပင် ကုစားခဲ့ရသည်။ အထူးသဖြင့် ၁၉၇၀ ဝန်းကျင်တွင် လူတိုင်းစာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတစ်ဝန်း ကြိုးပမ်းခဲ့ပေရာ အောင်မြင်မှုရသည့်အပြင် နိုင်ငံတကာဆုကိုပါ နှင်းအပ်ခြင်းခံရသည်။
Nov 27, 2022

ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် ရွေးကောက်ပွဲတစ်ခုကျင်းပရာ၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်ရန် သာတူညီမျှယှဉ်ပြိုင်နိုင်သော ပတ်ဝန်းကျင်အခြေအနေကောင်းကိုဖန်တီးပေးရန်လိုသည်။ ထိုအခါ ရွေးကောက်ပွဲကို မည်သည့်စနစ်ဖြင့်ကျင်းပမည်ဆိုသည်က အရေးပါသောရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။
Nov 27, 2022

ယနေ့ခေတ်လူအများသည် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းကို လေ့လာလိုက်စားလာကြသည်ကို တွေ့ရပါသည်။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ရာတွင် အများအားဖြင့် လမ်းလျှောက်ခြင်းကို လူကြီး၊ လူငယ်၊ လူရွယ်များပါ ပြုလုပ်လေ့ရှိသည်။ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဟူသော သီချင်းကဲ့သို့ပင် နံနက်စောစောတွင် လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်လေ့ရှိကြသလို တချို့ကလည်း ညနေစောင်းတွင်လမ်းလျှောက်လေ့ရှိကြသည်။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး ယခုလိုဆောင်းရာသီအချိန်သည် လမ်းလျှောက်ရန်အကောင်းဆုံးဖြစ်ပါသည်။