Oct 31, 2022

ကျွန်တော်တို့၏ ဘိုးဘွားများက ပြောကြားခဲ့ဖူးသည့် ဆိုရိုးစကားလေးကို သတိတရဖြစ်မိသည်။ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” တဲ့။ အရင်တုန်းက မြန်မာပြည်တွင် ဤမျှအထိ စပါးများပေါများစွာ ထုတ်လုပ်ထွက်ရှိခဲ့သည့်သဘော ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက “အရှေ့တောင်အာရှ၏ စပါးကျီဗမာပြည်”ဟု ဂုဏ်ပြုမှတ်ချက်စကား
Oct 30, 2022

မှန်ပါသည်။ လေသူရဲကောင်းဟူသည် စစ်ရပ်နယ်ခွင် မိုးယံပြင်၌သာ မှတ်ကျောက်တင်ခံရမြဲဖြစ်၏။ လူသည် မြေမှာမွေးဖွား၊ မြေ၌ ကျင်လည် မြေဝယ်ရုန်းကန် လှုပ်ရှားရသည်မှာ အစဉ်အလာဓမ္မတာပင်ဟု ဆိုရပါမည်။ သို့ရာတွင် သိပ္ပံနှင့်နည်းပညာနယ်ပယ် ဆန့်ထွက်ဖြန့်ကြက်မှု ကျယ်ပြောလာစေသမျှ သဘာဝကို ပြောင်းလဲစေတန်ရာသော အကြောင်းခြင်းရာများ စူးစမ်းရှာဖွေ တွေ့ရှိလာခဲ့ကြပေသည်။ ထိုအခါ လေကြောင်းပညာရပ်၏ ကြီးမြင့်သောဂုဏ်ဒြပ်နှင့် ထိရောက်သောအရေးပါမှုများသည် စွမ်းအားကြီးတစ်ခုသဖွယ် ဖြစ်လာပြီး သိသိသာသာထင်ရှားလာခဲ့ပါသည်။
Oct 28, 2022

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
Oct 27, 2022

တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် နိုင်ငံလုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံတွင် ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က ဗဟိုကော်မတီကိုယ်စားတင်ပြသည့် အစီရင်ခံစာ၌ “၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တရုတ်ကျေးလက်တောရွာ ဆင်းရဲနွမ်းပါးသည့် လူဦးရေသန်း ၁၀၀ နီးပါးလျော့ကျသွားပြီး အသင့်အတင့် ကြွယ်ဝချမ်းသာသောလူမှုအဖွဲ့အစည်းအား အချိန်မီ ဘက်စုံတည်ဆောက်ပြီးစီးခဲ့သည်”ဟု ဖော်ပြပါရှိကြောင်း တရုတ် CRI သတင်းဌာနက ဖော်ပြခဲ့သည်။
Oct 27, 2022

“ကျောင်းထွက်ပြီးနောက် မည်သည့်အလုပ်အကိုင်ကိုမှမတတ်၊ မိမိ၏ အသက်မွေးဝမ်းကျောင်းကိုမှ မတတ်သူသည် လူဖြစ်ရကျိုးရှုံးလှ၏။ ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်တစ်ရပ်သည် အသက်မွေးဝမ်းကျောင်းအတွက် ဖြစ်သင့်သည်။”
Oct 26, 2022

မြန်မာနိုင်ငံတစ်ဝန်းက မိဘပြည်သူတွေဟာ ပွင့်လင်းရာသီ အားလပ်ရက်တွေရောက်တာနဲ့ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ အနားယူ အပန်းဖြေကြပါတယ်။ မိသားစုတွေ စိတ်လက်ကြည်သာ ပျော်ရွှင်ချမ်းမြေ့စေဖို့နဲ့ ကုသိုလ်တွေ မျှဝေရယူကြဖို့အတွက် မြန်မာပြည်အနှံ့ အနယ်နယ်အရပ်ရပ်က တန်ခိုးကြီးဘုရားတွေနဲ့ အပန်းဖြေစခန်းတွေဆီကို ခရီးထွက်လေ့ရှိကြပါတယ်။
Oct 26, 2022

အကြမ်းဖက်ဆိုတာက အကြမ်းဖက်ပါပဲ။ သူ့ ဇ နဲ့ သူပါ။ မပြောင်းလဲပါဘူး။ သတ်မယ်၊ ဖြတ်မယ်၊ ဖျက်ဆီးမယ်ပေါ့။ အကြမ်းဖက်သမားတွေရဲ့ မပြောင်းလဲတဲ့ မူဝါဒကိုယ်တိုင်က တတ်နိုင်သမျှ များများသတ်ဖို့ပါပဲ၊ များများ ပျက်စီးသွားစေဖို့ပါပဲ။ ယခုရက်ပိုင်းအတွင်း ပြည်တွင်းမှာ လူတွေအစုလိုက်၊ အပြုံလိုက် သေကျေဒဏ်ရာရဖို့ ရည်ရွယ်ပြီး အကြမ်းဖက်သတ်ဖြတ်ဗုံးခွဲ ချောင်းမြောင်းပစ်ခတ်မှုတွေ၊ မြို့ရွာတွေကို ၀င်ရောက်စီးနင်း ပစ်ခတ်တိုက်ခိုက်တာတွေ ခပ်စိတ်စိတ်တွေ့လာနေရပါတယ်။ ပြည်သူတွေအဓိက ထိခိုက်နိုင်တဲ့ နေရာတွေကိုမှ ရွေးချယ်ပစ်မှတ်ထားပြီး လုပ်ကြံဖောက်ခွဲမှုတွေလည်း များလာတာ တွေ့နေရပါတယ်။
Oct 25, 2022

ဒါကြောင့်လည်း လူအများစုက ဘဝရဲ့ပျော်ရွှင်မှုတွေရဖို့၊ ကျေနပ်နှစ်သိမ့်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာရတိုင်း မပျော်နိုင်တာတွေရှိသလို ကျေနပ်မှုမရနိုင်တာတွေလည်း ရှိနေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူးပေါ့။ မတူနိုင်ဘူးဆိုတာကလည်း ဘဝရဲ့ပျော်ရွှင်မှုတွေ၊ ကျေနပ်နှစ်သိမ့်မှုတွေဆိုတာ သက်ဆိုင်ရာ ကာယကံရှင်ရဲ့ တန်ဖိုးထားမှုတွေနဲ့ ဘဝအရည် အသွေးတွေအပေါ်မှာ မူတည်နေတတ်ကြလို့ပဲဖြစ်ပါတယ်။
Oct 25, 2022

“တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ တို့ပြည် တို့မြေ”
အစချီသော နိုင်ငံတော်သီချင်း ခြေဆင်းကို သီကြွေးရွတ်ဆို တီးမှုတ်ပြီးလျှင်ပြီးချင်း
“ကမ္ဘာမကျေ၊ မြန်မာပြည်၊ တို့ဘိုးဘွားအမွေစစ်မို့၊ ချစ်မြတ်နိုးပေ”
စသည့် သီဆိုတီးမှုတ်သံကိုကြားရသည်မှာ အလွန်ကြည်နူးပီတိဖြစ်ရပါသည်။ “ကမ္ဘာမကျေ” ဟူသော အသံကိုကြားလိုက်ရလျှင်ပင် ဇာတိသွေးဇာတိမာန်တက်ကြွပြီး “ငါမြန်မာကွ” ဟု ဟစ်ကြွေးချင်စိတ်ပေါ် လာရပါသည်။ “ငါမြန်မာကွ”ဟု ဂုဏ်ယူဝင့်ကြွားချင်စိတ် ပေါ်လာရပါသည်။
Oct 24, 2022

၁၉၆၇ ခုနှစ်တွင် Bangkok Declaration ဖြင့် စတင်တည်ထောင်ခဲ့ကြသည့် အာဆီယံအဖွဲ့ကြီးသည် ယနေ့အခါတွင် နှစ်ပေါင်း ၅၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ စတင်ဖွဲ့စည်းစဉ်က အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သာ ပါဝင်ခဲ့ပါသည်။