Dec 03, 2022

ယနေ့ကမ္ဘာ့လူဦးရေသည် သန်း ၈၀၀၀ ကျော်လွန်သွားပြီဖြစ်ပါသည်။ ထိုအထဲမှ ၁၅ ရာခိုင်နှုန်းဖြစ်သော မသန်စွမ်းသူများသည်လည်း ကမ္ဘာကြီး၏ဖြစ်စဉ် ပြောင်းလဲမှုများကြား ဖြတ်သန်းနေကြရပါသည်။ ကုလသမဂ္ဂသမိုင်းတစ်လျှောက် ကမ္ဘာကြီးစိန်ခေါ်မှုအများဆုံး အခြေအနေသို့ ရောက်ရှိနေခြင်း၊ လူသားအားလုံးနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ခံနိုင်စွမ်းရည် ပိုမိုမြင့်မားပြီး ရေရှည်တည်တံ့သည့် ကမ္ဘာကြီးတည်ဆောက်ရာတွင် အားလုံးပူးပေါင်း အဖြေရှာရန်(All Inclusive) အချိန်တန်ပြီဖြစ်ကြောင်း သတိပြုခြင်းကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၇၇)ကြိမ်မြောက် အစည်းအဝေးကို “အရေးပါသော အပြောင်းအလဲကာလ- စိန်ခေါ်မှုများအား ဆန်းသစ်တီထွင် ပြောင်းလဲခြင်းဖြင့် ဖြေရှင်းရေး (A watershed moment: Transformative Solution to Interlocking Challenges)” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း တွေ့ရပါသည်။
Dec 03, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ပညာရေးကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် အားပေးနေသည်ကို ပြသလိုက်ခြင်း ဖြစ်ပါသည်။
Dec 02, 2022

မသန်စွမ်းသူများဆိုသည်မှာ မျက်စိမမြင်သူ၊ နားမကြားသူ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူ၊ စိတ်ကျန်းမာရေးချို့တဲ့သူနှင့် ဉာဏ်ရည်နိမ့်ကျသူများ ပါဝင်နေပါသည်။ မသန်စွမ်းသူတစ်ယောက် ဖြစ်နေပါက ဝင်ငွေမရှာနိုင်ခြင်း၊ မိသားစု(သို့မဟုတ်) ပတ်ဝန်းကျင်ပေါ်တွင် မှီခိုရခြင်း၊ မိမိကိုယ်တိုင် စိတ်ဓာတ်ကျခြင်း၊ သက်တမ်းစေ့ မနေရခြင်းစသည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။ မသန်စွမ်းဖြစ်ရသည့် အကြောင်းရင်းများထဲတွင် မွေးရာပါ မသန်စွမ်းသူများရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ကြရခြင်းများလည်း ရှိပါသည်။ မသန်စွမ်းသူများသည် ကျန်းမာရေးမကောင်းသူများမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်ပြီး သာမန်လူများကဲ့သို့ ပြုမူလှုပ်ရှားမှု၌ ချို့ယွင်းမှုရှိသူများသာ ဖြစ်ပါသည်။
Dec 02, 2022

မန်ယူ၊ အာကြီး(အာဆင်နယ်)အသင်း အားကစားဝတ်စုံကိုယ်စီနှင့် လူငယ်လေးတစ်သိုက် ဘောလုံးသွားကစားဖို့ ကားငှားနေသည်။ အသက် ၁၄၊ ၁၅ နှစ် ဝန်းကျင် ဆယ်ကျော်သက် အရွယ် လူငယ်လေးများ ဖူဆယ်ကွင်းသွားကန်ကြဖို့ဖြစ်မည်။ အားကစားနည်းမျိုးစုံ ရှိသည့်အနက် ဘောလုံးအားကစားသည် မြန်မာနိုင်ငံ၏ အမျိုးသားအားကစားနည်းတစ်ရပ် လိုဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ။ ယောကျ်ားလေး အားလုံးနီးပါးလိုလို ငယ်စဉ်ဘဝတွင် ဘောလုံးမကစားဖူးသူများ မရှိသလောက် ရှားပါးသည်။
Dec 02, 2022

မြန်မာ့မီးရထားအနေဖြင့် ယခုနှစ် မေလ ၁ ရက်နေ့က သက်တမ်း ၁၄၅ နှစ် ဆိုသည့် ဘူတာစဉ်အမှတ်ကို ဖြတ်ကျော် ခုတ်မောင်းခဲ့ပြီဖြစ်သည်။ မြန်မာ့မီးရထားပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း ပြန်ပြောင်း ကြည့်ရလျှင် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့တို့အနေဖြင့် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ကျူးကျော်သိမ်းပိုက် ပြီးနောက် အောက်မြန်မာပြည်၏ လမ်းပန်းဆက်သွယ်ရေးမှာ လူသွားလမ်း၊ လှည်းလမ်းကြောင်းများနှင့် မြစ်ချောင်းတို့တွင် လှေသမ္ဗန်များဖြင့်သာ ဆက်သွယ်သွားလာလျက်ရှိခြင်း၊ ၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက် အဓိကဒေသ ထွက်ကုန်ဖြစ်သည့် ဆန်နှင့်အခြား ပို့ကုန်များ တင်ပို့မှုတိုးတက်လာခြင်းနှင့် အထက်မြန်မာပြည်ကို အုပ်ချုပ်လျက်ရှိသည့် မြန်မာဘုရင်က စစ်တုံ့ပြန်သည့်အခါ၎င်းတို့၏ ဗြိတိသျှစစ်တပ်နှင့် စစ်လက်နက်ပစ္စည်းများကို အလျင်အမြန် ရွှေ့ပြောင်း ပို့ဆောင်နိုင်ရန်တို့ အတွက် ရထားလမ်းဖောက်လုပ်ရန် သုံးသပ်လာကြသည်။
Dec 01, 2022

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားများကို နှစ်စဉ်ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး၌ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရန်၊ ပြည်သူ့ကျန်းမာရေး၀န်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူများအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းပါ၀င်၍ ခုခံအားကျဆင်းမှုကူးစက်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
Dec 01, 2022

လူသားတို့သည် မိမိတို့၏ ကာယ၊ ဉာဏစွမ်းအားများပေါ်မူတည်၍ စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားကြရသည်။ ထိုသို့ ရုန်းကန်ကြရာတွင် ပစ္စည်းဥစ္စာပြည့်စုံ၍ စားဝတ်နေရေးတွင် မည်မျှပင် အဆင့်အတန်းမီမီ ကောင်းမွန်ပြည့်စုံစွာ နေထိုင်နိုင်သော်ငြားလည်း ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းနေပါက အများနည်းတူ မစွမ်းဆောင်နိုင်တော့သဖြင့် ပင်ကိုစွမ်းဆောင်နိုင်သည့် အင်အားများ ယုတ်လျော့အားနည်းသည့် အခြေအနေနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။
Nov 30, 2022

မြန်မာနိုင်ငံတွင် ပြည်ပကို ငွေလွှဲလုပ်ငန်းလုပ်ကိုင်ခွင့် ဘဏ်လုပ်ငန်းလိုင်စင်ကို နိုင်ငံပိုင် ဘဏ်သုံးခု၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခု၊ နိုင်ငံ ခြားဘဏ်များ၏ ဘဏ်ခွဲ ၁၃ ခု စုစုပေါင်း ၃၅ ခုအား လုပ်ကိုင်ခွင့်ပြုထားသော်လည်း ပြည်တွင်းဘဏ် ၁၉ ခုအနက် ၁၃ ခုသာ အမှန်တကယ် လုပ်ကိုင် လျက်ရှိသည်။ ဘဏ်များအနေဖြင့် ငွေလွှဲခြင်းဆိုင် ရာလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ခေတ်နှင့်လိုက်လျော ညီထွေမရှိတော့သည့် လုပ်ထုံးလုပ်နည်းများ ဆက်လက်ကျင့်သုံးနေခြင်းက တရားမဝင်ငွေလွှဲခြင်းကို တွန်းအားပေးရာရောက်စေသည်။
Nov 30, 2022

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နယ်ချဲ့တို့လက်အောက်သို့ ကျရောက်စဉ်ကပင် သွေးခွဲအုပ်ချုပ် ခံခဲ့ရသည့်အတွက် လွတ်လပ်ရေးရပြီး နောက်ပိုင်းပေါ်ပေါက်လာခဲ့သည့် ပြည်တွင်း သောင်းကျန်းမှုဒဏ်ကို တိုင်းရင်းသားပြည်သူအားလုံး တွေ့ကြုံခဲ့ရပါသည်။ အဆိုပါ ကိုလိုနီအမွေဆိုးကြီးကြောင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုများနှောင့်နှေးခဲ့ရကာ တစ်ချိန်က ဖွံ့ဖြိုးမှုမရှိခဲ့သည့် အိမ်နီးချင်း နိုင်ငံများနောက်သို့ပင် ရောက်ရှိခဲ့ရပါသည်။
Nov 30, 2022

မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အတူ တွေ့မြင်နေရသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ ဖြစ်ပါသည်။