Skip to main content
Oct 09, 2024
မြန်မာ့မီးရထား၏သမိုင်းသည် ၁၈၇၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ရာ မကြာမီနှစ်ပေါင်း ၁၅၀ ပြည့်တော့မည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် အစောဆုံးအဖြစ်စတင်နိုင်ခဲ့သည့် မြန်မာ့ရထားသယ်ယူပို့ဆောင်ရေးစနစ်မှာ လက်ရှိအချိန်တွင် အခြားနိုင်ငံများနှင့်ယှဉ်ပါက နောက်ကျကျန်ရစ်‌နေပြီဖြစ်သည့်အလျောက် အဘက်ဘက်မှ အဆင့်မြှင့်တင်မှုများပြုလုပ်၍ ခေတ်နှင့်အညီဆန်းသစ်စေကာ နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်သည်။
Oct 08, 2024
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးစနစ်အမျိုးမျိုးကျင့်သုံးခဲ့သည်။ နိုင်ငံရေးစနစ် ပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးခဲ့သည်။ စီးပွားရေးတွင် တိုးတက်မှုများရှိသကဲ့သို့ ဆုတ်ယုတ်မှုများ၊ ထိုက်သင့်သလောက် အောင်မြင်မှုမရှိသည်များလည်းရှိခဲ့သည်။ စီးပွားရေးအားနည်းချက်ဖြစ်ပေါ်မှုကြောင့် လူမှုဘဝတွင် ဂယက်ရိုက်ခတ်ပြီး နိုင်ငံရေးပြဿနာများလည်း ပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Oct 08, 2024
အင်္ဂလိပ်ဘာသာတွင် Civilization ဟူသော ဝေါဟာရနှင့် Culture ဟူသော ဝေါဟာရတို့ကို မြန်မာပြန်ဆိုရာ၌ “ယဉ်ကျေးမှု”ဟူ၍သာ ယေဘုယျအားဖြင့် ပြန်ဆိုလေ့ရှိကြသည်။ ပိုမို၍နီးစပ်သော အနက်အဓိပ္ပာယ်အရမူ Civilization သည် သမိုင်းကာလ ခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုကြီးများကို အဓိကရည်ညွှန်းခြင်းဖြစ်ပြီး Culture ကမူ သမိုင်းခေတ်များထဲမှ လူမှုဓလေ့စရိုက်များ၊ ခေတ်ပြိုင်ကာလ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မတူကွဲပြားသည့် လူမှုစရိုက်များကို ဆိုလိုခြင်းဖြစ်သည်။
Oct 07, 2024
​​​​​​​၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကြီး ခရီးတစ်ဝက်နီးပါးတိုင် ချောမွေ့စွာဆောင်ရွက်နိုင် ပြီဖြစ်သည်။ ကျန်ရှိသောခရီးတစ်ဝက်တွင် အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
Oct 07, 2024
မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာ စီးပွားရေးလုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အ‌ထောက်အကူပေးရေးလုပ်ငန်းများ ‌ဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(‌‌ရေ)အား အထောက်အကူပြုနိုင်ရန် စသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုနှစ်တွင် သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်လုံးမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်းပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာရန် မျှော်မှန်းချက်ဖြင့်တပ်ဖွဲ့ကို တည်ဆောက်လျက်ရှိရာ သုံးနှစ်တာကာလအတွင်း တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလျက်ရှိနေသည်ကို‌ တွေ့ရှိနိုင်သည်။
Oct 06, 2024
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သည်။ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးပါမှ အဆိုပါနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းပြီး လုံခြုံစိတ်ချရသော လူ့ဘောင်အသိုက်အဝန်းတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့မှသာ ပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
Oct 06, 2024
ကျောင်းနေအရွယ် အသက်ငါးနှစ်မှစကာ ကလေးငယ်တို့ စာသင်ဖို့ ကျောင်းသို့ရောက်ကြသည်။ ထိုအရွယ်သည် စာသင်ရန်၊ ရွတ်ဆိုရန်၊ ရေးသားရန်၊ မှတ်သားရန် ဦးနှောက်မှတ်ဉာဏ်နှင့် ရုပ်ခန္ဓာတို့ ဖွံ့ဖြိုးနေပြီး စွမ်းရည်တို့လည်း ပြည့်စုံနေပြီဖြစ်သည်။ ကကြီး၊ ခခွေးမှစကာ အရေး၊ အဖတ်အခြေခံတို့ သင်ကြား လေ့ကျင့်မှုများပြုပြီးသည်နောက် နှစ်နှစ်၊ သုံးနှစ်အတွင်း ၎င်းတို့အရွယ်နှင့်လိုက်သည့်စာကို ကောင်းစွာဖတ်နိုင်ကြပြီဖြစ်သည်။
Oct 05, 2024
မြန်မာတို့၏အစဉ်အလာအရ ရိုသေဆည်းကပ်ပူဇော်ထိုက်သော ပုဂ္ဂိုလ်များတွင် ဆရာဆရာမများပါဝင်သည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့်တစ်တန်းတည်းထားသည့် ပုဂ္ဂိုလ်များမှာ ဆရာဆရာမများဖြစ်သည်။ ထို့ကြောင့် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု သတ်မှတ်ကြသည်။ ဆရာ၏ဂုဏ်ဒြပ်နှင့်ကျေးဇူးများမှာ ကြီးမားလှသဖြင့် ရိုသေထိုက်သူ၊ ပူဇော်ထိုက်သူ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု အလေးအမြတ်ပြုပေသည်။
Oct 05, 2024
ပညာရေးကဏ္ဍအရည်အသွေးမြင့်မားမှ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်သည်လည်း အရည်အသွေးမြင့်မားနိုင်သည်။ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာလျှင် နိုင်ငံကို မြင့်မြင့်မားမား၊ ကောင်းကောင်းမွန်မွန် တည်ဆောက်နိုင်မည်ဖြစ်သည်။ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ကို ပုံဖော်ထုဆစ်သူများမှာ ဆရာ၊ ဆရာမများဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အဦးအစသည် ဆရာ၊ ဆရာမတို့ထံတွင် ရှိနေသည်။
Oct 04, 2024
ပြီးခဲ့သည့်လအတွင်းက တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်သက်ရောက်မှုကြောင့် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်များ မြန်မာနိုင်ငံတစ်ဝန်း၌ ကြီးကြီးမားမား ကြုံတွေ့ခံစားခဲ့ကြရသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များ၊ ပြည်သူများက အလျင်အမြန် တစ်တပ်တစ်အား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။