Skip to main content
Oct 04, 2024
အဂတိလိုက်စားမှုများသည် ရှေးကတည်းကပင်ရှိခဲ့သလို အဂတိလိုက်စားမှုများကို ရှေးလူတို့ကလည်း လက်မခံခဲ့ကြသည့်အလျောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာလည်း ရှေးကာလကပင်ရှိခဲ့သည်။ သို့ရာတွင် ခေတ်ကာလသာလျှင် ပြောင်းခဲ့သော်လည်း လူတို့၏ အဂတိလိုက်စားမှု အမူအကျင့်များ၊ အလိုလောဘများကမပြောင်း။ ကမ္ဘာတစ်ဝန်း၌ သိသိသာသာဆိုးရွားလာသည့် အဂတိလိုက်စားမှုများကို ကိုင်တွယ်နိုင်ရန်အတွက် နိုင်ငံတကာသဘောတူညီချက်အနေဖြင့် ၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ တိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးဥပဒေပြဋ္ဌာန်းခဲ့သည်။
Oct 03, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အမျိုးသားရေးလုပ်ငန်းစဉ်လှုပ်ရှားဆောင်ရွက်မှုကို နိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ပြုလုပ်နေပြီဖြစ်သည်။ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကြီးတွင် နိုင်ငံတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။
Oct 03, 2024
အဝန်းဖြေရန်အတွက်၊ ပျော်ရွှင်မှုအတွက်၊ လုပ်ငန်းကိုင်ငန်းစီးပွားရေးအတွက် စသည်ဖြင့် ကမ္ဘာအနှံ့ခရီးသွားလာကြခြင်းကို အကြောင်းပြု၍ ခရီးသွားလုပ်ငန်းများပေါ်ပေါက်လာသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရှာနေနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍အခြားလုပ်ငန်းများကိုပါ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖွံ့ဖြိုးတိုးတက်လာစေခြင်းစသည်ဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။
Oct 02, 2024
​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၉ ရက်နေ့က မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား တွေ့ဆုံစဉ် “မိမိတို့အနေဖြင့် မိတ္ထီလာခရိုင် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သာမန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ အားထည့်၍ ဆောင်ရွက်သွားရန်လိုပြီး အချိန်ကိုအကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ ဒေသခံများအားလုံးက အမြင်ကျယ်ကျယ်ဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်” မှာကြားခဲ့သည်။
Oct 02, 2024
ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရေးသည် ယနေ့ မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်ဖြစ်သည်။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံရေးတို့အတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ ယင်းတာဝန်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်နှင့်အတူတွဲ၍ ထမ်းဆောင်လျက်ရှိသည်။
Oct 01, 2024
ယနေ့သည် နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အတူတကွပူးပေါင်းပြီး ညီညွတ်သောအင်အားကို စတင်ထုတ်ဖော်ပြသည့်နေ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အမှန်တည်ရှိနေသော လူဦးရေနှင့်အိမ်အကြောင်းအရာ ကိန်းဂဏန်းအချက်အလက်များကို အောက်တိုဘာလ ၁ ရက်နေ့ (ယနေ့) မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေကြပြီဖြစ်သည်။ တစ်မျိုးသားလုံး တစ်ချိန်တည်းတစ်ပြိုင်တည်း တက်ညီလက်ညီဆောင်ရွက်ကြသည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
Oct 01, 2024
၃၀.၉.၂၀၂၄ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူများအားလုံးကို အောက်တိုဘာ ၁ ရက် (ယနေ့) မှစ၍ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူသွားမည်။ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ ကောက်ယူမည့်အကြောင်းအရာအချက်အလက်များ၊ ပြည်သူများဘက်မှ ဆောင်ရွက်ပေးရမည့်အရာများ စသည့်သိကောင်းစရာအဖြာဖြာတို့ကို မီဒီယာများမှတစ်ဆင့် အသိပညာပေးခြင်း၊ ကွင်းဆင်းဟောပြောခြင်း၊ သင်တန်းများပို့ချခြင်း စသည့်နည်းလမ်းများဖြင့် ပြည်သူအများ သိရှိနားလည်ထားကြပြီးလည်းဖြစ်သည်။
Sep 30, 2024
ရာဂီတိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတစ်ဝန်းမှ စေတနာရှင်၊ အလှူရှင်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ နေ့စဉ်အဆက်မပြတ် လှူဒါန်းလျက်ရှိသည်။
Sep 30, 2024
ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရုတ်တရက်ရေကြီးရေလျှံဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင် အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်၌ ကျင်းပရာ စုစုပေါင်းအလှူငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံကျော် လက်ခံရရှိခဲ့သည်။ စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင်လည်း အလှူငွေစုစုပေါင်း ကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို လက်ခံရရှိခဲ့ရာ စေတနာရှင်၊ အလှူရှင်များ၏ စေတနာသဒ္ဓါထက်သန်မှုမှာ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာသာဓုခေါ်ဖွယ်ရာပင်ဖြစ်သည်။
Sep 29, 2024
ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ပြီး စိတ်ရွှင်လန်းတက်ကြွလိုပါလျှင် ခရီးသွားပါဟု အကြံပြုကြသည်။ ကမ္ဘာပေါ်ရှိနိုင်ငံအများစုမှ ပြည်သူတို့သည် တစ်နှစ်လျှင် တစ်လ အားလပ်ရက်ယူကာ တစ်နှစ်တာပင်ပန်းနွမ်းနယ်ခဲ့သမျှကို ခရီးသွားခြင်းဖြင့် ဖြေလျှော့လေ့ရှိကြသည်။ သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့် လုပ်ငန်းရှင်၊ ပိုင်ရှင်များကလည်း လာမည့်တစ်နှစ်တာလုပ်ငန်းခွင်အတွင်း လန်းဆန်းတက်ကြွမှုဖြစ်စေရန်အတွက် ခရီးသွားလာခြင်းကို ခွင့်ပြုအားပေးကြသည်။