Nov 09, 2024
ကျောက်မီးသွေး၊ ရေနံစသည့် ရုပ်ကြွင်းလောင်စာများ သုံးစွဲမှု စတင်ခဲ့သည့် ၁၉ ရာစုအလယ်ကာလနှင့် နှိုင်းယှဉ်ပါက ယနေ့ကမ္ဘာကြီးသည် ပိုမိုပူပြင်းလာပြီဖြစ်သည်။ ယခု ၂၀၂၄ ခုနှစ်သည် ကမ္ဘာတစ်ဝန်း အပူချိန် စံချိန်တင်အမြင့်ဆုံးနှစ်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာတစ်ဝန်း ကြုံတွေ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ယခင်က မဖြစ်ပေါ်ခဲ့ဖူးသည့်ပုံစံဖြင့် ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုဘေးအန္တရာယ်များကို မြို့နယ်အများအပြား၌ ကြုံတွေ့ခဲ့ကြရသည်။ ထိုစဉ်က တောင်တရုတ်ပင်လယ်ပြင်တွင် “ရာဂီ” တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းတိုက်ခတ်ကာ မြန်မာနိုင်ငံသို့ အဖျားခတ်ချိန်နှင့် တိုက်ဆိုင်စွာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်မှုနှင့် နှစ်ခုဆုံပြီး မကြုံစဖူး ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ကြရသည်။
Nov 08, 2024
မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ပြီး တွင်းထွက်သယံဇာတများနှင့် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ဆုံရာနေရာ၌ အချက်အချာကျကျ တည်ရှိသောကြောင့် မဟာဗျူဟာကျပြီး လမ်းပန်းဆက်သွယ်မှုဆိုင်ရာ ဗဟိုချက်မနေရာတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် လူဦးရေထူထပ်များပြားသည့် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ရှိသည်။ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်သည်။
Nov 08, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးများတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li Qiang တို့ နိုဝင်ဘာ ၆ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အားသစ်လောင်းပေးနိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးနိုင်ခဲ့သည်။
Nov 07, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးနှင့် အခြားထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ယခုထက်မက တိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့သည်။
Nov 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်လျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
Nov 06, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ သွားရောက်သောခရီးစဉ်တွင် ကူမင်းမြို့၌ နိုဝင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများသို့ ပါဝင်တက်ရောက်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဟု သိရသည်။
Nov 06, 2024
အမေရိကန်သမ္မတရွေးကောက်ပွဲကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြသည်။ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ သမ္မတအပြောင်းအလဲသည် ကမ္ဘာ့ရေးရာများအပေါ်တွင်လည်း သက်ရောက်မှု ကြီးကြီးမားမားဖြစ်ပေါ်ခြင်းက စိတ်ဝင်စားကြရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ ယခုနှစ် ယှဉ်ပြိုင်ကြသည့် သမ္မတလောင်းနှစ်ဦးတို့မှာ တစ်ဦးက တစ်ကျော့ပြန်ရွေးကောက်ခံသူ သမ္မတဟောင်းဖြစ်ပြီး ကျန်တစ်ဦးက ရွေးကောက်ခံရပါက အမေရိကန်နိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်လာမည့် အိန္ဒိယနွယ်ဖွား အမျိုးသမီးဖြစ်ခြင်းတို့ကလည်း ပို၍စိတ်ဝင်စားဖွယ်ဖြစ်သည်။
Nov 05, 2024
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(မန္တလေး)သည် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ် တပ်ဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက ပြည်ပထွက်ခွာမှုများအား ပူးပေါင်းစစ်ဆေးစဉ် ထိုင်းနိုင်ငံလေဆိပ်သို့ ထွက်ခွာမည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် အမျိုးသမီးငယ် သုံးဦးကို မသင်္ကာဖွယ်တွေ့ရှိ၍ ခေါ်ယူစစ်ဆေးခဲ့ရာ အဆိုပါအမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက်ကို အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးခေါ်ဆောင်ခံရသူ များဖြစ်ကြောင်းနှင့် ၎င်းတို့ကဲ့သို့ စည်းရုံးခံထားရသူ အမျိုးသမီး ၁၁ ဦးကို မန္တလေးမြို့တွင် စုစည်းထိန်းချုပ်ထားကြောင်းသိရပြီး ဂိုဏ်းဖွဲ့ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
Nov 05, 2024
တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုနိုင်စေရန်၊ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်နှင့်တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံကို အောင်အောင်မြင်မြင် ကျင်းပ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။
Nov 04, 2024
မြန်မာနိုင်ငံတွင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်ကြသည်။ ထို့အပြင် မတူကွဲပြားသော ဗုဒ္ဓ၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်ဘာသာကြီးလေးမျိုးနှင့် အခြားသောနှစ်သက်ရာတို့ကို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသည်။ မတူကွဲပြားမှုများပေါင်းစုပြီး နားလည်မှုရှိရှိဖြင့် စုဝေးနေထိုင်ကြသော ပြည်ထောင်စုကြီးသည် နှစ်လိုဖွယ်ရာအတိဖြစ်သည်။ အေးချမ်းသာယာဝပြောမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်သည်။
