Jul 10, 2026
အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာအရအရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများကို မိမိတို့အစိုးရတာဝန်ယူထားရသည့်ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးမှုရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ဇူလိုင် ၉ ရက်ကကျင်းပသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်သမ္မတက တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
Jul 09, 2026
အခြေခံစားကုန်၊ လူသုံးကုန်များသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၌ အရေးအကြီးဆုံးအချက်ဖြစ်သည်။ ယင်းသည် နိုင်ငံအတွင်း၌ နေ့စဉ်နှင့်အမျှ ပြည်သူလူထုလိုအပ်ချက်အဖြစ်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများတွင် အခြေခံစားကုန်များဖြစ်သည့် အသား၊ ငါးနှင့် မီးဖိုချောင်သုံးသီးနှံများမှာ ဈေးကွက်လိုအပ်ချက်အရ အများအပြားရှိနေသည်။ သို့ဖြစ်၍ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဈေးကွက်များသို့ တင်ပို့ရောင်းချကြရမည်ဖြစ်သည်။ သို့သော် အချို့သော လမ်းကြောင်းများနှင့် ဝေးလံသောဒေသများ၌ လုံခြုံရေးအကန့်အသတ်များကြောင့် အပြည့်အဝတင်ပို့၊ တင်သွင်းနိုင်ခြင်းမရှိသေးပေ။ အဆိုပါအချက်သည် ဈေးကွက်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အဓိကအဟန့်အတားဖြစ်နေသည်။
Jul 09, 2026
နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ပို့ကုန်များ အရေအတွက်များများ ထုတ်လုပ်နိုင်ရန်လိုကြောင်း ဇူလိုင် ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
Jul 08, 2026
နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်။
Jul 08, 2026
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone- REZ) အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး သုံးခုတို့တွင် စုစုပေါင်းဧက ၃ ဒသမ ၄ သိန်းကျော်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားမည်ဟု သိရသည်။
Jul 07, 2026
၂၀၂၆ ခုနှစ် ကမ္ဘာ့ကျေးလက်ဒေသဖွံ့ဖြိုးရေးနေ့ဆောင်ပုဒ်သည် “တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်းဖော်ဆောင်ရေး” ဖြစ်သည်။ အဆိုပါဆောင်ပုဒ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရတစ်ရပ်တည်း အင်အားဖြင့် ဆောင်ရွက်၍မရပေ။ နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူလူထုတစ်ရပ်လုံးက ညီညွတ်သော စုပေါင်းစွမ်းအားဖြင့် ဟန်ချက်ညီညီ လက်တွဲပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။
Jul 07, 2026
မြန်မာပြည်သူပြည်သားတို့ ငြိမ်းချမ်းရေးကို မျှော်လင့်စောင့်စားခဲ့ကြရသည်မှာ ကာလရှည်လျားကြာမြင့်လှပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးသည် မိမိတို့နိုင်ငံ မိမိတို့မြေပေါ်သို့ နှစ်ကြိမ် တိုင်တိုင်ရောက်ရှိခဲ့သည်။ စစ်ကြီးအပြီး နိုင်ငံလွတ်လပ်ရေးရ၍ ပြန်လည်ထူထောင်မှုတို့ပင် မစရသေး အချင်းချင်းကြားသံသယများ၊ အကွဲအပြဲများ၊ တိုက်ခိုက်မှုများက အရင်ဖြစ်ပေါ်လာသည်။ ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးစသည့် ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် တိုက်ခိုက်ခဲ့ကြရာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းခဲ့ပြီဖြစ်သည်။
Jul 06, 2026
မူပိုင်ခွင့်သည် တစ်မျိုးသားလုံး၏ အမျိုးသားအကျိုးစီးပွားကို အကျိုးပြုနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုသည့် စနစ်တစ်ခုဖြစ်သည်။ မူပိုင်ခွင့်စနစ်တစ်ရပ်သည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အပံ့ပေးနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းထားသည်။ မူပိုင်ခွင့်ဥပဒေပါ လုပ်ငန်းတာဝန်များအရ နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ၂၀၂၃-၂၀၂၈ ကို ချမှတ်ထားပြီးဖြစ်သည်။
Jul 06, 2026
ယခုရက်ပိုင်းအတွင်း မိုး/ဇလက ထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသသတင်းများနှင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြုချက်များကို အလေးအနက်ပြုကြရန်လိုသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း မိုင်ဆက်ခ်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးပြည်နယ် ကမ်းရိုးတန်းများကို ဖြတ်ကျော်ဝင်ရောက်ပြီး မိုးသက်လေပြင်းများအဖြစ် အားပျော့သွားခဲ့ရာ ၎င်း၏သက်ရောက်မှုအဖြစ် မြန်မာနိုင်ငံတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
Jul 05, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည်။ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃ ရက်နေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတတို့သည် လာအိုသမ္မတအိမ်တော်၌ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးကြသည်။
