Skip to main content
Jun 19, 2026
မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုပမာဏတို့မှာ ကြီးကြီးမားမားကွာဟမှု ရှိနေဆဲဖြစ်သည်။ ပြည်တွင်းရှိ ဓာတ်အားထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးတို့မှ လျှပ်စစ်ဓာတ်အားကို နှစ်အလိုက် တိုးတက်ထုတ်လုပ်ပေးပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းရာနှုန်းပြည့် လျှပ်စစ်မီးပေးနိုင်ရန် ရည်မှန်းချက်ရှိသည့်တိုင် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများစသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသည့် စနစ်ကြီး၏ အစိတ်အပိုင်းများစွာတို့မှာ အကြမ်းဖက်ဖျက်ဆီးမှုအမျိုးမျိုးတို့ကြောင့် ပျက်စီးခဲ့ရခြင်းနှင့် ပြည်တွင်းဒေသအများအပြားတည်ငြိမ်အေးချမ်းမှု မရှိသေးခြင်းတို့ကြောင့် ရည်မှန်းထားသည့် ကာလအတွင်း ပြီးမြောက်အောင်မြင်နိုင်ရန် ခဲယဉ်းမည်ဖြစ်သည်။
Jun 18, 2026
​​​​​​​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လျက်ရှိရာ ဇွန် ၁၆ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာဖော်ဆောင်လျက် နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သည်။
Jun 18, 2026
​​​​​​​ပေါ်ဆန်းဟုဆိုလျှင် အရည်အသွေးကောင်းသည့် ဆန်မျိုးဖြစ်ကြောင်း မြန်မာတိုင်းသိကြသည်။ ပေါ်ဆန်းဆန်ကိုချက်သည့် ထမင်းသည် မွှေးရနံ့ရှိခြင်း၊ ဆန်သားရှည်ထွက်ခြင်း၊ နူးညံ့ပျော့ပြောင်းခြင်းစသည့် အရည်အသွေးများကြောင့် ဆန်စျေးကွက်တွင် ထင်ရှားကျော်ကြားသည့် ဆန်မျိုးဖြစ်သည်။ ဆန်ဈေးကွက်ဟုဆိုရာတွင် ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်အတွက်ပါ အခွင့်အလမ်းများ ရှိနေရာ တိုးချဲ့စိုက်ပျိုးပြီး ပြည်ပသို့ တိုးချဲ့တင်ပို့ခြင်းဖြင့် အရည်အသွေးကောင်း ဆန်စျေးကွက်ကိုပါ ရရှိလာမည်ဖြစ်သည်။
Jun 17, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဇွန် ၁၅ ရက်က နိုင်ငံတော်အဆင့် (State Visit) ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လျက်ရှိသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှ အပြန်အလှန်ဖေးမကူညီကြသော “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုဖြစ်သည်။
Jun 17, 2026
ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အရေးပေါ်ကုသရမည့်လူနာများ၊ ခွဲစိတ်ကုသရမည့်လူနာများ၊ ကလေးမွေးမည့်မိခင်များ၊ ပုံမှန်သွေးသွင်းနေရသည့် နာတာရှည်ဝေဒနာရှင်များ စသည်ဖြင့် သွေးလိုအပ်သည့်လူနာများမှာ ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီ၍ရှိနေသည်။ အသက်ကယ်ဆယ်နိုင်ရေးအတွက် လုံခြုံစိတ်ချရသော သွေးလိုအပ်ချက်သည် စက္ကန့်တိုင်းတွင် ကမ္ဘာ့တစ်နေရာရာ၌ ရှိနေသော်လည်း သွေးရရှိမှုမှာ နည်းပါးလျက်ရှိသည်။ သို့ဖြစ်ရာ သွေးဘဏ်များသည် အန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသည့် သန့်ရှင်းသော သွေးရရှိနိုင်ရန် အဖိုးအခငွေကြေးတစ်စုံတစ်ရာမယူဘဲ စေတနာအလျောက် ပုံမှန်သွေးလှူကြသည့် စေတနာသွေးလှူရှင်များကို ကြိုးစားရှာဖွေနေကြရသည်။
Jun 16, 2026
​​​​​​​မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းများမှာ တစ်နေ့နှင့်တစ်နေ့မတူ ပြောင်းလဲမြင့်တက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ကုန်ဈေးနှုန်းမြင့်မားလာမှုကို အခြေခံပြည်သူများ နေ့စဉ်ကြုံတွေ့ခံစားနေရသည်။ မြန်မာနိုင်ငံ၏ အရောင်းအဝယ်ဈေးကွက်သည် တည်ငြိမ်မှုမရှိဘဲ အတက်ဘက်သို့သာ ရှေးရှုနေသည်ကိုတွေ့ရမည်ဖြစ်သည်။
Jun 16, 2026
​​​​​​​တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှုမှာ ယခုနှစ်တွင် ၇၆ နှစ် ပြည့်မြောက်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခါစ တရုတ်နိုင်ငံသည်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တိုင်းသစ်ပြည်သစ် ထူထောင်ခါစတွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြခြင်းဖြစ်သော်လည်း နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့် နှစ်နိုင်ငံကြားမှ ဆက်ဆံရေးမှာ နှစ်ပေါင်းထောင်ချီ ရှည်ကြာနေပြီဖြစ်သည်။
Jun 14, 2026
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံကူးသန်းသွားလာရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ တည်ဆောက်ဖွင့်လှစ်ပေးထားသည်။ မြန်မာ-ထိုင်း မြဝတီကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-အိန္ဒိယတမူးကုန်သွယ်ရေးစခန်းများသည် ကူးသန်းရောင်းဝယ်ကုန်သွယ်မှုတွင် အစဉ်အဆက်အရေးပါပြီး ကုန်စည်စီးဆင်းမှုများ ကောင်းမွန်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည်။
Jun 14, 2026
သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်တောတစ်တောကို ကြည့်လျှင် မြေပြင်နှင့် ကပ်လျက်၌ မြက်ပင်များနှင့် ချုံပင်များ၊ ၎င်းတို့၏အထက်၌ အပင်လတ်များ၊ အားလုံး၏ အထက်တွင် အပင်မြင့်ကြီးများကို တွေ့ကြရမည်ဖြစ်သည်။ ယင်းသို့ ပေါက်ရောက်နေသည့် မြက်ပင်၊ ချုံပင်၊ သစ်ပင်များအားလုံးသည် လူတို့အတွက် အသုံးမဝင်သည်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ကိုမူ တစ်နည်းတစ်ဖုံအားဖြင့် ထိန်းသိမ်းပေးနိုင်ကြသည်။ လေထုနှင့် မြေထုကို အေးမြစေခြင်း၊ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မြေအောက်ရေကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာတိုက်စားမှုမဖြစ်အောင် ထိန်းသိမ်းပေးခြင်း၊ သားငှက်တိရစ္ဆာန်များ ရှင်သန်ကျက်စားနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်တို့ကို ထိန်းသိမ်းပေးခြင်းစသည်ဖြင့် အသုံးဝင်ကြသည်။
Jun 13, 2026
​​​​​​​အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုများရှိနေရာ စက်သုံးဆီ(ဒီဇယ်ဆီ)အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များ၊ တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့နည်းသက်သာစေရန်အတွက် ဓာတ်မြေဩဇာတင်သွင်းမှုများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများ သက်သာစေနိုင်ရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုများအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန်၊ ကြိုတင်ဝင်ငွေခွန်တို့နှင့်ပတ်သက်၍ ကင်းလွတ်ခွင့် ကာလကို ထပ်မံတိုးမြှင့်ခွင့်ပြုပေးသည့် ကြေညာချက်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။