Jun 02, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ခေါင်းဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မေ ၃၁ ရက် နံနက်ပိုင်းက မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံရှိ အကြီးဆုံးစွမ်းအင်ကုမ္ပဏီ လုပ်ငန်းစုကြီးလုပ်ငန်းခွဲတစ်ခု၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ အဆိုပါအခမ်းအနားများတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
Jun 02, 2026
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါပူးတွဲကြေညာချက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲ၍ ချစ်ကြည်ရေးနှင့် နီးကပ်သောမိတ်ဖက်အဖြစ် ရပ်တည်မှုကိုလည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဘုံတူညီသောကတိကဝတ်များ ထားရှိမှုကိုလည်းကောင်း ထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆင့်တိုင်းတွင် နီးကပ်စွာ ဆက်လက်ထိတွေ့ဆောင်ရွက်သွားရန် နှစ်ဖက်လုံးက သဘောတူညီခဲ့ကြသည်ဟူ၍ ထည့်သွင်းဖော်ပြထားသည်။
Jun 01, 2026
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ ရှေးရှေးကာလကတည်းက နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ကူးသန်း ရောင်းဝယ်သွားလာမှုများရှိခဲ့သည်။ မျက်မှောက်ကာလတွင်လည်း နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ထိတွေ့လုပ်ကိုင်လျက်ရှိသည်။ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေအရ တူညီသည့် အစဉ်အလာကောင်းများရှိသည့်အပြင် အိန္ဒိယမျိုးနွယ်စုဝင် အမြောက်အမြားသည် မြန်မာနိုင်ငံတွင် အေးချမ်းစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လုပ်ကိုင်လျက်ရှိသည်။
Jun 01, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အစ ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသူ ကျောင်းသားတို့ ကျောင်းတက်ကြရပြီ ဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းအပ်နှံမှုများကို လက်ခံခဲ့ပြီး ကျောင်းဖွင့်ချိန်ရောက်သည့်တိုင် ဆက်လက်၍လည်း လက်ခံပေးလျက်ရှိသည်။ အခြေခံပညာအတန်းများအားလုံးတွင် ကျောင်းအပ်နှံခြင်းအတွက် မည်သည့်အဖိုးအခကြေးငွေမျှ ပေးသွင်းရန်မလို။ အားလုံးအခမဲ့ဖြစ်ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ စသည်တို့ကိုပင် ထောက်ပံ့ပေးလျက်ရှိကာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ တန်းစဉ်မှန်မှန်ကူးပြောင်းကြရေးကသာ အဓိကဖြစ်သည်။
May 31, 2026
မြန်မာနိုင်ငံအတွင်း၌ ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ရေမြေသယံဇာတနှင့် အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဖြန့်ကြက်လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အားပေးမြှင့်တင်ကူညီခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
May 31, 2026
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေကြသော အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာ လက်ရှိကမ္ဘာပေါ်တွင် လူဦးရေအများဆုံး သော နိုင်ငံကြီးနှစ်နိုင်ငံဖြစ်ကြသည်။ အိန္ဒိယသည် လူဦးရေ ၁ ဒသမ ၄၇ ဘီလီယံ၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံသည် လူဦးရေ ၁ ဒသမ ၄၁ ဘီလီယံ၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၇ ဒသမ ၀၂ ရာခိုင်နှုန်းရှိရာ နှစ်နိုင်ငံပေါင်း လူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်ရှိသည်။ ယခုအခါ အဆိုပါနိုင်ငံကြီး နှစ်နိုင်ငံတို့မှာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများအဖြစ် ရောက်ရှိလာကြပြီဖြစ်သည်။
May 30, 2026
ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်ကော်ဖီခွက်ရေ သန်းပေါင်း ၂၆၀၀ သောက်သုံးနေကြသည်ဟု ကျွမ်းကျင်သူတို့က ခန့်မှန်းထားကြသည်။ ကော်ဖီသည် ကမ္ဘာပေါ်တွင် ရေပြီးလျှင် သောက်သုံးမှု ဒုတိယအများဆုံးဖြစ်သကဲ့သို့ ရေနံပြီးလျှင် ဒုတိယကုန်သွယ်မှုအများဆုံး ကုန်ပစ္စည်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၀၂ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၄ ဒသမ ၂၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
May 30, 2026
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါက ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားများသည် ရောဟိဏီမြစ်ရေကို ခွဲဝေသုံးစွဲရာ၌ အဝေမတည့်ဖြစ်ကြသည်။ မိုးလေဝသမှန်၍ မြစ်ရေလုံလုံလောက်လောက်ရနေစဉ်က ရေအတွက် ပြဿနာမရှိခဲ့ကြသော်လည်း ထိုအချိန်က မိုးခေါင်သဖြင့် ရောဟိဏီမြစ်ရေအလွန်နည်းပါးနေချိန် ဖြစ်သည်။ အပူရှိန်ပြင်းသည့် ကဆုန်၊ နယုန်လတွင် ရောဟိဏီမြစ်ရေသည် တစ်ပြည်ထောင်အတွက်ပင် လုံလောက်အောင်မရှိဖြစ်ခဲ့သည်။
May 29, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို မေ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့်ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကိုမြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
May 29, 2026
မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ဗဟုဝင်ရိုးကမ္ဘာဟုဆိုလာကြသည့်တိုင် နံနက်နိုးစ မှိုင်းပျပျ အချိန်အခါမျိုးနှယ်သာဖြစ်သည်။ ထင်ထင်ရှားရှားမြင်နေရသည့်မြင်ကွင်းမှာ လူသားသမိုင်းတစ်လျှောက်လုံးကိုပုံဖော်ခဲ့သော အင်အားနိုင်ငံရေး (Power Politics) ဆက်လက်ရှင်သန်နေခြင်းနှင့် အမျိုးသားအကျိုးစီးပွား စစ်ပွဲများသာလျှင်ဖြစ်သည်။ ဧကဝင်ရိုးကမ္ဘာကို ဦးဆောင်ခဲ့သည့် မဟာအင်အားကြီးနိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများမှာမူ အက်ရာကွဲရာများနှင့်အတူ ဘက်တစ်ဖက်တည်းမှာ ရပ်နေကြသည်။ ၂၁ ရာစု၏ ကမ္ဘာ့အစီအစဉ်သစ်တွင် နောက်ထပ်ထွက်ပေါ်လာသည့် နိုင်ငံအုပ်စုမှာ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဘာသာရေးအခြေခံနိုင်ငံအုပ်စုဖြစ်သည့် အိုအိုင်စီဖြစ်သည်။
