Skip to main content
Oct 23, 2025
​​​​​​​တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ဂုဏ်ယူဖွယ်နိုင်ငံတစ်နိုင်ငံဖြစ်စေရန်အတွက် အသိဉာဏ်ပညာနှင့် အမြော်အမြင်ကြီးမားသည့် ခေါင်းဆောင်များရှိနေရုံဖြင့် မလုံလောက်ပေ။ အသိဉာဏ်ပညာဗဟုသုတနှင့် တွေးခေါ်ဆင်ခြင်နိုင်မှုမြင့်မားသော နိုင်ငံသူနိုင်ငံသားများလည်း ပေါများနေရန်လိုအပ်သည်။ အစိုးရကနိုင်ငံတော်ကို ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်သလို နိုင်ငံသူနိုင်ငံသားများကလည်း နိုင်ငံ့သားကောင်းပီသစွာဖြင့် ပါဝင်ဆောင်ရွက်မှသာ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာနိုင်ပေသည်။
Oct 23, 2025
​​​​​​​နိုင်ငံသူ နိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်းအခြေအနေမှာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်မှုအပေါ်တွင် သက်ရောက်မှုရှိသည်။ နိုင်ငံသူ နိုင်ငံသားတို့ ပညာရည်မြင့်မားမှသာ နိုင်ငံကိုကောင်းမွန်အောင်၊ မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် လက်ရှိမိမိတို့နိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများ ပညာရေးအခြေအနေမှာ ပျမ်းမျှအားဖြင့်ဆိုရလျှင်မကောင်း။ ဘွဲ့ရပညာတတ်ဦးရေမှာလည်း နိုင်ငံလူဦးရေနှင့်စာလျှင် အချိုးအစားနည်းပါးလျက်ရှိရာ အမျိုးသားပညာရေးကို မဖြစ်မနေမြှင့်တင်ရမည့်အခြေအနေဖြစ်သည်။
Oct 21, 2025
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်သည့် ပေါ်ဆန်းမွှေးသည် အမှန်တကယ် ကောင်းမွန်သည့် ဆန်အမျိုးအစားဖြစ်ခြင်းကြောင့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ အမှတ်တံဆိပ် (Brand) တစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၉ ရက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Oct 19, 2025
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်းတစ်ရာကျော်ဖြင့် ဖွဲ့စည်း တည်ထောင်ထားသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသားများမှာ အသွေးအရောင်မတူ ကွဲပြားကြသော်လည်း ပြည်ထောင်စုကြီးအတွင်း ဤမြေတွင်နေ၊ ဤရေကိုသောက်၍ အတူတကွစုပေါင်းနေထိုင် ကြီးပြင်းရှင်သန်ရပ်တည်လာကြသူများဖြစ်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများဖြစ်ကြသည်ဟု ခံယူထားကြပြီး ချစ်ခင်စည်းလုံးသည့် ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ မွေးမြူထားရှိကြရမည်ဖြစ်သည်။
Oct 19, 2025
ကမ္ဘာတစ်ဝန်းတွင် ကော်ဖီသောက်သုံးသူ တိုးပွားလာနေခြင်းကြောင့် ကမ္ဘာ့ကော်ဖီဈေးကွက်သည်လည်း ပို၍ ပို၍ကြီးမားကျယ်ပြန့်လာနေသည်။ ယမန်နှစ် (၂၀၂၄ ခုနှစ်) က ကမ္ဘာ့ကော်ဖီဈေးကွက်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံကျော်ဖိုးရှိပြီး ဆက်လက်၍ တိုးတက်မည်ဟုလည်း ခန့်မှန်းထားကြသည်။ အချို့ကလည်း နောက်ငါးနှစ်အကြာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်၏တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းနေကြသည်။
Oct 18, 2025
​​​​​​​အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်နှင့်ပြည်သူပြည်သားများ၏ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ အလားတူ နိုင်ငံတော်လုံခြုံအောင်ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း နိုင်ငံတကာကလည်း မိမိတို့နိုင်ငံအပေါ် လူရိုသေ၊ ရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ ခိုင်မာသည့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုက အစိုးရအပေါ်မှာ ခိုင်ခိုင်မာမာယုံကြည်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
Oct 18, 2025
​​​​​​​ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ကို အောက်တိုဘာ ၁၆ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများက အပြီးတိုင်ထိန်းချုပ်လိုက်ရာ မြို့တွင်း၌ရှိနေကြသည့် TNLA အကြမ်းဖက်သောင်းကျန်းသူတို့ ဆုတ်ခွာထွက်ပြေးသွားကြရပြီဖြစ်သည်။ မပြေးမီ ထုံးစံမပျက် မြို့တွင်းမှ ယူနိုင်သယ်နိုင်သမျှ ယူကြသယ်ကြပြီးဖြစ်သလို ရုံးဌာနများနှင့် ပြည်သူပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်။ နောင်ချို၊ ကျောက်မဲမှသည် သီပေါအထိ ၎င်းတို့ပြေးကြရသမျှ မြို့တိုင်းမှာ မဖျက်မနေ ဖျက်ဆီးခဲ့ကြသည့်အထဲတွင် ဂုတ်ထိပ် တံတား၊ ဂုတ်တွင်းတံတား၊ မိုးတေတံတား၊ နမ့်မန်းတံတား၊ ကျင်သီတံတား စသည့် တံတားများလည်း မိုင်းခွဲချိုးဖျက်ခံကြရသည်။
Oct 16, 2025
ပြဿနာတစ်ခုကို အကျေအလည်ဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရသည်။ ပြဿနာကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကာယကံရှင်များရော၊ သက်ဆိုင်သူများပါ အားလုံးပါဝင်ညှိနှိုင်းဆွေးနွေးကြမှ အဖြေတစ်ခုခုကို ရရှိမည်ဖြစ်သည်။ အလျှော့၊ အတင်း၊ အပေး၊ အယူ ဘက်မျှအောင်ဆောင်ရွက်ကြမှသာ ရည်မှန်းချက်သို့ ရောက်မည်ဖြစ်သည်။ အကုန်မရလျှင်မယူ၊ ဘာမျှအလျှော့မပေးဘဲ ရလိုမှုတစ်ခုတည်းကိုသာ ရှေ့တန်းတင်ပြီး အာဃာတများနှင့် ဆွေးနွေးနေသမျှ မည်သည့်အခါမျှ အောင်မြင်မှုမရဘဲ အလှမ်းဝေးနေမည်ဖြစ်သည်။
Oct 16, 2025
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သည်။ ယင်းသို့တည်ဆောက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်မှာ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။
Oct 14, 2025
ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာ၌ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခြင်းဖြင့် ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး ပြည်သူလူထုအကျိုးကို အမှန်တကယ်သယ်ပိုးဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်စစ်စစ်များကို ရွေးချယ်ပေးရမည်ဖြစ်သည်။ ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ၌ ပြည်သူများ ပါဝင်ဆောင်ရွက်ရမည့် ကနဦးလုပ်ငန်းစဉ်ဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့အစိုးရ တစ်နည်းအားဖြင့် ပြည်သူအုပ်ချုပ်ခြင်းဖြစ်၍ ရွေးကောက်ပွဲဖြင့် ပြည်သူ့ကိုယ်စား ဆောင်ရွက်ပေးရမည့်သူကို ရွေးချယ်ပေးရမည် ဖြစ်သည်။