Sep 28, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport Forum) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Sep 28, 2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့်(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း ၂၄၈ ဦးတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တို့၌ တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည်။
Sep 28, 2023
အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၏ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop) နှစ်ခုကို စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တပ်မတော် ဆေးတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ် ပွဲကို အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ အမှတ် (၁) တပ်မတော် ဆေးရုံ (ခုတင် ၇၀၀) တွင် ကျင်းပမည်ဖြစ်သည်။
Sep 28, 2023
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲ စတုတ္ထနေ့ကို စက်တင်ဘာ ၂၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာဝူရှူးအားကစားမယ် စန္ဒီဦးအဆင့် ၉ နေရာရရှိသည်။
Sep 28, 2023
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲ ရှုံးထွက်အဆင့် ဒုတိယနေ့ပွဲစဉ်များကို စက်တင်ဘာ ၂၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Sep 28, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 28, 2023
အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
Sep 28, 2023
ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 28, 2023
ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO)နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ပူးပေါင်း၍ ဆော်ဒီအာရေဗျ နိုင်ငံ၏မြို့တော် Riyadh (ရီရတ်ဒ်) မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် ယနေ့တွင် ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဦးဆောင်သူ များဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး (ရီရတ်ဒ်)မြို့မှ သံအမတ်ကြီး ဦးတင်ယုတို့ပါဝင် တက်ရောက်ကြသည်။
Sep 28, 2023
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာစက်တင်ဘာ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း (၃၀) (၈၁x၈၂) လမ်းကြား Honey Hive စားသောက်ကုန် (ကုန်ကြမ်း) ပစ္စည်းရောင်းဝယ်ရေးဆိုင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပျားရည် ၈၈ ကီလိုဂရမ်၊ Hersheys ချောကလက်အနံ့အရည် ၄၈ ဘူး အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၇၄၅၀၀)ကိုလည်းကောင်း၊ မန္တလေးမြို့ (၃၃)လမ်း (၈၅x၈၆) လမ်းကြား ချမ်းအေးသာစံ မြို့နယ်ရှိ (ဟွာထိုက်) ကုန်စုံအရောင်းဆိုင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန်ကြမ်းပစ္စည်းများဖြစ်သည့် လိမ္မော်ယို ၂၇ ဘူး၊ Weiyi နို့နံ့ ၂၅ ဘူး အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄၄၂၀၀၀) ကိုလည်းကောင်း၊ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၂) လမ်း (၈၅x၈၆)လမ်းကြား အောင်နန်းရိပ်သာ (အနောက်လမ်း) ရှိ (ရွှေဝတ်မှုံ) မုန့်သုံးကုန်ကြမ်းပစ္စည်းမျိုးစုံနှင့် ရေသန့်ဘူးခွံအရောင်းဆိုင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန်ကြမ်းပစ္စည်း ဖြစ်သည့် ငှက်ပျောနံ့ဘူး ၁၂၀ အပါအဝင် ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၀၃၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၂၃၃၃၆၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 28, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား စားအုန်းဆီ၊ နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တုန်ဟုန်းကျေးရွာ၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
Sep 28, 2023
အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးခန်းမဆောင်၌ ဆက်လက်ကျင်းပသည်။
SIM Card များကို စနစ်တကျမှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း
Sep 28, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
Sep 28, 2023
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာ ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Sep 28, 2023
ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ ဗဟိုအဆင့်ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနရုံး အမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 28, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည့် Pagoda Digital Directory ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။
Sep 28, 2023
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
