Skip to main content

နေပြည်တော် - တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ပြင်ဦးလွင်မြို့နယ် ရွှေစာဝိုင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ရွှေစာဝိုင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၀ နှင့် ကြီးကြပ်သူ ဆရာ ဆရာမ ခုနစ်ဦး စုစုပေါင်း ၄၇ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် စိန်ရတုပြတိုက်တို့တွင် ကြည့်ရှုလေ့လာကြသည်။

ရှေးဦးစွာ လေ့လာရေးအဖွဲ့အား ပင်မအဆောက်အဦရှိ Audito-rium ခန်းမတွင် “နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ” Video Clip ကို ပြသပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်ပြောကြားကာ အမှတ်တရပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် 5.1 Surround Sound Room (အသံသွင်းစတူဒီယိုခန်းမ) တွင် မြန်မာ့အသံခေတ်ပေါ်တီးဝိုင်းနှင့်အတူ MRTV မှ ဝန်ထမ်းများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ကျောင်းသား ကျောင်းသူများကလည်း ပျော်ရွှင်စွာပါဝင်သီဆိုကြသည်။

 ထို့နောက် ကျောင်းသား ကျောင်းသူများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ News Channel Studio တွင် သတင်းရိုက်ကူး ထုတ်လွှင့်မှုတို့ကို လေ့လာကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တွင် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများ၌ အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့်အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ကျောင်းသား ကျောင်းသူများ၏ မှတ်သားဖွယ်ရာအဖြေလွှာများ၌ ဖြည့်စွက်မှုများအပေါ် စိစစ်၍ အမှတ်တရပစ္စည်းများ ပေးအပ်သည်။

အဆိုပါ ကျောင်းသား ကျောင်းသူများသည် စိန်ရတုပြတိုက်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် ပြန်လည်ထွက်ခွာသွားကြသည်။  

သတင်းစဉ်