နေပြည်တော် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာကို ဇန်နဝါရီ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်းကို TNLA သောင်းကျန်းသူများထံမှ သိရကြောင်း ကောလာဟလသတင်းများကို တရားမဝင်ပြည်ဖျက်မီဒီ ယာ Khit Thit နှင့် DVB တို့က လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိပါကြောင်း၊ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများမှ တပ်မတော်အပေါ် ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ကောလာဟလသတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်