Dec 31, 2023
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ (၆) ကြိမ်မြောက်ညီလာခံ (6th MFF Congress 2023) ကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီ က Video Conferencing ဖြင့် ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa ၊ အာရှ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ၁၉၀ မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။
Dec 31, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း၌ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Dec 31, 2023
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၅) ကြိမ်မြောက်ဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရေဆင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး များ၊ ဆရာ ဆရာမများ၊ ဘွဲ့ခံကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Dec 31, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်ရှိ အင်တိုင်းသာကျောင်းတိုက်နှင့် သရက်ခုံကျောင်းတိုက်တို့တွင်ကျင်းပသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Dec 31, 2023
မနေ့ကတုန်းက ကျွန်တော်တို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ပုဂ္ဂိုလ်မစ္စမော်နင်းကနေပြီးတော့ သတင်းစာရှင်းလင်းပွဲမှာတော့ လောက်ကိုင်၊ တုံချိန်နေရာပေါ့။ Crown ဟိုတယ်ရှေ့မှာ ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားတွေ သေကျေဒဏ်ရာရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကလည်း အမျိုးမျိုးတရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် ဦးတည်ပြီးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။
Dec 31, 2023
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ရှမ်းပြည်နယ်/ ကယားပြည်နယ်ရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့် ယနေ့မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Dec 31, 2023
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်သည် တာဝန်ရှိသူများနှင်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၃၂) တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Dec 31, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့်အတူ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးကဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား၍ ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာ များပေးအပ်ကာ ကျောင်းဝင်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာနှင့် ကျောင်းသားကျောင်းသူများ ပိုမိုတိုးချဲ့လက်ခံနိုင်ရေးအတွက် တည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Dec 31, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးရက်သတ္တပတ် ပဉ္စမအကြိမ်မြောက် လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့တွင် ကျင်းပပြုလုပ်ကြပါသည်။ ပြည်သူများ ကျန်းမာစွာနေနိုင်ရေးအတွက် ကျန်းမာရေးကို အထောက်အကူပြုသည့် အားကစားတစ်မျိုးဖြစ်သော လမ်းလျှောက်ခြင်း၊ စုပေါင်းလမ်းလျှောက်ခြင်းကို ဒီဇင်ဘာလ၏ အပတ်စဉ်ရုံးပိတ်ရက်တိုင်းပြုလုပ်ခဲ့ရာ ယခုအပတ်တွင် ပဉ္စမအကြိမ်မြောက်ပြီးဆုံး ခဲ့ပြီဖြစ်သည်။
Dec 31, 2023
နှစ်ဟောင်းတစ်ခုကုန်ဆုံး၍ နှစ်သစ်ကိုကြိုဆိုကြရမည့်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤကာလသို့ရောက်တိုင်း နှစ်သစ်ကို မျှော်လင့်ချက်များစွာဖြင့် ကြိုဆိုခဲ့ကြသည့်တိုင် ခက်ခဲကြမ်းတမ်းမှုများနှင့် ရုန်းကန်ရင်ဆိုင်ရမှုများကိုသာ အများအားဖြင့် ကြုံတွေ့ခဲ့ကြရသည်ကို ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း တွေ့ရှိနိုင်သည်။ ပြည်ပနိုင်ငံအချို့၏ ပြည်တွင်းရေးစွက်ဖက်မှုများနှင့် ဖိအားပေးမှုများ၊ ပိတ်ဆို့ဟန့်တားမှုအနှောင့်အယှက်များ၊ ပြည်တွင်းစည်းလုံး ညီညွတ်မှုအားနည်းကျဆင်းနေမှုများ၊ အတွင်းအပြင်ပူးပေါင်း လုပ်ဆောင်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဝင်ရောက်ကူးစက်မှုများ၊ ဆန့်ကျင်အုံကြွမှုများနှင့် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ စသည့်ပုံရိပ်အများစုကသာ အတိတ်နှစ်များကို လွှမ်းမိုးထား ခဲ့သည်။
Dec 30, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (ပဥ္စမပတ်) လူထုအားကစားလှုပ် ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
Dec 30, 2023
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသ တွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
Dec 30, 2023
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာတို့ကို ဒီဇင်ဘာလ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်လာပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် မီးမရှို့ခင် နေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်ပြီး ရွှေ၊ ငွေနှင့် ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မယူဆောင်သွားကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။
Dec 30, 2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များမီးလောင်နေပြီး ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း တပ်မတော်က မီးရှို့ဖျက်ဆီးနေကြောင်း တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 30, 2023
နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG ၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်ကျေးရွာများအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်း နေကြောင်း သိရှိရသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ဒေသခံပြည်သူများကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။
Dec 30, 2023
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ် ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ် စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
Dec 30, 2023
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက် တစ်ရပ်ရပ်နှင့်ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင် သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီစစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးထွန်းသန်းအောင်၏ Mekong News (မဲခေါင်သတင်း)သတင်းအေဂျင်စီသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့်အကြောင်းအရာများကို ရေးသားလွှင့်တင်ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် Mekong News (မဲခေါင်သတင်း) သတင်းအေဂျင်စီကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ ပိတ်သိမ်းလိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန
Dec 30, 2023
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။
Dec 30, 2023
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်း၌ ကွန်ပျူတာ တက္ကသိုလ်(မကွေး)သို့ ရောက်ရှိ ခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံသည်။