Skip to main content

နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲများတွင် ဓာတုအဆိပ်သင့်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော် မေ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော်မှဓာတုအဆိပ်သင့်ဗုံးများဖြင့် မေ ၈ ရက်က ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများမူးမော်ခြင်းနှင့် အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရကြောင်း ကောလာဟလသတင်းမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

လုပ်ကြံဝါဒ ဖြန့်ဝေလျက်ရှိ

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲများတွင် တပ်မတော်မှ ဓာတုအဆိပ်သင့်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ထိခိုက်သေဆုံးမှုများပြားခဲ့သည့် ယခင်တိုက်ပွဲများတွင်လည်း တပ်မတော် မှ ဓာတုအဆိပ်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိသည်။

သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် လုပ်ကြံရေးသား

ယခုဖြစ်စဉ်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ထိရောက်သော လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်း သူများ ထိခိုက်သေဆုံးမှု များပြားလျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ