Dec 29, 2023
အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပြန်လည်သုံးသပ်ရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။
Dec 29, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၂) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
Dec 29, 2023
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၂၃ မိုင် ၁ ဖာလုံရှိ အရှည်(၂၁၀)ပေ၊ လေးလမ်းသွား ဆင်သေချောင်းတံတား (ကျောက်ချက်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ ကျင်းပသည်။
Dec 29, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့သည်ဟု အကြောင်းပြချက်ဖြင့် မြို့ခံပြည်သူ ၁၅ ဦးအား ဖမ်းဆီးထားကြောင်း မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေးမီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 29, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အထောင်တိုက်နယ်ကျေးရွာအုပ်စု ကျွဲခြံဒေါင့်ကျေးရွာလမ်းဖွင့်ပွဲကိုလာမည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကာ လမ်းဖွင့်ပွဲအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသခံများထံ တစ်အိမ်ထောင်လျှင် ၁ သိန်းနှုန်း ကောက်ခံလျက်ရှိပြီး ငွေမပေးနိုင်သူများအနေဖြင့် လုပ်အားပေးရန် အတင်းအကျပ် စေခိုင်းခံရကြောင်း မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေးမီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 29, 2023
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။
Dec 29, 2023
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့်ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင် သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။
Dec 29, 2023
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပထမဆုံး အပန်းဖြေအပျော်စီးသင်္ဘောခရီးစဉ်ကို Harmony River Cruise သင်္ဘောက အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးနေကြောင်း အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
Dec 29, 2023
ဆရာတော်လောင်းလျာသည် မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက်၊ ခမည်းတော် ဦးခွန်ဘိုးဘီ+ မယ်တော် ဒေါ်နန်းအေးချိုတို့မှ ၁၂၉၃ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁ ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
Dec 29, 2023
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co., Ltd.မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG၊ MGZS EV နှင့် MG၊ MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Dec 29, 2023
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မြောက်ပိုင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မန်စီမြို့နယ် ကုန်းတိမ်ကျေးရွာတွင် စက်ရုံတည်နေရာထား၍ ရော်ဘာပြားများ ထုတ်လုပ်လျက်ရှိသည်။
Dec 29, 2023
ကျောင်းသား ကျောင်းသူများအတွက် သုတေသနနည်းလမ်းများကို စနစ်တကျ နားလည်သိရှိစေရန်နှင့် အသုံးချသုတေသနများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံသုတေသနနည်းစနစ်များဆိုင်ရာ ဟောပြောပို့ချပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
Dec 29, 2023
အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 29, 2023
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 29, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 29, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်းခန်းမ၌ မုံရွာမြို့ရှိ အမှတ် (၁) ၊ အမှတ် (၂) ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်း ( One Stop Service) ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
Dec 29, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ သာယာအေးကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာတို့တွင် သမဝါယမလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Dec 29, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လက်ပံလှ-စဉ့်ကူးယာယီစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီဓာတ်ဆီ 92 ဂါလန် ၁၉၂၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၇၅၆၇၇၇)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၇၅၆၇၇၇ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 29, 2023
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ်သိန်း ၂၅၃၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Dec 29, 2023
မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဓမ္မမေဒနီစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဉာဏောသူရိယာ ဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) သက်တော် (၉၃) နှစ်၊ သိက္ခာ (၇၃) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ် နတ်တော်လပြည့် (၂၇-၁၂-၂၀၂၃) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၀၂:၄၅ နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ၁၃၈၅ ခုနှစ် နတ်တော်လကွယ် (၁၀-၁-၂၀၂၄) နေ့တွင် အန္တိမစျာပနအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။