Jan 02, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် တောင်မော်ရွာကို ဒီဇင်ဘာ ၃၀ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှလက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး နှလုံးရပ်သေဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။
Jan 02, 2024
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ညောင်ပင်ကွင်းကျေးရွာကို နှစ်သစ်ကူးချိန်တွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာထဲမှ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 02, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်နှင့် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့သို့ ရောက်ရှိပြီး စာကြည့်တိုက်ရှိ စာငှား၊ စာဖတ်၊ ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
Jan 02, 2024
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် တတိယအကြိမ် စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 02, 2024
နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ ယနေ့ အလှည့်ကျဝတ်ရွတ်အသင်းဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝတ်ရွတ်အသင်းက ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်နေမှုကို ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်အဖွဲ့ လာရောက်ကြည်ညိုကြသည်။
Jan 02, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပညာရေးဝန်ကြီးဌာနမှ မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jan 02, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေးနှင့် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 02, 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန် ၉၀ ကျ အဆင့်မြင့်ဆန်စက်နှင့် တန် ၁၂၀ ကျ စပါးအခြောက်ခံစက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံများ၌ ကျင်းပသည်။
Jan 02, 2024
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Jan 02, 2024
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ လွတ်လပ်ရေးသက်တမ်း အနှစ် ၇၀ ကျော်ခဲ့ပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လွတ်လပ်ရေးနှင့်ထိုက်တန်သည့် အကျိုးခံစားခွင့်များနှင့်ထိုက်သင့်သည့် တိုးတက်ဖြစ်ထွန်းမှုများ အပြည့်အဝမရှိသေးပေ။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံနှင့်ထိုက်တန်သော အရည်အချင်း၊ ဂုဏ်ဒြပ်များ ပြည့်စုံစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
Jan 02, 2024
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာနှင့်ရင်ပေါင်တန်းရာတွင် တိုင်းပြည်ကို အန္တရာယ်ရန်စွယ်အပေါင်းမှ ကာကွယ်ရန်အပြင် အများနှင့်တန်းတူ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စဉ်ဆက်မပြတ် တည်ဆောက်နေရခြင်းဖြစ်သည်။ တိုင်းပြည်ကာကွယ်ရေးနှင့် တည်ဆောက်ရေးအတွက် အဓိကကျသော ပြည်တွင်းအင်အားသည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၇၆ နှစ် ကြာလာပြီဖြစ်သည့်တိုင် အပြည့်အဝစုစည်းညီညွတ်မှုမရသေး။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့လှမ်းချီ ဖြတ်ကျော်သွားကြချိန်တွင် မိမိတို့နိုင်ငံမှာမူ ရှိသင့်ရှိထိုက်သည့်အနေအထားသို့ ရောက်မလာဘဲ နောက်တွင် ကျန်နေရစ်ခဲ့ရသည်။
Jan 01, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၄-၁၂-၂၀၂၃)ရက်နေ့၊ ည(၈:၀၀)နာရီမှ (၃၁-၁၂-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၃၇၁)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆)ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၉)ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Jan 01, 2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မိုင်းဆတ်မြို့နယ် လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 01, 2024
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ) အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Jan 01, 2024
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညပိုင်းက ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း (ဦးထောင်ဘိုလမ်းမှ ကမ်းနားလမ်းအထိ) ကတ္တရာကွန်ကရစ်(AC)ထပ်ပိုးလွှာ ခင်းကျင်းနေမှု၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအကြိုပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
Jan 01, 2024
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် ဒေါ်လာအမှတ်တံဆိပ် နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-
Jan 01, 2024
၁။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်း ၁၅ ရက် ကြာ ကောက်ယူမည်ဖြစ်ပါသည်။ ယင်းလုပ်ငန်း၏ အကြိုလှုပ်ရှားမှုအဖြစ် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ အလွတ်တန်းနှင့် ဝါသနာရှင်အဆင့် ဆောင်းပါးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ပြိုင်ပွဲဝင်များ၏ဆောင်းပါးများတွင် အောက်ဖော်ပြပါအဓိကအချက်များ ထည့်သွင်းရေးသားသင့်ပါသည် -
Jan 01, 2024
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်၏ အကြိမ် (၅၀) မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် အလှူဒါနအစုစုတို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်တော်ပေါ်ရှိ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပသည်။
Jan 01, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jan 01, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (PHRI)ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နည်းပညာပေးသင်တန်းများ ဆောင်ရွက်ထားရှိမှု၊ ဟင်းသီးဟင်းရွက် လေလွင့်ဆုံးရှုံးမှုများ စစ်တမ်းကောက်ယူခြင်းနှင့် ရေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။