Skip to main content

Jan 01, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၉ ရက်တွင် ကချင်ပြည်နယ် နောင်မွန်းမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံ ရုံးခန်း၊ ပြင်ပလူနာဌာနနှင့် အထူးကြပ်မတ်ဆောင်တို့ ပါဝင်သည့် အာရ်စီနှစ်ထပ်တိုးချဲ့ဆောင်အသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်နေသည့် လူနာများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အူဗျစ်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မြေသယ်ယာဉ် ၁၁ စီး၊ မီးခံသေတ္တာနှစ်လုံး အပါအဝင် ဆက်စပ်ပစ္စည်းငါးမျိုး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၀၀၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပသို့ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆ သန်းကျော်ရှိသည်။ နှစ်သစ်ကူးကာလဖြစ်၍ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပနိုင်ငံများမှ ဝယ်လိုအားအတက်ဘက်သို့ ဦးတည်လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနှင့် အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့နိုင်သကဲ့သို့ စက်မှုကုန်ချောများဖြစ်သည့် CMP ချုပ်ပြီး အထည်များလည်း ပိုမိုတင်ပို့နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ (ပဉ္စမပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ထန်းပင်သည် အညာဒေသ၏အလှတစ်ပါးဖြစ်သကဲ့သို့ သဘာဝ၏လက်ဆောင်မွန်ဆိုပါက ပို၍ပြည့်စုံတိကျမည်ဖြစ်သည်။ ထန်းပင်စိုက်ရန် ဓာတ်မြေဩဇာမလို၊ ပိုးသတ်ဆေးမလို၊ ရေပေးရန်မလို၊ သဘာဝအလျောက်ရှင်သန်နိုင်သောအပင်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း ထန်းကိုအခြေခံ၍ စားသောက်ကုန်များထုတ်လုပ်ပြီး ဒေသစီးပွား၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး အထောက်အကူပြုဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ကမ္ဘာပေါ်တွင် လူမျိုးအလိုက်၊ ဘာသာအလိုက်နှစ်များကို ရေတွက်သည့် အစဉ်အလာမှာ လူ့ယဉ်ကျေးမှု ထွန်းကားသည့် အချိန်မှစ၍ ရှိလာခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ လူမျိုး၊ ဘာသာမတူညီကြသော်လည်း ခရစ်သက္ကရာဇ်သည် တစ်ကမ္ဘာလုံးတရားဝင်အသုံးပြုကြသည့် သက္ကရာဇ်ဖြစ်သောကြောင့် နိုင်ငံတိုင်းတွင် ခရစ်သက္ကရာဇ်နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယကို ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ ကြိုဆိုကြလေ့ရှိသည်။ ထိုသို့ ခရစ်သက္ကရာဇ်နှစ်သစ်သို့ကူးပြောင်းသည့် အခါသမယကို ပျော်ပွဲရွှင်ပွဲများကျင်းပကာ ကြိုဆိုကြသည့် နိုင်ငံများတွင် မိမိတို့ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ခရစ်နှစ် ၂၀၂၃ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာ ဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့နှင့် အခြားမြို့ကြီးများ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြကာ နှစ်သစ်ကိုတညီတညွတ်တည်း ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းသည် “(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နတ်တော်လပြည့်ကျော် ၈ ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants – MICPA) ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ရန်ကုန်မြို့ရှိ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ပြန်ကြား​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့ စိမ်းလဲ့ရေကြည်ခန်းမ၌ ကြိမ်/ဝါး အချောထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

နှစ်သစ်ချိန်ခါဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာသူကမ္ဘာသားအပေါင်းနဲ့ နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာချမ်းသာပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ မင်္ဂလာဆုတောင်းပို့သပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ယနေ့ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်း ဇန်နဝါရီ ၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ နိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံလျက် အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ယနေ့ တိုင်းပြည်မှာ ပြည်သူတွေ တောင့်တလိုလားနေတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာသာယာယာ တည်တည်ငြိမ်ငြိမ်လိုချင်ကြတဲ့ ဆုတစ်ခုရှိပါတယ်။ ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ကြမယ်ဆိုရင် ပိုပြီးစည်းလုံးလာကြပြီး ကြိုးစားအားထုတ်ကြမယ်ဆိုရင် သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အချမ်းသာဆုံးနိုင်ငံဖြစ်လာဖို့ မြေကြီးလက်ခတ်မလွဲလို့ ပြောလို့ရပါတယ်။ လွတ်လပ်ရေးကြိုးပမ်းစဉ်မှာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ကြလို့ တိုင်းပြည်လွတ်လပ်အောင်၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်အောင် ညီညီညွတ်ညွတ် ကြိုးစားခဲ့ကြတဲ့ မြန်မာတွေဟာ နယ်ချဲ့သွေးခွဲမှု၊ ပြည်ပကဝင်လာတဲ့ နိုင်ငံရေးအယူဝါဒတွေပေါ်မှာ တစ်ဖက်သတ် စွဲလမ်းပြီး လိုက်ပါရင်းနဲ့ လက်နက်ကိုင်တိုက်ခိုက် ကြရင်း ရောင်စုံသောင်းကျန်းမှုကြီးဖြစ်ခဲ့တာပါပဲ။ ဒါကြောင့် ငြိမ်းချမ်းညီညွတ်မှုကြီး လိုအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ဒီကနေ့ဟာ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်အခါသမယပဲ ဖြစ်ပါတယ်။ အခုလိုမင်္ဂလာရှိလှတဲ့ နှစ်သစ်မင်္ဂလာအခါသမယမှာ ဘုန်းဘုန်းအနေနဲ့ နှစ်သစ်မင်္ဂလာနှစ်ဦးဆုမွန် ပတ္ထနာပြုပေးပါမယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်သို့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတဲ့ အချိန်အခါမှာ ကမ္ဘာသူ ကမ္ဘာသား၊ နိုင်ငံသူ နိုင်ငံသားအားလုံး ဆရာတော်က ဆုတောင်းမေတ္တာများ ပို့သပါတယ်။ ကိုယ်စီကိုယ်င ကိုယ့်ဒေသ၌ ပျော်ကြစံရာ သတ္တဝါ ဟူသမျှတို့သည် အိပ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။ မင်္ဂလာ ကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်ရာ ကောင်းစွာမိုးသောက်အလင်းရောက်၍ ထမြောက်နိုးကြားနိုင်ကြပါစေကုန်သတည်း။ မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။ ကောင်းရာဖြည့် အလောင်းအလျာသိ ကောင်းရာဖြစ် သုံးဖြာဆယ်လီ ပါရမီအပေါင်းအကျင့်ကောင်းကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် မလင့်ပုံသွေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

ယနေ့ဟာ တစ်ကမ္ဘာလုံး အများသုံးဖြစ်တဲ့ ခရစ်နှစ် ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဦးအစ နှစ်သစ်မင်္ဂလာအခါသမယနေ့ ဖြစ်ပါတယ်။ ယခု ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယမှစ၍ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူပြည်သူများအပါအဝင် အားလုံးကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာချမ်းသာဘေးရန်ကွာပြီးတော့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်ဖြစ်ပါစေ။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်