Skip to main content

ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မေ ၁၅

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်းပြီး နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးကာ နွားများကိုပစ်သတ်ခဲ့ကြကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာနှင့် အနီးတစ်ဝန်းကျင်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် သတင်းအမှန်များ ရေးသားထုတ်လွှင့်ခြင်းမရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့်သာ ပြည်သူများကို သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ရှိရှိ ရေးသားဖြန့်ဝေနေပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။