Skip to main content

ညောင်ရွှေမှာ WFP က ထောက်ပံ့တဲ့ ဆန်အိတ်ကိုးရာကို စစ်ကောင်စီတပ် သိမ်းယူကြောင်း လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော် မေ ၁၅

လွတ်လပ်တဲ့အာရှအသံ (RFA) ၏ ဝက်ဘ်ဆိုက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် စံကားရွာ၌ ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပို့ဆောင်ပေးသော ဆန်အိတ်ကိုးရာကို စစ်ကောင်စီတပ်က မေလ ၅ ရက်နေ့မှာ သိမ်းယူထားပြီး မေလ ၁၅ ရက်နေ့အထိ ပြန်လည်ထုတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများမှ ပြောကြားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် စံကားရွာ၌ ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပို့ဆောင်ပေးသော ဆန်အိတ်ကိုးရာကို သိမ်းဆည်းသည့် သတင်းမှာ တရားမဝင်ပြည်ဖျက်မီဒီယာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်