နေပြည်တော် မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ဟိန်စွန်းကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၆၅ ဦးတို့ကို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဖျားနာရောဂါ၊ အရိုးအကြောရောဂါ၊ သွားရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို ခန္တီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်