Feb 10, 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ်တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရွှေဘုံသာလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အိန္ဒိယစင်တာ၌ ကျင်းပသည်။
Feb 10, 2024
Naypyitaw State Academy (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာအစားအစာ ဈေးရောင်းပွဲတော်နှင့်စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်အောက်၌ ကျင်းပသည်။
Feb 10, 2024
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်း ဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။
Feb 10, 2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရွှေပြည်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားနှင့် တပ်ကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဥတ္တရသီရိမြို့ဆက်လမ်းနှင့် ရှားတောကျေးရွာ ဆက်သွယ်သော ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား၊ တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာမှ သမဝါယမအသင်းသားတောင်သူများထံ မျိုး၊ သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာနေရာများ၌ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 10, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုသင်တန်း ကျောင်းဖြစ်သည့် Yun Nadi Oo Vocational Training Center သို့ ကွင်းဆင်းကြည့်ရှုအားပေးသည်။
Feb 10, 2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အကြိမ် (၂၀) မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာပုံဥယျာဉ်အတွင်း (၁၂ - ၈၀) လမ်းထောင့် ၌ ကျင်းပသည်။
Feb 10, 2024
ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကိုသိရှိလိုက်နာကျင့်သုံးရေးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေချိန်တွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအကျိုးစီးပွားကို အလေးထား၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
Feb 10, 2024
ပုဂံဟုဆိုသည်နှင့် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပေါ်ရှိ ပတ်လည်မိုင် ၂၀ ခန့် အကျယ်အဝန်းရှိသော လွင်ပြင်ပေါ်တွင် ပြန့်ကျဲတည်ရှိနေသည့် စေတီပုထိုးဂူကျောင်းများနှင့် ရှေးဟောင်းအဆောက်အအုံများကိုသာ မိမိတို့တွေးမြင်မိကြသည်ချည်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် ပုဂံတွင် စေတီပုထိုးများသာမက ရှေးဟောင်းရေကန်၊ ရေတွင်း၊ အင်းအိုင်၊ တူးမြောင်းများ၊ ရေလမ်းကြောင်းများနှင့် ပုဂံခေတ် ရေအသုံးချမှုစနစ်များသည်လည်း အမွေအနှစ်များအဖြစ် တည်ရှိနေကြသည်။ ပုဂံ၏ ရှေးခေတ်ရေအရင်းအမြစ်များ၊ ရေစီမံခန့်ခွဲမှုဆိုင်ရာ အထောက်အထားများနှင့် ရှေးခေတ်အမွေအနှစ်များသည်လည်း ပုဂံဒေသ၏ စေတီပုထိုးဂူကျောင်းများနည်းတူပင် အားလုံးက အလေးအနက်ထား ထိန်းသိမ်းစောင့်ရှောက်မှုပြုရန် လိုအပ်လျက်ရှိသည်။
Feb 09, 2024
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ ဌာနအသီးသီးရှိ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများ စုစုပေါင်း ၄၇ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 09, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့တွင်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Feb 09, 2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၌ လားရှိုးပြည်သူ့စစ် (ဌာနေ) အဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ ပြည်ထောင်စုအားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Feb 09, 2024
သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၅) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
Feb 09, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အကြိမ် (၃၀) မြောက် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 09, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Feb 09, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းက တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားကလေး ၂ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 09, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၁၆ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက်ပြေးနေရဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 09, 2024
မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် တရားမဝင် ဖုန်းရှာဖွေဖမ်းဆီးရမိသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ခေါ်သွားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို တိုက်ပိတ်အရေးယူခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတောင်းဆိုချက်အနေဖြင့် အချက် ၃ ချက်ကို လိုက်လျောပေးရန် အစာငတ်ခံဆန္ဒပြနေကြသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများဖြစ်သည့် DVB နှင့် Mizzima တို့မှ မဟုတ်မမှန် ရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။
Feb 09, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရန်ကုန်တိုင်းဒေသကြီး MSME ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ဥက္ကဋ္ဌ ဦးကံညွန့်နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ရှိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
Feb 09, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာ့ခရီးသွားဘဏ်မှ CEO ဦးဝင်းလွင်နှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်ရာတွင် ငွေကြေးပေးချေမှုကိစ္စရပ်များ လွယ်ကူအဆင်ပြေမှုရှိစေရေးအတွက် ဆွေးနွေးပြောကြားသည်။