Skip to main content

စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများ ဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဇူလိုင် ၁

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ ရှီးကျန်းဒေသ၏ ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation)သို့ တက်ရောက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ညန်ချီမြို့သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ယခုကျင်းပမည့်ဖိုရမ်ကို ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ညန်ချီမြို့၌ ကျင်းပမည်ဖြစ်ပြီး ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့်သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့် ကဏ္ဍသုံးခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်