Feb 13, 2024
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော အရေး (၃) ပါးသည် ပြည်ထောင်စုမြန်မာနိုင်ငံကြီး ထာဝရတည်ရှိမြဲမြံစေရန် လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်သည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံနှင့်သက်ဆိုင်သည့် အမျိုးသားအကျိုးစီးပွားတို့ ကိုယ်စီရှိကြပြီး အမျိုးသားအကျိုးစီးပွားထက် အရေးကြီးသည့် အရေးအရာသည် မရှိ။ အမျိုးသားအကျိုးစီးပွားထက် အရေးပါသည့်လုပ်ငန်းစဉ်သည်လည်း မရှိ။ အမျိုးသားအကျိုးစီးပွားနှင့် သက်ဆိုင်လာလျှင် နိုင်ငံသားတိုင်း ရှောင်လွှဲ၍မရ။ အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်ကာ အမျိုးသားရေးတာဝန်အဖြစ် ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြရသည်သာ။
Feb 12, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်တွင် တပ်မတော်က လူငယ်များကို ဦးတည်ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ယနေ့မြို့ပေါ်တွင် အသွားအလာမရှိဘဲ ခြောက်ကပ်နေကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင်လည်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် လူငယ်တချို့အဖမ်းခံရကြောင်း၊ ထို့ပြင် ယမန်နေ့ နံနက်ပိုင်း မုံရွာ- မန္တလေး လမ်းပေါ်တွင် လူငယ် ၄၀ ကျော်ထက်မနည်းကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး ပေါ်တာဆွဲသည်ဟု ပြောဆိုခဲ့သဖြင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေကြသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 12, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်းသို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တပ်မတော်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့ ဘုရားဖြူ အထက်တန်းကျောင်းအရှေ့ဘက်၊ အောင်ချမ်းသာရပ်ကွက်အတွင်း မီးလောင်ခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၇ လုံးနှင့် ပြည်သူ့နေအိမ် အလုံး ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့သည်ဟု မဟုတ်မှန်သတင်းများကို ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Feb 12, 2024
၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
Feb 12, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Feb 12, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 12, 2024
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Feb 12, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၄-၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၂-၂၀၂၄) ရက် နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၉၈၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Feb 12, 2024
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအား စေတနာရှင်ပြည်သူများက ဒုတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။
Feb 12, 2024
ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၈၀ မှ ပြည်သူ ၆၁၉ ဦး၊ လပွတ္တာမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၂ ခုမှ ပြည်သူ ၅၁၀ စုစုပေါင်း ၁၁၂၉ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲ ပေးလေ့လာကြသည်။
Feb 12, 2024
(၂၅)ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကို ယမန်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ “ပျားမွေးမြူရေးနှင့် နေကြာသီးနှံအထွက်တိုးရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ လယ်ယာကဏ္ဍဆိုင်ရာဦးစီးဌာနများ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာတက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ ပျဉ်းမနားမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ဆွေးနွေးကြသည်။
Feb 12, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 12, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ၌ ဖေဖော်ဝါရီ ၈ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်း သစ် ၂၇ ဒသမ ၁၈၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၂၉၆၅၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ပဲခူးမြို့ နာရီစင်ပန်းခြံအနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Dexin Calculator ၃၀ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၅၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan AD Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၂၉၄၆၅၂ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
Feb 12, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် Quick Win ဖြစ်စေမည့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာများကို ဖြန့်ဝေပေးနိုင်ရေးနှင့် ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မြေတောင်မြှောက် ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး သိပ္ပံလက်တွေ့ခန်းများ၌ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့သင်ခန်းစာများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနနှင့် မြို့ပြအင်ဂျင်နီယာဌာန အလုပ်ရုံများ၌ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
Feb 12, 2024
Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာရေအောက်ဖိုင်ဘာ ကေဘယ်ဆက်ကြောင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်သွယ်တန်းနိုင်ရန်အတွက် ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို တိုင်းတာရေးသင်္ဘော R.V.EGS SURVEYOR ဖြင့် မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း ဆောင်ရွက်သွားမည့် ဧရိယာများဖြစ်သော မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇.၆၆၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၃.၀၄၉ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀.၉၂၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၆.၂၀၂ မိနစ်တွင် မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၂.၃၈၈ မိနစ်၊
Feb 12, 2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများစိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှု ဝယ်ယူကြသည်။
Feb 12, 2024
နိုင်ငံစီးပွားရေးအထောက်အကူပြု အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs)လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံ၊ ပန်းမန်ပြပွဲနှင့် MSMEs ဒေသထုတ်ကုန် စျေးရောင်းပွဲတော်ကို အရောင်းပြခန်း ၄၅ ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါစျေးရောင်းပွဲတော်သို့ လာရောက်ခင်းကျင်းပြသသည့် ဒေသထုတ်ကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းမှုမှရင်တွင်းစကားသံများ ဖော်ပြလိုက်ပါသည်-
Feb 12, 2024
ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်နမှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၀ မှ ပြည်သူ ၆၁၉ ဦး၊ လပွတ္တာမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၂ ခုမှ ပြည်သူ ၅၁၀ စုစုပေါင်း ၁၁၂၉ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။
Feb 12, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ပါမောက္ခအထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
Feb 12, 2024
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) သုံးစီးဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များမှ လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။