Feb 11, 2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာ အစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ပြည်သူများစိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လေ့လာကြည့်ရှုဝယ်ယူကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
Feb 11, 2024
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ဖွင့်ပွဲအခမ်းအနား၌တက်ရောက်လာကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ပြည်ထောင်စုစိတ်ဓာတ်နှင့် စပ်လျဉ်းသည့် ရင်တွင်းစကားသံတို့ကို စုစည်းဖော်ပြလိုက် ပါသည်။
Feb 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအားဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။
Feb 11, 2024
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဉပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဖွင့်လှစ်သည်။
Feb 11, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ၆၀ မီတာ ဘက်စုံသုံး ဗော်ယာ မ/ချ ရေယာဉ် (60M Multipurpose Buoy Handling Vessel) ("ဂန္ဓ"ရေယာဉ်) (၁) စီး၊ မြေတူးမြေခံရေယာဉ် (၂) စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေယာဉ် (Habour Launch) (၃) စီး၊ စုစုပေါင်း ရေယာဉ် (၈) စီး လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံ တံတား၌ ကျင်းပပြုလုပ်သည်။
Feb 11, 2024
(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့တွင် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
Feb 11, 2024
ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံများသည် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး၊ နိုင်ငံနှင့်လူမျိုး မြင့်မားတိုးတက်ရေးကို တက်ညီလက်ညီ ဝိုင်းဝန်းတည်ဆောက်နေကြသည်။ နိုင်ငံအများစုတွင် အယူအဆ၊ ယုံကြည်ချက် သဘောကွဲလွဲမှုတို့ကိုအကြောင်းပြု၍ ပဋိပက္ခအမျိုးမျိုးကြုံတွေ့ဖူးသည်။ အချို့ဆိုလျှင် ပဋိပက္ခများကြောင့် နိုင်ငံတစ်ခုလုံး ပြာဘုံဘဝရောက်ရှိခဲ့ပြီးမှ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်၍ နိုင်ငံပြန်လည်ဦးမော့လာအောင် တစ်စိတ်တစ်ဝမ်းတည်း ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည်။
Feb 11, 2024
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို အီရတ်အာဏာပိုင်များနှင့်ညှိနှိုင်း၍ နိုင်ငံတော်အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။ အီရတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရင်း အကျပ်အတည်းများတွင် ပိတ်မိနေခဲ့ကြသူများမှာ ရခိုင်ပြည်နယ်စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့တို့မှ ရခိုင်တိုင်းရင်းသူ အမျိုးသမီးငယ်များ ဖြစ်ကြသည်။
Feb 10, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Feb 10, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Feb 10, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Feb 10, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Feb 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့်ထုတ်ပြန်ကြောင်းသိရသည်။ စတင်အာဏာသက်ဝင်လာပြီဖြစ်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂၇/၂၀၁၀ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ ယခုကဲ့သို့စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်သည်။
Feb 10, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိအမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုရာ လုပ်ငန်းတာ ဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦးက ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ရန်လိုအပ်ချက်များကို မှာကြားသည်။
Feb 10, 2024
နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 10, 2024
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာအောင်ဝင်း ဦးဆောင်သော နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် သီးနှံစုံ အကန့်လိုက် စိုက်ပျိုးနည်းစနစ် တောင်သူပညာပေး သရုပ်ပြစိုက်ခင်းသို့ လာရောက်လေ့လာကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နည်းပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပြောကြားသည်။
Feb 10, 2024
မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
Feb 10, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ နယ်စပ်ကုန်သည်များအသင်းရုံး၌ ဌာနဆိုင်ရာများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Feb 10, 2024
၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခ လွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။