Feb 08, 2024
မူးယစ်မေ့လျော့စေတတ်သည့်အရာများ ရောင်းဝယ်ဖောက်ကားမှုကို မိစ္ဆာဇီဝခေါ် မကောင်းသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လူသားတို့ကိုးကွယ်ရာ ဘာသာကြီးများက သတ်မှတ်ထား ကြသည်။ ထို့အပြင် ရှေးခေတ်မှသည် မျက်မှောက်ခေတ်အထိ အုပ်ချုပ်သူ မင်းအစိုးရအဆက်ဆက်တို့က တရားမဝင်အဖြစ် ပိတ်ပင်တားမြစ်ခဲ့ကြသော်လည်း အကျိုးအမြတ်လွန်စွာကြီးမားလှသည့် မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းများမှာ ရာစုနှစ်များ ကြာခဲ့ပြီဖြစ်သည့် ပစ္စုပ္ပန်ကာလတိုင် ပျောက်ပျက်မသွား။
Feb 07, 2024
စ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
Feb 07, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် (၂၅၀) နေ ဦးကျော်လွင် (ဘ) ဦးအလီသည် တရားမဝင် Online လောင်းကစားမှုများပြုလုပ်ခြင်း၊ ယင်းတရားမဝင် လောင်းကစားမှုများမှရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာတွေ့ရှိရခြင်းများကြောင့် ၎င်းကို ဥပဒေအရအရေးယူရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
Feb 07, 2024
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ၄ နာရီခန့်တွင် တပ်ရင်း၏ မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှနေ၍ Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်းတွင် မြို့ဆိုးတံတားလုံခြုံရေးစခန်းနှင့် နှစ်တန့်ကူးတံတားလုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
Feb 07, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ (၁၇၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
Feb 07, 2024
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ကျင်းပရာ ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Feb 07, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးမြတ်သွင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ်ရှိ အနုဇီဝဗေဒလက်တွေ့ခန်းနှင့် အဏ္ဏဝါသိပ္ပံဌာနများတွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Feb 07, 2024
(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။
Feb 07, 2024
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် လူနှစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်အား ဖြန့်ဝေလျက်ရှိပြီး ၎င်းလုပ်ရပ်အား ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြလျက်ရှိသည်။
Feb 07, 2024
ရှမ်းပြည်နယ် ညောင်ရွှေမြို့ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
Feb 07, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 07, 2024
တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များသည် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ဘောင်အတွင်း စနစ်တကျဖြစ်စေရန်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ခန့်မှန်းခြေစာရင်းများ တွက်ချက်ရာတွင် ကွဲလွဲချက်များ မရှိစေရေး သတ်မှတ်ချက်အတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ခြင်းဖြစ်ကြောင်း ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ စုဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ (၁/၂၀၂၄) နှင့် ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားသည်။
Feb 07, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Feb 07, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်သို့ရောက်ရှိကာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်နားလည်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့တက္ကသိုလ်ရှိ စာကြည့်တိုက်ကို အကျိုးရှိရှိအသုံးချပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများရှိလာအောင်၊ ထူးချွန်သူများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
Feb 07, 2024
ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ပဒံကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်း စုပေါင်းရုံးအဆောက်အအုံ အမှတ် (၂) ရှိ ရုံးနေရာ၌ ကျင်းပသည်။
Feb 07, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ စက်မှုနယ်မြေရှိ အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ပုံမှန်တစ်နှစ်သင်တန်း ဖွင့်လှစ်နေမှုကိုလည်းကောင်း၊ နည်းပြဆရာမတစ်ဦးက ပုံမှန်တစ်နှစ်သင်တန်းများတွင် လေ့ကျင့်သင်ကြားမှုစနစ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
Feb 07, 2024
(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား၊ ဖျာပုံမြို့နယ် သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားဖွင့်ပွဲအခမ်းအနားနှင့် ကျိုက်လတ်မြို့နယ် ဂွေးချောင်းကြီး တံတားဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာနေရာများ၌ ကျင်းပသည်။
Feb 07, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ မြောက်ရှားတော တောင်သူ ဦးခင်မောင်လွင်၏ ကျေးရွာရှိ ဆောင်းသီးနှံသုံးဧက အာလူးစံပြကွက်ကို ကြည့်ရှုအားပေးသည်။
Feb 07, 2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 07, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမျိုးသမီးနှင့် ကလေးဆေးရုံ (တောင်ကြီး) သို့ ရောက်ရှိပြီး ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ဆဲ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။