Feb 12, 2024
မနေ့ကတော့ ကျွန်တော်တို့ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိကြောင်း တွေ့ရပါတယ်။ ဒီကြားထဲမှာထုံးစံအတိုင်းပေါ့၊ ပြည်ဖျက် မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီအပေါ်မှာအဆိုးမြင်ဝါဒနှင့် ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်နေတာတွေ၊ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ပျက်ပြားအောင် လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေ တစ်နည်းအားဖြင့် အမျိုးသားစစ်မှုထမ်းစနစ်နှင့်ပတ်သက်ပြီး ပြည်သူလူထုပိုမိုသိရှိနိုင်စေဖို့ ပြောပြလိုပါတယ်။ နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံကိုချစ်ကြပါတယ်။ မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်ကြပါတယ်။ သူများ နိုင်ငံတွေထက် မိမိနိုင်ငံကိုသာစေချင်တယ်။ ဒါဟာနိုင်ငံချစ်စိတ်ပါ။ ကောင်းပါတယ်။ ဒါဆိုရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘာလိုသလဲ။ အဓိကအခြေခံအကျဆုံး လိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးပါ။ တည်ငြိမ်အေးချမ်းမှပဲ ကောင်းစွာစီးပွားရှာလို့ရမယ်။ တည်ငြိမ်အေးချမ်းမှလည်း ကောင်းစွာသွားလာလို့ရမယ်။ နေထိုင်လို့ရမယ်။ တိုးတက်အောင်လုပ်လို့ရမယ်။ တည်ငြိမ်အေးချမ်းဖို့ ဘာလိုသလဲ။ ပြည်သူတွေဘဝ လုံခြုံဖို့လိုပါတယ်။ လုံခြုံရေး၊ ကာကွယ်ရေးအင်အား ကောင်းဖို့လိုပါတယ်။ နိုင်ငံတစ်ခုမှာ ရိုသေခန့်ညားလောက်တဲ့ လုံခြုံရေးအင်အား၊ ကာကွယ်ရေးအင်အားမရှိဘဲနဲ့ ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုဆိုတာ မရှိနိုင်ပါဘူး။
Feb 12, 2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေး သိပ္ပံကျောင်းဝင်းအတွင်းရှိ ဓာတ်ခွဲခန်းအဆောက်အအုံသစ်၌ ကျင်းပသည်။
Feb 12, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
Feb 12, 2024
ယနေ့ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် နိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ကြသော ပြည်ထောင်စုဖွားတိုင်းရင်းသားသွေးချင်းညီအစ်ကို မောင်နှမများအားလုံး ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Feb 12, 2024
ယနေ့သည် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်ကြောင်း သက်သေထူပြနိုင်သည့် နေ့ဖြစ်သည်။ တစ်နည်းဆိုလျှင် လွတ်လပ်ရေးအတွက် ပြည်ထောင်စုသန္ဓေကို အခိုင်အမာမျိုးစေ့ချသည့်နေ့ဖြစ်သည်။
Feb 12, 2024
ယနေ့သည် တောင်ပေါ်မြေပြန့်မကျန် နိုင်ငံတစ်ဝန်းလုံး လွတ်လပ်ရေးရယူနိုင်ရေးအတွက် တစ်စည်းတစ်လုံးတည်းသော ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူကာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့တွင် သမိုင်းဝင်ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည့် (၇၇) နှစ်ပြည့်မြောက်သော နေ့ထူးနေ့မြတ်ဖြစ်သည်။ ထို့အပြင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့သည့် ၇၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော မိမိတို့နိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေမှာ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုအားလုံး တစ်ခဲနက်စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေချိန်လည်းဖြစ်သည်။
Feb 11, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ပြုလုပ်ရာ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တတိက္ခသာရအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
Feb 11, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဖေဖော်ဝါရီ ၁၀ ရက်နှင့် ယနေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ဦးစီးပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုသရေးဆေးအဖွဲ့က မြိတ်မြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Feb 11, 2024
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Feb 11, 2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများ စုစုပေါင်း ၉၉ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 11, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာအနီး မန္တလေး-မုံရွာသွား ကားလမ်းအပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခရီးသွားပြည်သူ ၄၀ ဦးခန့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့သည်ဟူ၍ လည်းကောင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ညနေ ၃ နာရီခန့်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟူ၍လည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 11, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ ပျဉ်းမနားမြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ဘက်စုံစိုက်ပျိုးရေးနှင့် မွေးမြူရေးခြံသို့ သွားရောက်ပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်နှင့် Big M Group Services ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ ရုရှားသဘာဝမြေဩဇာများအသုံးပြုကာ ဧက ၄၀ ကျော်တွင် စိုက်ပျိုးထားရှိသော ထိုင်းအစေ့ထုတ်ပြောင်းမျိုး (GT-200 ၊ GT-822 ၊ GT-722) စိုက်ပျိုးထားရှိမှု၊ နှမ်း(Black 7) မျိုးစိုက်ပျိုးထားရှိမှု၊ မတ်ပဲနှင့်နေကြာ စိုက်ပျိုးထားမှု၊ ရုရှားသဘာဝမြေဩဇာကို အသုံးပြု၍ ထိုင်းနှံကောက်စပါးမျိုးဖြင့် နွေစပါးစိုက်ပျိုးထားမှုနှင့် ကြက်ကောင်ရေ ၄၀၀၀ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Feb 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဌာနများမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆူးလေအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဝင်းအတွင်းရှိ ဆူးလေဆိပ်ကမ်း တံတားအမှတ်(၇)တွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၀၀၀ ကျော် တင်ပို့မည့် MV. VTC PHOE NIX သင်္ဘောပေါ်သို့ ဆန်တင်လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး ဆူးလေဆိပ်ကမ်းတံတားအမှတ် (၂) နှင့် အမှတ် (၅) တို့တွင် စပိန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သို့ တင်ပို့ရန် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ သင်္ဘောများပေါ်သို့ တင်ဆောင်ခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Feb 11, 2024
လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့/ရွာများနှင့် နိုင်ငံတော်ပိုင်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အားမထောက်ခံသည့် ဒေသခံပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လမ်း/ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
Feb 11, 2024
KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေးထုတ်နုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့ကို တိုက်ခိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့် လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ပါသည်။
Feb 11, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီးဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပစ္စည်းစီမံရေးဌာန(စတို)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 11, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန မြိတ်ကုန်သွယ်ရေးစခန်းတို့မှ တာဝန်ခံရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)များ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်သွယ်မှုများ ပပျောက်စေရေးအတွက် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
Feb 11, 2024
ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကတော့ ယခုမှ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်ကတည်းကတိုင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ရှိပါတယ်။ အဲ့ဒီနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ဥပဒေအမှတ် ( ၂၇ / ၂၀၁၀ ) နဲ့ ၁၉၅၉ ပြည်သူ့ စစ်မှုထမ်းဥပေဒေကိုပြင်ဆင်ပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အခန်း ၈ ခန်း ပါပါတယ်။ ဒီအခန်း ၈ ခန်းထဲမှာ အရေးကြီးတဲ့ဟာတွေကိုပဲ ကျွန်တော်ထုတ်နုတ်ပြီး ပြောလိုပါတယ်။ အခန်း ၁ မှာတော့ စစ်မှုထမ်းရမယ့် ကာလတွေ၊ ဒီစစ်မှုထမ်းရမယ့် ကာလတွေမှာ ဒီစစ်မှုထမ်းရမယ့် အသက်အရွယ်တွေ၊ ကာလတွေ၊ စစ်မှုထမ်းရမယ့် အသက်အရွယ်အနေနဲ့ နိုင်ငံသားတိုင်း အမျိုးသားဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မကျော်သေးတဲ့သူတွေ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ကတော့ အမျိုးသားအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးတဲ့သူတွေအားလုံးသည် စစ်မှုထမ်းဆောင်ဖို့အတွက် တာဝန်ရှိပါတယ်။ စစ်မှုထမ်းဆောင်ရမယ့်ကာလကတော့ ၂၄ လ (နှစ်နှစ်) ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ ၃၆ လ (သုံးနှစ်) ဖြစ်ပါတယ်။
Feb 11, 2024
ဧရာဝတီတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၁၄၇ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
Feb 11, 2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့် စက်ယန္တရားနှင့် နည်းပညာများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုလေ့လာလျက် ရှိကြသည်။