Feb 09, 2024
ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးမက အများအပြားစုပေါင်း နေထိုင်ကြသော နိုင်ငံများစွာရှိသည်။ နိုင်ငံ၏ဖွဲ့စည်းတည်ဆောက်ပုံအရ တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့် နိုင်ငံများရှိသလို ပြည်ထောင်စုစနစ်ကျင့်သုံးကြသည့် နိုင်ငံများလည်းရှိကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးကြရာတွင် ပြည်ထောင်စုအစိုးရ(ဝါ)ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အခြေခံဥပဒေဖြင့် အာဏာပိုင်းခြားခွဲဝေသတ်မှတ်ပေးထားခြင်းဖြစ်သည်။
Feb 08, 2024
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီလ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှလေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူကာ အောင်မြင်စွာဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည်တွန်းလှန်တိုက်ထုတ်ခဲ့သည်ကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Feb 08, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 08, 2024
မုံရွာမြို့နယ်၊ ကြိုးကြာကန်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 08, 2024
တပ်မတော်က ပြည်နယ်နှင့်တိုင်းအသီးသီးရှိ စစ်မှုထမ်းဟောင်း ၂၀၀၀ ဦး ဝန်းကျင်ကို နေပြည်တော်သို့ခေါ်ယူထားပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်ပေးကာ ရှေ့တန်းသို့ အကူတပ်များအဖြစ် စေလွှတ်မည်ဟု မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 08, 2024
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို တပ်မတော်က ဖေဖော်ဝါရီ ၇ ရက်တွင် လေကြောင်းမှ အဆိပ်ငွေ့ဗုံးများသုံးကာ တိုက်ခိုက်ခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 08, 2024
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦးကို တပ်မတော်က ပစ်သတ်ခဲ့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 08, 2024
လက်နက်ကိုင်သောင်းကျန်းသူများ၊ အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများနှင့် ရိုးသားစွာ စီးပွားရှာဖွေလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား လက်နက်အားကိုး၍ နိုင့်ထက်စီးနင်းပြုကာ အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ဓါးပြတိုက်ခြင်းနှင့် အခွန်ကောက်ခံသည်ဟု အကြောင်းပြကာ မတရားဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏လိုလားချက်အပေါ် လိုက်ပါဆောင်ရွက်ခြင်းမရှိပါက လူပြန်ပေးဆွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
Feb 08, 2024
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိပါသည်။
Feb 08, 2024
ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှုထမ်းဟောင်းဟောင်းအဖွဲ့ဝင်များနှင့် ကြီးကြပ်သူများ စုစုပေါင်း ၇၉ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 08, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် (ကြာသပတေးနေ့) ၀၀၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
Feb 08, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင်၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် နှစ်ရှည်ပင်ဖြစ်သည့် ဇီးချိုသီးပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသည်။
Feb 08, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစု အဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိသည်။
Feb 08, 2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ရန် နေပြည်တော်၌ ရောက်ရှိနေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ ဒုတိယနေ့အဖြစ် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆက်လက်လေ့လာကြသည်။
Feb 08, 2024
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဖေဖော်ဝါရီ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းသို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် မြောင်းမြမြို့ရှိ မြောင်းမြအကျဉ်းထောင်သို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ လပွတ္တာလူငယ့် အားမာန်သင်တန်းကျောင်းသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Feb 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍတွင် အဓိကကျသည့် သီးနှံစိုက်ပျိုးသည်မှ ကုန်ချောဖြစ်သည်အထိ သီးနှံကွင်းဆက်တစ်ခုလုံး ဆောင်ရွက်ရန်လိုအပ် ချက်များအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် အရာထမ်း၊ အမှုထမ်းများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။
Feb 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ဖေဖော်ဝါရီ ၅ ရက်က ပျော်ဘွယ်မြို့နယ်ရှိ DOA-OISCA စိုက်ပျိုးရေးနှင့် ခေါင်းဆောင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။
Feb 08, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်း–ဝက်စုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
Feb 08, 2024
နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေသော်လည်း AA အကြမ်းဖက်အဖွဲ့အနေဖြင့် မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်စုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာသို့ ရောင်းဝယ်ဖြန့်ဖြူးနေမှုများကို မိဘပြည်သူများသိရှိစေရန် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ AA အကြမ်းဖက်အဖွဲ့မှ ၎င်းတို့၏ လူ/လက်နက်၊ ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းနိုင်ရေးနှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားများအတွက် တရားမဝင်ဘင်္ဂါလီခိုးဝင်မှုများကို ဥပဒေနှင့်မညီဘဲ အခကြေးငွေရယူကာ ဆောင်ရွက်လာခဲ့ကြပါသည်။ ယခုလို ဘင်္ဂါလီခိုးဝင်မှုများကို AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ မင်းခန့်၏စေခိုင်းမှုဖြင့် ဘင်္ဂါလီပွဲစားများနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သူ၊ AA အဖွဲ့တွင် ရိက္ခာနှင့် စက်သုံးဆီများပို့ရန် သင်္ဘောဝယ်ယူခဲ့သူ၊ ကိုယ်တိုင်ရိက္ခာများ ဝယ်ပို့ခဲ့သူ ဇော်မင်းထွန်း (ခ) စိုးမိုးလင်း (ခ) ကိုညီ (ဘ) ဦးကျော်သန်းမြင့်နှင့် သာလီစွမုန့်တီဆိုင်ပိုင်ရှင် အနုပညာရှင် ရခိုင်အဆိုတော် လှမောင်သိန်း (ခ) ဘိုဝိုင်း (ဘ) ဦးကျော်လှတို့၏ ဝန်ခံထွက်ဆိုချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-