Oct 02, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း(၁၂)ခုရှိရာ အောက်တိုဘာ ၁ ရက်၌ ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၁၅) ပေနှင့် ငလိုက်ရေလှောင်တမံတွင် (၀ ဒသမ ၀၅) ပေ ကန်ရေပြည့်အမှတ်အထက်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယဉ်ပါက ရေကျော် စီးဆင်းမှုအခြေအနေမှာ လျော့ကျလာလျက်ရှိသည်။
Oct 02, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Oct 02, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်း တိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 02, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရုံး၌ စာပေ၊ ရုပ်ရှင်၊ ဂီတတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စာဆိုဗိမာန်တည်ဆောက်ပြီးပါက အခန်းများဖွဲ့စည်းမှုနှင့် ခင်းကျင်းပြသမှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။
Oct 02, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၉ ရက်က ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)သို့ ရောက်ရှိပြီး သတင်းအချက်အလက်သိပ္ပံဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာ မဟာဌာန၊ တိကျစက်ပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာမဟာဌာန၊ အဆင့်မြင့်ဒြပ်ပစ္စည်းအင်ဂျင် နီယာမဟာဌာနတို့မှ ခင်းကျင်းပြသထားသည့် သုတေသနလုပ်ငန်းများ၏ရလဒ်များနှင့် ကွန်ပျူတာအင်ဂျင်နီယာဌာန၊ e-learning Center ရှိ Multimedia Stereo Room တို့ကို ကြည့်ရှုစစ်ဆေးသည်။
Oct 02, 2024
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးစက်မှုဇုန်အတွင်းရှိ Aung Sein Textile ကုမ္ပဏီ ချည်မျှင်နှင့် ချည်ဆေးဆိုးစက်ရုံသို့ ရောက်ရှိပြီး စီလွန်ချည် (Acrylic Yarn) များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ချည်မျှင်ဆေးဆိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Oct 02, 2024
၁။ မိမိတို့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်မူကို လက်ခံထားပါသည်။ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးသည်မှ ယနေ့ထိတိုင်းပြည်တစ်ဝန်းတွင် ယမ်းငွေ့များဝေလျက်ရှိပါသည်။ တိုင်းပြည်ငြိမ်းချမ်းမှသာ နိုင်ငံတိုးတက်မည်ဖြစ်သောကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရှေးရှုလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း ပြုလုပ်ခဲ့ပါသည်။
Oct 02, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကိုထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအား လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
Oct 02, 2024
ရေကြီးရေလျှံခဲ့မှုများနှင့်စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက် ဆန်းစစ်ရေး၊ ဘေးအန္တရာယ်ပြမြေပုံများ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံများ ပြုစုထုတ်ဝေရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 02, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ပေါ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့ ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့််အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။